ဇူလိုင် ၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နာပိုလီ ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်တဲ့ ဖီအိုရင်တီးနား တိုက်စစ်မှူး မွိုက်စ် ကင်းန်ကို သူတို့ရဲ့ ပစ်မှတ် စာရင်းမှာ ထည့်သွင်းလိုက်ကြောင်း Calciomercato က ဖော်ပြပါတယ်။ စီးရီးအေ ချန်ပီယံတွေဟာ လစ်ဗာပူးလ်က ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီးနောက် အီတလီသား ကို ပြောင်းလဲ ကြိုးပမ်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အနေနဲ့ ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို ဒီနွေရာသီမှာ ခေါ်ယူချင်ရင်တော့ ပေါင် ၃၅ သန်း ပေးချေရမှာ ဖြစ်ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ အလက်ဟန်ဒရို ဂါနာချို ကတော့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖွယ် ရှိနေပေမယ့် အန်ကွန်ကူနဲ့ တိုက်ရိုက် လဲလှယ်ဖို့တော့ မဖြစ်နိုင်ကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးဟာ ဘရာဇီးလ် လူငယ် ကြယ်ပွင့် အက်စတီဗာအိုကို အငှားပြန်ချဖို့ စဉ်းစားနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဖလူမီးနန့်စ်ရဲ့ ခြေစွမ်းပြ ကစားသမားလေး ကိုတော့ လေဗာကူဆင်က အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
လစ်ဗာပူးလ် တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပို အနေနဲ့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ အလွန် ခက်ခဲလိမ့်မယ်လို့ ဂျာမန် သတင်းထောက် ခရစ်ရှ် ဖော့ခ် က ဖော်ပြပါတယ်။ ဘေယန်မြူးနစ်ဟာ လက်ရှိမှာ ဂက်ခ်ပိုက သူတို့ အသင်းရဲ့ တောင်ပံကို တိုးတက်လာစေနိုင်တဲ့ ကစားသမား ဖြစ်နိုင်ကြောင်းကို သံသယရှိနေတယ်လို့ သိရပါတယ်။
အာဆင်နယ် ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် အတွက် သူတို့ရဲ့ ကမ်းလှမ်းမှုကို မြှင့်တင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း A BOLA က ဖော်ပြသည်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ စပို့တင်းရဲ့ တောင်းဆိုဈေးထက် ပေါင် ၁၀ သန်းလောက် သက်သာမယ့် ကြေးမျိုးနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ကိုင်လ် ဝေါလ်ကာ ထွက်ခွာသွားပြီးနောက် မန်ချက်စတာစီးတီးဟာ ညာနောက်ခံလူ နေရာ အတွက် ဒန်ဇဲလ် ဒမ်းဖရီးစ်နဲ့ ပတ်သတ်ပြီး အင်တာမီလန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း Football Transfers က ဖော်ပြပါတယ်။ နယ်သာလန်သားသည် ဇူလိုင်လ ၁၅ ရက်နေ့ အထိ စီးရီးအေ ကလပ်နဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၅ သန်း ရှိနေမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း တိုက်စစ် ကစားသမား မိုဟာမက် ကူဒုစ် ကိုတော့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးက ချဉ်းကပ်လျက် ရှိပါတယ်။ ဒါပေမယ့်လည်း ဒီအပြောင်းအရွှေ့မှာ ချဲလ်ဆီးက စပါးထက် သာလွန်နိုင်လိမ့်မယ်လို့ ဝက်စ်ဟမ်း ဘက်က မျှော်လင့်ထားကြောင်း ExWHUEmployee က သုံးသပ်ခဲ့ပါတယ်။ ဟမ်းမာတွေဟာ သူ့တို့ရဲ့ ကစားသမား အတွက် ပေါင် ၈၅ သန်း လိုချင်နေပါတယ်။
စီးရီအေ ကလပ် အင်တာမီလန် နောက်ခံလူ ယန်း ဘစ်ဆက်ခ် ကတော့ အက်စတွန်ဗီလာ အတွက် ထိပ်တန်း ပစ်မှတ် ဖြစ်နေကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။ ဒါပေမယ့်လည်း BirminghamLive ကတော့ ဒီအပြောင်းအရွှေ့က မဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။ နယူးကာဆယ်ယူနိုက်တက် ကတော့ နော့တင်ဟမ်ဖောရက်စ် တိုက်စစ်မှူး အန်တိုနီ အီလန်ဂါကို မခေါ်ယူနိုင်ခဲ့ပါက ပီအက်စ်ဗွီ အင်ဟိုဗင် တိုက်စစ်မှူး ဂျိုဟန် ဘာကာယိုကို ပစ်မှတ် အဖြစ် စဉ်းစားသွားဖွယ် ရှိနေပါတယ်။ Football Insider ကလည်း ဘယ်လ်ဂျီယံ လက်ရွေးစင် ဟာ ဒီအပြောင်းအရွှေ့ကို စိတ်ဝင်စားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.