ဂျူဗင်တပ်စ် ကတော့ ဒီအပြောင်းအရွှေ့မှာ သတင်း သိပ်မထွက်တဲ့ လိုင်လီနဲ့ လမ်းခွဲထားတဲ့ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ဟာ အသက် ၂၅ နှစ် အရွယ် ကနေဒါ လက်ရွေးစင် ဂျွန်နသန် ဒေးဗစ် ၅ နှစ် စာချုပ်လည်း ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ဒေးဗစ်ဟာ ပြီးခဲ့တဲ့ မေလ ကတည်း လိုင်လီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သူ ဖြစ်ပြီး ဒီနွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားသူပါ။ အဲဒီနောက် ပရီးမီးယားလိဂ် ကလပ်တွေနဲ့ သတင်းတွေ ထွက်ခဲ့သေးပြီး နောက်ဆုံးမှာတော့ ဂျူဗင်တပ်စ် ကိုပဲ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ လီဂူးဝမ်း ကလပ်မှာ ၅ နှစ်ကြာ ကစားခဲ့ပြီးနောက် ဒေးဗစ်က ဂျူဗင်တပ်စ်မှာ ၂၀၃၀ ဇွန်လ အထိ ရှိနေတော့မှာ ဖြစ်ပါတယ်။
ဒေးဗစ်ဟာ လိုင်လီမှာ ပြိုင်ပွဲစုံ ၂၃၂ ပွဲ ကစားခဲ့ပြီး ၁၀၉ ဂိုး သွင်းကာ ဂိုးဖန်တီးမှု အကြိမ် ၃၀ ပြုလုပ်ခဲ့သလို ၂၀၂၀-၂၀၂၁ ဘောလုံး ရာသီမှာ လိုင်လီကို အမှတ်ပေးချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ကနေဒါသားဟာ ၂၀၂၀ ခုနှစ်မှာ လိုင်လီကို မပြောင်းရွှေ့ခင် ဘယ်လ်ဂျီယံ ကလပ် ဂျန့် မှာလည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဂျွန်နသန် ဒေးဗစ်ကို ကနဦး ၃ နှစ်တာ အတွက် လုပ်ခလစာ ပေါင် ၁၀.၈ သန်း ပေးချေရမှာလည်း ဖြစ်ပါတယ်။
ဂျွန်နသန် ဒေးဗစ်က စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဦးဆုံး အင်တာဗျူး မှာတော့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကလေးဘဝတုန်းက ဂျူဗင်တပ်စ်လို ကလပ် အသင်း တစ်သင်းမှာ ကစားဖို့ အမြဲတမ်း မျှော်လင့်ခဲ့ပါတယ်။ ဒါက ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး အသင်း ၁၀ သင်းထဲက တစ်သင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီနေရာ ရှိနေရတာ ဂုဏ်ယူစရာပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ခြေလှမ်းတိုင်းဟာ အမြဲတမ်း စိန်ခေါ်မှုတွေပါပဲ။ ဒါကြောင့် စီးရီးအေကို လာဖို့ ဆိုတာ လိဂ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်၊ အသင်းဖော်တွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားရပါမယ်။ နောက်ပြီး တတ်နိုင်သမျှ အောင်မြင်မှု ရရှိဖို့ ကလည်း စိန်ခေါ်မှု တစ်ခုပါပဲ။ ကျွန်တော်တို့ ကြီးကျယ် ခမ်းနားတဲ့ ရာသီ တစ်ခု ဖြစ်လာဖို့ မျှော်လင့်ထားပြီး ဒီနေရာမှာ ဆုဖလားတွေ အရယူနိုင်ဖို့ အတွက် အရာ အားလုံး လုပ်ဆောင်နေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျွန်နသန် ဒေးဗစ်ဟာ ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ ၂၅ ဂိုး သွင်းကာ ၁၂ ဂိုး ဖန်တီးခဲ့ပြီး သူ့ထက် စွမ်းဆောင်ရည် ပိုကောင်းတဲ့ ကစားသမားဆိုလို့ အူစမန်နီ ဒမ်ဘီလာသာ ရှိတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေးဗစ်ဟာ တစ်ရာသီကို အနည်းဆုံး ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပြီးတော့ ရာသီ အများစု မှာတော့ ဂိုး ၂၀ ကျော် သွင်းယူခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်စ် ကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ စီးရီးအေမှာ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ပြီး ကတည်းက နောက်ရာသီတွေမှာ အမြင့်ဆုံး အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်တော့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီးတော့ လာမယ့် ရာသီတွေ မှာတော့ ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှုတွေ ပြန်လည် ရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ တူရင် ကလပ်ဟာ ဒီအပြောင်းအရွှေ့မှာ ကာလူလူ (အေစီမီလန် ကနေ အပြီးသတ် ခေါ်ယူ)၊ မစ်ချယ်လီ ဒီဂျော်ဂျီယို (မွန်ဇာ ကနေ အပြီးသတ် ခေါ်ယူ)၊ နီကိုးလက်စ် ဂွန်ဇာလက်ဇ် (ဖီအိုရင်တီးနား ကနေ အပြီးသတ် ခေါ်ယူ)၊ လွိုက်ဒ် ကယ်လီ (နယူးကာဆယ် ကနေ အပြီးသတ် ခေါ်ယူ) တို့ အပြင် ဂျွန်နသန် ဒေးဗစ် ကိုပါ အလွတ်နဲ့ ထပ်မံ ခေါ်ယူ အားဖြည့်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.