အေစီမီလန် ကတော့ မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အမှတ်ပေးဇယား ထိပ်က နာပိုလီကို အိမ်ကွင်း ဆန်စီရိုမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီလို အရေးကြီးတဲ့ ပွဲမှာ အောင်ပွဲခံနိုင်ခဲ့ပြီးနောာက် အေစီမီလန် နည်းပြ မက်စ် အယ်လီဂရီက ‘ဒါဟာ အစပဲ ရှိသေးတယ်’ လို့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။
ဒီပွဲမှာ အေစီမီလန်က ပွဲချိန် ၃ မိနစ်မှာတင် ဆယ်လီမေကာစ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ၃၁ မိနစ် အရောက်မှာလည်း ပထမဂိုးကို ဖန်တီးပေးခဲ့တဲ့ ခရစ္စတီယန် ပူလီဆစ်ရဲ့ ဂိုးနဲ့ ထပ်မံ ဦးဆောင်နိုင်ခဲ့ပါတယ်။ နာပိုလီ ကတော့ ၂ ဂိုး အရှုံးနဲ့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ အေစီမီလန်က အက်စတူပီနန် ထုတ်ပယ်ခံလိုက်ရတာကြောင့် လိုအပ်နေတဲ့ ဂိုးတွေ ရရှိဖို့ မျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၆၀ မှာတော့ ကီဗင် ဒီဘရွန်းနားက ပင်နယ်တီ ကနေ နာပိုလီ အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပြီး လက်ကျန် မိနစ်တွေမှာ နာပိုလီ ကပဲ တစ်ဖက်သတ် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ အေစီမီလန် ကတော့ တစ်ယောက်လျော့သွားတာကြောင့် ခံစစ်ကိုပဲ အဓိက အားပြုခဲ့ပြီး ဒုတိယပိုင်း တစ်ပိုင်းလုံး ပြိုင်ဘက်ရဲ့ ဂိုးပေါက်ကန်ချက် များစွာကို အကောင်းဆုံး တောင့်ခံခဲ့ရတာပါ။ မက်စ် အယ်လီဂရီရဲ့ လူစားလဲ မှန်ကန်မှုတွေနဲ့ နည်းစနစ်ပိုင်း ရွေးချယ်မှု မှန်ကန်ခဲ့တာကြောင့် အေစီမီလန်တို့ အနိုင်ရလဒ်ကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အေစီမီလန်က ပွဲအပြီးမှာ နာပိုလီရဲ့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁ နေရာကို လွှဲပြောင်း ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အယ်လီဂရီက သူ့ရဲ့ ကစားသမားတွေ ပြသခဲ့တဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ပေမယ့် သူတို့ ဆီကနေ နောက်ထပ် လာစရာတွေ ရှိသေးတယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။ “ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နာပိုလီလို အသင်းနဲ့ အရေးကြီးပြီး ခက်ခဲတဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့လို့ပါ။” လို့ အယ်လီဂရီက DAZN Italia သို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် တို့ရဲ့ ပထမပိုင်းဟာ အရမ်း ကောင်းခဲ့တယ်၊ ဒုတိယပိုင်းမှာ ကံမကောင်းတာက ကျွန်တော် တို့ ၁၀ ယောက်ထဲနဲ့ ကစားခဲ့ရတယ်။ အနည်းဆုံးတော့ ကျွန်တော် တို့ရဲ့ ခံစစ်ကို စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ ဂိုးပေးရနိုင်တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ကောင်လေးတွေက တကယ်ကို ကောင်းကောင်း ကစားခဲ့ကြပေမယ့် ဒါက အစပဲ ရှိပါသေးတယ်။ ဒီနေ့ညမှာ အောင်ပွဲခံရမှာ ဖြစ်သလို မနက်ဖြန်က စပြီး နိုင်ငံတကာ ပွဲတွေ မကစားခင် ကျန်ရှိတဲ့ တစ်ပွဲကို အာရုံစိုက်သွားရမှာပါ။”
“ကျွန်တော်တို့ အလုပ်ဆက်လုပ်ဖို့ လိုပါတယ်။ အားကောင်းတဲ့ နာပိုလီကို ထိုက်ထိုက်တန်တန် အနိုင်ယူပြီးနောက် ဒီနေ့ သေးငယ်တဲ့ ခြေလှမ်း တစ်ခု လှမ်းပြီးပါပြီ။ ဖိအားတွေ အောက်မှာ ဘယ်လို တောင့်ခံရမယ် ဆိုတာ သိရင်၊ အခုလို စိတ်ဓာတ်မျိုး ရှိနေရင် အနိုင်ရဖို့ ပိုလွယ်လာမှာပါ။” လို့ အယ်လီဂရီက ဆက်လက် ပြောကြားခဲ့ပါတယ်။ မက်စ် အယ်လီဂရီရဲ့ အေစီမီလန်ဟာ ဒီရာသီ စီးရီးအေမှာ ၅ ပွဲ ကစား ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံး ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ နာပိုလီ ကတော့ ဂိုးကွာခြားချက်အရ အဆင့် ၂ နေရာကို ဆင်းပေးခဲ့ရတာ ဖြစ်ပြီး လာမယ့် တစ်ပတ်မှာတော့ ဇယားထိပ်ကို ပြန်လည် တက်လှမ်းနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ အေစီမီလန်ဟာ လာမယ့် တစ်ပတ်မှာ ဂျူဗင်တပ်စ်နဲ့ ကစားရမှာ ဖြစ်ပြီးတော့ နာပိုလီ ကတော့ ဂျီနိုအာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.