အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ မကြာခင် နှစ်ပိုင်း အတွင်း နိုင်ငံ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောကြားလာခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီက လာမယ့် စက်တင်ဘာလမှာ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေဟာ သူ့ အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ဖြစ်တာကြောင့် အလွန်ထူးခြားလိမ့်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ မက်ဆီက ကစားသမား ဘဝ ကနေ ဘယ်အချိန်မှာ အနားယူမလဲ ဆိုတာ အတည်ပြုထားခြင်း မရှိသေးပေမယ့် နောက်ထပ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားတော့မှာ မဟုတ်ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း ၂၀၂၆ ကမ္ဘာ့ဖလား ကစားချိန်မှာ မက်ဆီရဲ့ အသက်ဟာ ၃၉ နှစ် ရှိနေမှာ ဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလား ဆိုရင်တော့ ၄၃ နှစ်ကျော်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကမ္ဘာ့ဖလားဟာ အင်တာမိုင်ယာမီ ကစားသမား အတွက် နိုင်ငံ့ လက်ရွေးစင် ကစားသမား ဘဝ နောက်ဆုံးသော ပြိုင်ပွဲကြီး ဖြစ်ဖို့ များနေပြီလည်း ဖြစ်ပါတယ်။
တောင်အမေရိကဇုန်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေဟာ လာမယ့် စက်တင်ဘာလ အတွင်း အဆုံးသတ်တော့မှာ ဖြစ်ပြီး အာဂျင်တီးနား ကတော့ ပွဲအကုန် မကစားရသေးခင် မှာပဲ ခြေစစ်ပွဲ အောင်မြင်ထားပြီးသား ဖြစ်ပါတယ်။ အာဂျင်တီးနားက လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ ဗင်နီဇွဲလားနဲ့ အိမ်ကွင်း၊ စက်တင်ဘာလ ၉ ရက်နေ့မှာ အီကွေဒေါနဲ့ အဝေးကွင်း ပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ကတော့ မက်ဆီရဲ့ နောက်ဆုံး အိမ်ကွင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဖြစ်တဲ့ ဗင်နီဇွဲလားနဲ့ ပွဲရဲ့ လက်မှတ် စျေးနှုန်းတွေကို တိုးမြှင့်ဖို့ စီစဉ်နေပါတယ်။

ဗင်နီဇွဲလားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပေါ် မက်ဆီက အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော့် အတွက် အလွန့်အလွန် ထူးခြားတဲ့ပွဲ ဖြစ်လာမှာပါ။ ဘာကြောင့်လဲ ဆိုတော့ နောက်ဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ကျွန်တော့် မိသားစုက အဲဒီမှာ ကျွန်တော်နဲ့ အတူ ရှိနေပါလိမ့်မယ်။ ကျွန်တော့် ဇနီး၊ ကျွန်တော့်ရဲ့ ကလေးတွေ၊ ကျွန်တော့်ရဲ့ မိဘတွေနဲ့ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမတွေပါ ရှိနေမှာပါ။ နောက်တော့ ကျွန်တော် ပြောသလိုပဲ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာတော့ မသိပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ဗင်နီးဇွဲလားနဲ့ ကစားအပြီး ၅ ရက် အကြာမှာပဲ အီကွေဒေါနဲ့ အဝေးကွင်း ပွဲစဉ် ကစားဖို့ ဂွါရာကီးက Estadio Monumental Banco Pichincha ကို သွားရောက်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဂျင်တီးနားက ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) အုပ်စု ပွဲစဉ် ၁၆ ပွဲ ကစားရာမှာ ၁၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲ ရှုံးထားပြီး ရမှတ် ၃၅ မှတ် ရရှိထားပါတယ်။ ဒါ့အပြင် အာဂျင်တီးနားဟာ အဆင့် ၂ နေရာက အီကွေဒေါ ကို ၁၀ မှတ် အထိ ဖြတ်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.