နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲဗာတန် တိုက်စစ်မှူးကို မျက်စိကျနေတဲ့ ရိုးမား (စီးရီးအေ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

အဲဗာတန် တိုက်စစ်မှူးကို မျက်စိကျနေတဲ့ ရိုးမား

စီးရီးအေ ကလပ် ရိုးမားဟာ အဲဗာတန် တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်လီဝင်းကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရပါတယ်။ ရိုးမားဟာ ပရီးမီးယားလိဂ် ကစားသမားတွေ ဖြစ်တဲ့ ရူအီ ပက်ထရီစီယို၊ ခရစ္စ စမောလင်း၊ နီမန်ဂျာ မာတစ်၊ တမ်မီ အေဘရာဟမ်၊ ဒီယေဂို လော်ရန်တေးနဲ့ ရက်စ်မက်စ် ခရစ္စတန်ဆန် တို့ကို အပြောင်းအရွှေ့ ရာသီတွေမှာ ဆက်တိုက် ခေါ်ယူခဲ့ပါတယ်။

လက်ရှိအချိန် မှာလည်း နည်းပြကြီး ဟိုဆေး မော်ရင်ဟိုက အဲဗာတန်ရဲ့ အဓိက တိုက်စစ်မှူးလို့ ဆိုနိုင်မယ့် ကဲလ်ဗတ် လီဝင်းကို ခေါ်ယူဖို့ မျက်စိကျလာခဲ့ပြီး ကစားသမားရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စောင့်ကြည့်နေပါတယ်။

ရိုးမားဟာ အဓိက တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ဒူးအရွတ် ဒဏ်ရာကြောင့် ကာလရှည် လက်လွှတ်ရမှာ ဖြစ်ပြီး သူ့နေရာ အတွက် ကဲလ်ဗတ်လီဝင်းကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

 

လူကာကူနဲ့ ဆွေးနွေးဖို့ ရာသီကြို ခရီးစဉ် ကနေ ထွက်ခွာလာခဲ့တဲ့ ဂျူဗီ ဒါရိုက်တာ

ဂျူဗင်တပ်စ် အားကစား ဒါရိုက်တာ ခရစ္စတီယန်ဂီ အန်တိုလီက ချဲလ်ဆီး တိုက်စစ်မှူး ရိုမယ်လူ လူကာကူကို ခေါ်ယူရေး ကိစ္စရပ်တွေ အတွက် အသင်းရဲ့ ရာသီကြို ခြေစမ်းခရီးစဉ်ကို အဆုံးအထိ ပူးပေါင်းခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ လက်ရှိအချိန်မှာ အမေရိကန် နိုင်ငံကို ရောက်ရှိနေပြီး ဂီအန်တိုလီ ကတော့ လူကာကူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အမေရိကန်နိုင်ငံ ကနေ ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။ လူကာကူဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ကနေ အပြီးသတ် ထွက်ခွာတော့မှာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အင်တာမီလန်၊ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေပါတယ်။

ကစားသမား ကိုယ်တိုင်ကလည်း စီးရီးအေမှာ ဆက်ကစားဖို့ အတွက်သာ ဆန္ဒရှိနေပြီး အသင်းပြောင်းဖို့လည်း သေချာသလောက် ရှိနေပါတယ်။ လူကာကူအနေနဲ့ အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ ချဲလ်ဆီးရဲ့ ရာသီကြို လူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်း မရှိဘဲ ဂျူဗင်တပ်စ် ကတော့ လူကာကူကို ခေါ်ယူဖို့ အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သိရပါတယ်။

 

လာဇီယိုနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ပတ်ဒရို

ဝါရင့်တောင်ပံ ကစားသမားကြီး ပတ်ဒရိုဟာ စီးရီးအေ ကလပ် လာဇီယိုနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ပတ်ဒရိုဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ရိုးမား ကနေ လာဇီယိုကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အချိန်တို အတွင်းမှာပဲ အသင်းရဲ့ အဓိက ဦးဆောင်သူ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လာဇီယိုတို့က ဝါရင့်ကစားသမား ပတ်ဒရိုကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးခဲ့တာ ဖြစ်ပြီး ကစားသမား အနေနဲ့လည်း ဆော်ဒီအာရေဗျ ဘက်က ကမ်းလှမ်းမှုတွေကို ရရှိခဲ့သည့်တိုင် လာဇီယို မှာပဲ ဆက်နေခဲ့တာပါ။

ပတ်ဒရိုက ကစားသမား အများစုက အခြားလိဂ်တွေကို ပြောင်းရွှေ့နေကြပေမယ့် အချို့အရာတွေက ငြင်းဆန်ဖို့ ခက်ခဲကြောင်း၊ ဒါပေမယ့် ကျွန်တော်က လာဇီယိုကို အမြဲတမ်း ဦးစားပေး နေရာမှာ ထားခဲ့ပြီး ပရိသတ်တွေကြောင့်လည်း အသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်