နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလာဟိုဗစ်ကို သိပ်ပြီး သဘောမကျတဲ့ ပိုချက်တီနို (စီးရီးအေ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ဗလာဟိုဗစ်ကို သိပ်ပြီး သဘောမကျတဲ့ ပိုချက်တီနို

ချဲလ်ဆီးတို့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နည်းပြ မော်ရူစီယို ပိုချက်တီနို ကတော့ သဘောကျခြင်း မရှိဘူးလို့ သိရပါတယ်။ ချဲလ်ဆီးတို့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူက ဒဏ်ရာကြောင့် အသင်းရဲ့ ရာသီအစောပိုင်း ပွဲစဉ်တွေကို လွဲချော်ရတော့မှာပါ။

အဲ့ဒါကြောင့်လည်း ချဲလ်ဆီးတို့ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ထင်ကြေးတွေ မြင့်တက်လာခဲ့ပြီး ပိုချက်တီနို ကတော့ စီးရီးအေ တိုက်စစ်မှူးရဲ့ ခြေစွမ်း အပေါ် သံသယဝင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး အနေနဲ့ ဗလာဟိုဗစ်ကို ခေါ်ယူခဲ့မယ် ဆိုရင်တောင် သေချာပေါက် ပိုချက်တီနိုရဲ့ ခွင့်ပြုချက်ကို လိုအပ်နေပါတယ်။

ပိုချက်တီနိုဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရိုမယ်လူ လူကာကူကို ပြန်လည် အသုံးပြုလိုနေတယ် လို့လည်း သိရပြီး ဗလာဟိုဗစ် ကတော့ လာမယ့်ရာသီမှာ ဥရောပပွဲ ကစားခွင့် မရတဲ့ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

 

နော့တင်ဟမ်ဖောရက်စ်ရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဒါမီရယ်လ်

စီးရီးအေ ကလပ် အတ္တလန္တာ နောက်ခံလူ မီရက် ဒါမီရယ်လ်ကို ခေါ်ယူဖို့ နော်တင်ဟမ်ဖောရက်စ်က ကြိုးပမ်းနေကြောင်း သိရပါတယ်။
ဒါမီရယ်လ် အတွက် ပေါင် ၁၇ သန်းအထိ အသုံးပြုသွားဖွယ် ရှိနေတဲ့ နော့တင်ဟမ်ဖောရက်စ်

စီးရီးအေ ကလပ် အတ္တလန္တာ နောက်ခံလူ မီရက် ဒါမီရယ်လ်ကို ခေါ်ယူဖို့ နော်တင်ဟမ်ဖောရက်စ်က ကြိုးပမ်းနေကြောင်း သိရပါတယ်။ နော်တင်ဟမ်ဖောရက်စ်ဟာ ဒါမီရယ်လ် အတွက် အတ္တလန္တာတို့ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် (၁၇) သန်းကို ပေးချေသွားဖို့ အတွက်လည်း အဆင်သင့်ရှိနေပါတယ်။

အသက် (၂၅) နှစ် အရွယ် တူရကီ လက်ရွေးစင် နောက်ခံလူကို အတ္တလန္တာတို့ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမယ့်လည်း နော်တင်ဟမ်ဖောရက်စ် အနေနဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်သည့်တိုင် ဒါမီရယ်လ်နဲ့ သဘောတူညီမှု ရဖို့ ကြိုးစားရဖွယ် ရှိပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းငယ်လေး တစ်သင်း ဖြစ်ပြီး တန်းဆင်း အန္တရာယ်လည်း ရှိလာနိုင်တာကြောင့် ဒါမီရယ်လ် တစ်ယောက် ပြောင်းရွှေ့ဖို့ ငြင်းဆန်နိုင်ကြောင်း သိရပါတယ်။

 

အန်ဆယ်လော့တီ ရီးရဲလ်မှာ ဆက်ရှိနေဖို့ မော်ရင်ဟို မျှော်လင့်

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီကို လက်ရှိ အသင်းမှာပဲ ဆက်ရှိနေဖို့ မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းကို ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။

စီးရီးအေ ကလပ်ရဲ့ နည်းပြကြီးလည်း ဖြစ်၊ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဟောင်းလည်း ဖြစ်တဲ့ မော်ရင်ဟို ကတော့ အန်ဆယ်လော့တီဟာ ကြုံဖူးသမျှထဲ ပိုကောင်းတဲ့ နည်းပြ ဖြစ်ကြောင်း၊ အန်ဆယ်လော့တီနဲ့ ရီးရဲလ် ပရိသတ် တစ်ယောက် အနေနဲ့ သူ့ကို အသင်းမှာ အကြာကြီး ဆက်ရှိစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး နည်းပြ တစ်ယောက်လည်း ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ အေစီမီလန် တို့နဲ့ အတူ ချန်ပီယံလိဂ် ဖလားတွေကို အကြိမ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြ တစ်ယောက်လည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်