ကမ္ဘာ့ဖလား ပေါ်တူဂီ နာမည်ကျော် ဂန္ထဝင် ကစားသမားကြီး လူးဝစ္စ ဖီဂို ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသက် ၄၂ နှစ် အရွယ်ထိတောင် ဂိုးတွေ သွင်းယူနိုင်လိမ့်ဦးမယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ ဖီဂိုက သူ့ရဲ့ နိုင်ငံ လက်ရွေးစင် အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသက်အရွယ် ရလာခဲ့သည့် တိုင်အောင် ခြေစွမ်း ကျဆင်းသွားခြင်း မရှိပဲ အသက် ၄၂ နှစ် အရွယ်အထိ ကစားပြီး ဂိုးတွေ သွင်းနိုင်မယ်လို့ သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၄၀ အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ပွဲတိုင်းလိုလို ဂိုးသွင်းနေပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အတွက်လည်း အားခဲနေသူ ဖြစ်ပါတယ်။
ဖီဂိုက “သူ ကမ္ဘာ့ဖလားမှာ ပွဲထွက် ကစားသမား ဖြစ်နိုင်ပါတယ်။ အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်လာမလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့် ခရစ္စတီယာနိုက ကြံ့ခိုင်မှု ပရော်ဖက်ရှင်နယ် ပီသမှု၊ အရည်အချင်းတွေနဲ့ ပတ်သက်လာရင်တော့ အမြဲတမ်း ကမ္ဘာ့ စံပြ တစ်ယောက်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖီဂိုက “ပြီးတော့ သူက အမြဲတမ်း ဂိုးသွင်းနိုင်လိမ့်မယ်လို ကျွန်တော် ထင်တယ်။ အသက် ၄၂ နှစ်မှာတောင် သူက ဂိုးတွေ အမြဲသွင်းနိုင်ပါလိမ့်မယ်။ အဲ့ဒီဂိုးတွေက အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုးတွေ ဟုတ်မဟုတ်တော့ ကျွန်တော် မသိဘူး။ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ ပေါ်တူဂီတွေ အတွက်တော့ အမြဲတမ်း အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုးတွေ ဖြစ်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အကယ်၍ ပေါ်တူဂီသာ ခြေစစ်ပွဲ အောင်မြင်ပြီး ရော်နယ်ဒို အနေနဲ့လည်း အသင်းရဲ့ အစီအစဉ်ထဲမှာ ဆက်ရှိနေခဲ့မယ် ဆိုရင်တော့ ကမ္ဘာ့ဖလားကို ၆ ကြိမ်မြောက် ပါဝင် ကစားတဲ့ ဘောလုံးသမိုင်းရဲ့ ပထမဦးဆုံး ကစားသမား အဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်မှာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံးသမား ဘဝ ကနေ အနားမယူခင်မှာ ကမ္ဘာ့ဖလား အောင်မြင်မှု ရယူချင်နေပြီး နောက်ထပ် သွင်းဂိုးတွေ စံချိန်တွေလည်း ထပ်မံ ချိုးဖျက်ချင်နေသေးသူ ဖြစ်ပါတယ်။
ဘယ်လွန်ဒေါ ၅ ကြိမ် ရရှိထားတဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ လက်ရှိ အချိန်ထိ ခြေစွမ်း ကျဆင်းသွားခြင်း မရှိသေးပပဲ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက်လည်း ဒီရာသီမှာ သွင်းဂိုး ၃၀ ကျော် သွင်းယူပေးထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ပေါ်တူဂီ အတွက်လည်း ၂၁၉ ပွဲ ပါဝင်ကစားပြီး ၁၃၆ ဂိုး သွင်းကာ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူဖို့ အစီအစဉ် မရှိသေးပါဘူး။ ပရိသတ်တွေနဲ့ ပေါ်တူဂီ အသင်းဖော်တွေ ကတော့ ရော်နယ်ဒို အနေနဲ့ လက်ရွေးစင် အသင်းခေါင်းဆောင် အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ မျှော်လင့်နေကြပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိမှာ ကစားသမားဘဝ သွင်းဂိုး ၉၃၃ ဂိုး အထိ ရရှိထားပြီးတော့ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ရည်မှန်းထားတယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောကြားထားပါတယ်။ ရော်နယ်ဒိုဟာ အဲလ်နာဆာနဲ့ မကြာခင်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဆော်ဒီပရိုလိဂ် ကလပ် ဘက်ကတော့ သူ့ကို အနည်းဆုံး ၂ဝ၂၆ ခုနှစ် နွေရာသီ အထိ သက်တမ်းတိုးဖို့ ကြိုးပမ်းနေပါတယ်။ ရော်နယ်ဒို အနေနဲ့ အဲလ်နာဆာနဲ့ စာချုပ်သက်တမ်း တိုးပြီးခဲ့ရင်လည်း ကမ္ဘာ့ပေါ်က လုပ်ခလစာ အများဆုံး ရရှိတဲ့ ဘောလုံးသမား အဖြစ် ဆက်လက် ရပ်တည်နိုင်ဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.