နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းနဲ့ ထိုက်တန်တဲ့ နေရာကို ရောက်ရှိနေပြီလို့ လော်တာရို မာတီနက်ဇ် ကြုံးဝါး၊ အေစီမီလန်နဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်တဲ့ ဂျရူး (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အသင်းနဲ့ ထိုက်တန်တဲ့ နေရာကို ရောက်ရှိနေပြီလို့ လော်တာရို မာတီနက်ဇ် ကြုံးဝါး၊ အေစီမီလန်နဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်တဲ့ ဂျရူး စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၀ ရက်နေ့ ညနေခင်း စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

အသင်းနဲ့ ထိုက်တန်တဲ့ နေရာကို ရောက်ရှိနေပြီလို့ လော်တာရို မာတီနက်ဇ် ကြုံးဝါး

အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီးနောက် အသင်းနဲ့ ထိုက်တန်တဲ့ နေရာကို ရောက်ရှိနေတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ်မှာ အင်တာမီလန်တို့ သုံးဂိုးစီ သရေ ကစားနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၅-၃ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် မှာတော့ စီးရီးအေ အသင်း တစ်သင်းလည်း ဖြစ်၊ မီလန်မြို့ခံ ပြိုင်ဘက်လည်း ဖြစ်တဲ့ အေစီမီလန်နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ဘင်ဖီကာကို ကျော်ဖြတ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲအပြီးမှာတော့ မာတီနက်ဇ်က ဒီလိုမျိုး အံ့အားသင့်ဖွယ် ကောင်းတဲ့ အသင်း တစ်သင်းကို ကိုယ်စားပြုခွင့်ရတဲ့ အတွက် အရမ်းကို ပျော်ရွှင် ဂုဏ်ယူမိကြောင်း၊ အခုဆိုရင် အသင်းက ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ ကြာမှ ဒီအသင်းနဲ့ ထိုက်တန်တဲ့ နေရာကို ပြန်လည် ရောက်ရှိလာတာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

အေစီမီလန်နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီ ဖြစ်တဲ့ ဂျရူး

အေစီမီလန်ဟာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး အိုလစ်ဗီယာ ဂျရူးကို (၂၀၂၄) အထိ တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးကြီးဟာ အေစီမီလန် အတွက် အားကိုးရတဲ့ တိုက်စစ်မှူး အဖြစ် အသုံးတော်ခံနေပြီး နာပိုလီနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ မှာလည်း အသင်း အတွက် အရေးပါတဲ့ သွင်းဂိုး တစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ (၂၀၂၁) နွေရာသီမှာ အေစီမီလန်ကို စတင် ရောက်ရှိလာခဲ့တဲ့ ဂျရူးဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း အသင်းနဲ့ အတူ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်း အတွက် (၇၆) ပွဲ ကစား၊ (၂၇) ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

(၂၀၂၁) နွေရာသီမှာ အေစီမီလန်ကို စတင် ရောက်ရှိလာခဲ့တဲ့ ဂျရူးဟာ ပြီးခဲ့တဲ့ရာသီ ကလည်း အသင်းနဲ့ အတူ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်း အတွက် (၇၆) ပွဲကစား၊ (၂၇) ဂိုး သွင်းယူပေးထားနိုင်ပါတယ်။
၂၀၂၄ ခုနှစ် အထိ အေစီမီလန် အသင်းမှာ ဆက်ရှိနေတော့မယ့် ဂျရူး

အေစီမီလန်ဟာ ဂျရူးကို စာချုပ် သက်တမ်းတိုးခဲ့ပေမယ့် နောက်ထပ် ဝါရင့် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်နဲ့ ဒီဗော့ အိုရီဂီ တို့ကိုတော့ လာမယ့် နွေရာသီမှာ လက်လွှတ်ခံသွားမယ်လို့ သိရပါတယ်။

 

အေစီမီလန်မှာ ဆက်နေလိုကြောင်း လီယောင် ပြောကြား

အေစီမီလန်ရဲ့ အဓိက တိုက်စစ် ကစားသမား ရာဖေးလ် လီယောင်က သူ့အနေနဲ့ အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ နွေရာသီ ကတည်းက သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်း အသင်းကြီးတွေက ပစ်မှတ်ထား ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း စီးရီးအေ ကလပ် ဘက်ကတော့ လီယောင်ကို လက်လွှတ်မခံလိုဘဲ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပါတယ်။ နာပိုလီကို ဖြုတ်ချခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲအပြီး မှာတော့ လီယောင်က ကျွန်တော် အေစီမီလန်မှာ ဆက်နေလိုကြောင်း၊ ဒါပေမယ့် ဖြေရှင်းရမယ့် ကိစ္စတွေတော့ ရှိသေးကြောင်း၊ အခုချိန်အထိ အသင်းနဲ့ စာချူပ် သက်တမ်း (၁) နှစ်ကျော် ကျန်နေပြီး ဆွေးနွေးမှုတွေ ရှိနေကြောင်း၊ အေစီမီလန်က ကျွန်တော့် အိမ်လို ခံစားရပြီး ဒီမှာ အရမ်းကို ပျော်ရွှင်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်