နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖိတ်ခေါ်ဖလား နိုင်ပွဲ ကိုယ်စီ ရခဲ့တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ရာသီ အဖွင့်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီလား | ပရီးမီးယားလိဂ်

ညက ယှဉ်ပြိုင်ကစားသွားတဲ့ ဖိတ်ခေါ်ခြေစမ်းပွဲတွေ မှာတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြပါတယ်။ ဒီနှစ်သင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပြီး နှစ်ဖက်အသင်း ပရိသတ်တွေ အတွက်တော့ ရင်ခုန်စရာ ပွဲစဉ်လည်း ဖြစ်လာတော့မှာပါ။

မနေ့က အစောပိုင်း ကစားသွားတဲ့ Snapdragon ဖိတ်ခေါ်ဖလား မှာတော့ မန်ချက်စတာယူနိုက်တက်ဟာ ဖီအိုရင်တီးနားကို သာမန် ပွဲချိန် အတွင်း တစ်ဖက် တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ ယူနိုက်တက်က ၅-၄ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က အသစ် ခေါ်ယူထားတဲ့ ကစားသမား ၄ ဦးကို မိတ်ဆက်သွားခဲ့ပေမယ့် ဆက်စ်ကို ကတော့ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ 

အမှန်တိုင်း ပြောရရင် ဒီပွဲမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက လိုအပ်ချက် များစွာ ရှိနေဆဲ ဖြစ်ပြီး အစောပိုင်း ပွဲချိန်တွေမှာ ဖီအိုရင်တီးနားက ပိုပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ချေပဂိုး ပြန်လည် ရရှိခဲ့ပေမယ့်လည်း ပြိုင်ဘက် ကစားသမား ရော်ဘင် ဂိုဆန်စ်ရဲ့ OG ကြောင့် ရခဲ့တာ ဖြစ်ပါတယ်။ အမ်ဘူမို၊ မောင့်၊ ကူညာ တို့ရဲ့ တိုက်စစ်က အချိတ်အဆက်ပိုင်း အားနည်းခဲ့တာ တွေ့ရပြီး ဆက်စ်ကို ပါလာရင်တော့ ပုံစံတမျိုး ပြောင်းလဲသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အမ်းမရိတ်စ် ဖိတ်ခေါ်ဖလား မှာတော့ အာဆင်နယ်က ဘီလ်ဘာအိုကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲဆက် ရှုံးနိမ့်ထားမှုကို ချေဖျက်ပြနိုင်ခဲ့ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ လာမယ့် ရာသီ ပထမလူစာရင်း အဖြစ် အသုံးပြုဖွယ် ရှိတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဘယ်ခြမ်းက မာတင်နယ်လီရဲ့ အားနည်းချက် တချို့ကို ဆက်လက် မြင်တွေ့ခဲ့ရပေမယ့် အရင် ပွဲတွေထက် ပိုပြီး အံဝင်စွာ ကစားနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်နဲ့ တွေ့ဆုံမှု ၃ ကြိမ်မှာ အက်ဖ်အေဖလားမှာ ပင်နယ်တီနဲ့ ၁ ကြိမ်နိုင်၊ ပရီးမီးယားလိဂ် မှာတော့ တစ်ကြိမ် ရှုံးပြီး တစ်ကြိမ် သရေကျခဲ့ပါတယ်။
ရာသီကြို ခြေစမ်းပွဲ နောက်ဆုံး ပွဲမှာ ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့တဲ့ အာဆင်နယ်

ခေါင်းတိုက်ပြီး ဂိုးမသွင်းတတ်ဘူးလို့ ဝေဖန်ခံထားရတဲ့ ဗစ်တာ ယိုကီးရက်စ် ကလည်း ဒီပွဲမှာ ခေါင်းတိုက် သွင်းဂိုးနဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။ အစောပိုင်း အပိုင်အခွင့်အရေး တစ်ကြိမ်နဲ့ နောက်ထပ် ခေါင်းတိုက်ချက် တစ်ကြိမ် ကလည်း တိုင်မထိခဲ့ရင် ဆွီဒင်သားက ဟက်ထရစ်တောင် ရနိုင်တဲ့ အခြေအနေပါ။ ဒီပွဲမှာ အထူးတလည် ချီးကျူးရမှာက မာတင် ဇူဘီမန်ဒီ ဖြစ်ပြီး ရိုက်စ်နဲ့ Role Interchange လုပ်ပြီး ကစားသွားတာ ပါတေးကို လွမ်းစရာ မလိုဘူး လို့တောင် ပြောလို့ ရတဲ့ အထိပါပဲ။ ဆာကာ ကတော့ ထုံးစံ အတိုင်း သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပြီး မာတင်နယ်လီ နေရာဝင်ခဲ့တဲ့ မာဒူခေးရဲ့ ခြေစွမ်း ကလည်း ထင်သလောက် မဆိုးခဲ့ပါဘူး။ ဟာဗက်ဇ် ကတော့ ယိုကီးရက်စ် မရှိရင်တောင် ဖြစ်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးလို Solo ပြေးထွက်ပြီး သွင်းဂိုး ၁ ဂိုး ရယူပေးခဲ့ပါတယ်။ ချုံပြောရရင် အာဆင်နယ်သာ ဒီခြေစွမ်းအတိုင်း လာမယ့် ရာသီ တလျှောက်လုံး ထိန်းသွားနိုင်ရင် သူတို့ လိုချင်တဲ့ အောင်မြင်မှုတွေ မျှော်လင့်လို့ ရတဲ့ အခြေအနေပါ။ 

ဒီတော့ ပြောစရာ ရှိတာက ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ကစားမယ့် ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲ ဖြစ်ပါတယ်။ ခြေစွမ်းအရ ဆိုရင်တော့ အာဆင်နယ်က များစွာ သာပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဆိုတာက အာဆင်နယ်ကို ဆိုရင် ဘယ်အခြေအနေပဲ ရောက်ရောက် ဘယ်တော့မှ အလျှော့မပေးတတ်တဲ့ အသင်းပါ။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်နဲ့ တွေ့ဆုံမှု ၃ ကြိမ်မှာ အက်ဖ်အေဖလားမှာ ပင်နယ်တီနဲ့ ၁ ကြိမ်နိုင်၊ ပရီးမီးယားလိဂ် မှာတော့ တစ်ကြိမ် ရှုံးပြီး တစ်ကြိမ် သရေကျခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဒါတွေက ကြိုတင်ခန့်မှန်းမှုတွေသာ ဖြစ်ပြီး ရာသီသစ်မှာ ကစားသမားသစ်တွေနဲ့ ကစားကြရမယ့် ဒီနှစ်သင်း အနေနဲ့ ဘယ်အသင်းက အဖွင့်လှသွားမလဲ ဆိုတာ ကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်