စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ် ကတော့ မန်ချက်စတာယူနိုက်တက်က ဂျေဒန် ဆန်ချို အပြင် မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုပါ စိတ်ဝင်စားလာခဲ့ကြောင်း သိရပါတယ်။ ဆန်ချိုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက ချိတ်ဆက် ဆွေးနွေးမှုတွေ ပြုလုပ်ထားတဲ့ ဂျူဗင်တပ်စ် အနေနဲ့ ယူနိုက်တက်နဲ့ အနာဂတ် မသေချာတော့တဲ့ တိုက်စစ် ကစားသမားကို ခေါ်ယူဖို့ စတင် စုံစမ်းလာခဲ့တာ ဖြစ်ကြောင်း ဒီမာဇီယိုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အီတလီ နာမည်ကျော် သတင်းထောက်ရဲ့ ဖော်ပြချက်အရ စီးရီးအေ ထိပ်သီး တို့ဟာ အခု တစ်ပတ်မှ ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ တကယ်တော့ ရက်ရှ်ဖို့ဒ်ဟာ ဒီနွေရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ တော်တော်လေး စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာ ဘက်ကလည်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့်လည်း အခုချိန်ထိတော့ ရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး။ အင်္ဂလန် လက်ရွေးစင်ဟောင်းဟာ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်နဲ့ အဆင်မပြေဖြစ်နေပြီး ပြီးခဲ့တဲ့ ရာသီဝက် ကလည်း အက်စတွန်ဗီလာကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဗီလာမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲ ကစားရာမှာ ၂ ဂိုး သွင်း ၃ ဂိုး ဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ဘက်ကတော့ တစ်ပတ်ကို ပေါင် ၃၀၀၀၀၀၀ ပေးချေနေရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရှင်းထုတ်ချင်နေပြီး ကမ်းလှမ်းချက်တွေကို နားစွင့်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က လုပ်ခလစာ ပေးချေမှုတွေကို လျှော့ချဖို့ အတွက် ကစားသမား ၅ ဦးကို အသင်းပြောင်းရွှေ့ခွင့်ပေးထားပြီး ဒီအထဲမှာတော့ ရက်ရှ်ဖို့ဒ်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင် လိုချင်နေပါသေးတယ်။

လက်ရှိမှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ် အပြင် ဟိုဆေး မော်ရင်ညိုရဲ့ ဖီနာဘာချီ ကလည်း ခေါ်ယူချင်နေပြီး တူရကီ ကလပ် ကတော့ ယူနိုက်တက် လိုချင်နေတဲ့ ပေါင် သန်း ၄၀ ကို ပေးချေဖို့ အဆင်သင့် ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်အဖွဲ ကတော့ ချန်ပီယံလိဂ် ကစားချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားတာကြောင့် အင်္ဂလန်သား အနေနဲ့ ဗီလာ ကိုတော့ သေချာပေါက် ပြန်သွားမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်ဟာ ကစားသမား အလဲအလှယ်နဲ့ ကမ်းလှမ်းမှုတွေ ကိုလည်း စဉ်းစားမှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါကြောင့် စီးရီးအေ ကလပ် အနေနဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူချင်ရင်တော့ ငွေပေးချေမှု ပုံစံကို အဓိက ညှိနှိုင်းရဖို့ ရှိနေပါတယ်။
တကယ်တော့ ယူနိုက်တက်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တခြား ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထက် ပိုစောပြီး ကစားသမား ခေါ်ယူထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မားသီးယက်စ် ကူညာကို ခေါ်ယူပြီးနောက်မှာ ယူနိုက်တက်ရဲ့ ကစားသမား ခေါ်ယူမှုတွေက ရပ်တန့်သွားခဲ့ပြီး အသင်း အတွက် အဆင်မပြေတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့လည်း ကြန့်ကြာနေပါတယ်။ ယူနိုက်တက် အနေနဲ့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချို တို့ကိုသာ ရောင်းထုတ်နိုင်ခဲ့ရင်တော့ သူတို့ ခေါ်ယူချင်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အဆင်ပြေနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် တာဝန်ရှိသူတွေက ဒီကစားသမား ၃ ဦးကို ရောင်းချဖို့ တွန်းအားပေး လုပ်ဆောင်နေပြီး မကြာခင်မှာတော့ ပြီးမြောက်နိုင်ဖွယ် ရှိနေပါတယ်။ သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ဟာ ဒီကစားသမားတွေ အတွက် သင့်လျော်တဲ့ ဘယ်ကမ်းလှမ်းမှုကိုမဆို လက်ခံဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.