နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြင်သစ်ကို ကျော်ဖြတ်ပြီး နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ စပိန်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ စပိန်က ပြင်သစ်ကို ၄-၃ ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။ စပိန်ဟာ အစောပိုင်းမှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ပြင်သစ်က ပွဲပြီးခါနီးမှ ချေပဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ စပိန်က ဆီမွန်၊ ပေါ်ရို၊ နော်မက်ဒ်၊ ဟိုင်ဆန်၊ ကူကာရယ်လာ၊ ပက်ဒရီ၊ ဇူဘီမန်ဒီ၊ မာရင်နို၊ ယာမယ်၊ အိုယာဇာဘယ်၊ နီကို ဝီလီယမ်စ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ပြင်သစ် ဘက်မှာတော့ မိုက်ဂ်နန်၊ သီယို၊ လန်းဂ်လတ်၊ ကိုနာတေး၊ ကာလူလူ၊ ရာဘီယော့တ်၊ ကိုနေး၊ ဒူရေး၊ ဒမ်ဘီလီ၊ အိုလီဆေး၊ အမ်ဘာပေးတို့ ပါဝင်ကစားသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ပြင်သစ်ဟာ စပိန် ဘက်ကို ဂိုးပေါက် ကန်ချက် ၁၃ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှုလည်း ၅ ကြိမ် ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း သွင်းဂိုးတွေ ရရှိခဲ့တာက စပိန် ဖြစ်ပြီး ဂိုးပေါက်တည့်မှု ၄ ကြိမ် ကနေ သွင်းဂိုး ၂ ဂိုး ရရှိခဲ့ပါတယ်။ စပိန် အတွက် ပထမပိုင်း သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၂၃ မိနစ်နဲ့ ၂၅ မိနစ်မှာ နီကို ဝီလီယမ်စ်နဲ့ မာရင်နို တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

စပိန်ဟာ နောက်ဆုံး ၃ နှစ်ဆက် နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီးတော့ တစ်ဖက် မှာတော့ GOAT ကြီး ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
နေးရှင်းလိဂ် လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းဖို့ ကြိုးစားရမယ့် စပိန်

ဒုတိယပိုင်းမှာ ပွဲက ပိုမို မြိုင်ဆိုင်ခဲ့ပြီးတော့ စပိန်တို့ ဦးဆောင်ဂိုးတွေ ထပ်မံ ရရှိခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာ ယာမယ်က ပင်နယ်တီ ကနေ တစ်ဆင့် တတိယဂိုး၊ ၅၅ မိနစ်မှာ ပက်ဒရီက ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ၅၉ မိနစ် မှာတော့ အမ်ဘာပေးရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပြင်သစ်တို့ ချေပဂိုး စတင် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၆၇ မိနစ်မှာ ယာမယ်က စပိန် အတွက် ၅-၁ ရလဒ် ဖြစ်စေမယ့် ဂိုးကို သွင်းယူခဲ့လို့ ပြင်သစ် အတွက် မျှော်လင့်ချက် တော်တော်လေးမဲ့သွားခဲ့ပါတယ်။ ဂိုးပြတ် ရှုံးနေပေမယ့် ပြင်သစ်က ကစားအား မလျှော့လိုက်ပဲ ချေပဂိုးတွေ ပြန်လည် ရရှိဖို့ ကြိုးပမ်းခဲ့ရာ မှာတော့ ၇၉ မိနစ်မှာ ချာကီက ဒုတိယ ချေပဂိုး၊ ၈၄ မိနစ်မှာ ဗီဗီယန်ရဲ့ OG နဲ့ တတိယ ချေပဂိုး၊ ၉၀+၃ မှာ ကိုလို မူအာနီက စတုတ္ထမြောက် ချေပဂိုးတွေ ပြန်လည် ရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ရဲ့ အားထုတ်မှုဟာ မလုံလောက်ခဲ့ပေမယ့် ပွဲသိမ်း ခရာမှုတ်ချိန်မှာတော့ ၅-၄ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး စပိန်ပဲ နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ စပိန်ဟာ နောက်ဆုံး ၃ နှစ်ဆက် နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီးတော့ တစ်ဖက် မှာတော့ GOAT ကြီး ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ စပိန်ဟာ ၂၀၂၀-၂၀၂၁ နေးရှင်းလိဂ်မှာ ပြင်သစ်ကို ရှုံးနိမ့်ပြီး ဒုတိယဆု ရရှိခဲ့ပြီးတော့ ၂၀၂၂-၂၀၂၃ မှာတော့ ခရိုအေးရှားကို အနိုင်ရရှိကာ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။ 

ဒီပွဲမှာ ထူးထူးခြားခြား စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာ ကတော့ စပိန် တောင်ပံ ကစားသမားလေး လာမင်း ယာမယ် ဖြစ်ပြီး အသင်း အတွက်လည်း ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လွန်ဒေါဆု အတွက် ရေပန်းစားနေတဲ့ အူစမန်နီ ဒမ်ဘီလီနဲ့ ထိပ်တိုက်တွေ့ချိန်မှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို အမိအရ ထုတ်ဖော်ပြသနိုင်ခဲ့တာပါ။ ဒါ့အပြင် ဒူရေး ကိုလည်း မင်းလားကွ။ ချန်ပီယံလိဂ် ကောင်လေး ဆိုတာ ဆိုပြီး ပြသသွားခဲ့သေးတာ ဖြစ်ပါတယ်။ လာမင်း ယာမယ် ကတော့ မကြာခင်မှာ GOAT ကြီး နှစ်ဦး ဖြစ်တဲ့ ရော်နယ်ဒို၊ မက်ဆီ တို့နဲ့ တွေ့ဆုံရတော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်