အင်တာမီလန် ကတော့ ပြီးခဲ့တဲ့ ရာသီက မျှော်လင့်တဲ့ အတိုင်း အောင်မြင်မှုတွေ မရခဲ့တဲ့နောက် လာမယ့် ရာသီ အတွက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြလုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ဟာ တိုက်စစ်ပိုင်းကို အဓိက ပြန်လည် တည်ဆောက်လိုနေပြီး အခုနောက်ဆုံး မှာတော့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီလည်း ဖြစ်ပါတယ်။
အီတလီ အခြေစိုက် ယုံကြည်ရတဲ့ သတင်းဌာန တစ်ခု ဖြစ်တဲ့ Gazzetta dello Sportရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ အင်တာမီလန်က မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ ဒိန်းမတ် တိုက်စစ်မှူးကို နွေရာသီ အပြောင်းအရွှေ့ရဲ့ ထိပ်တန်း ဦးစားပေး ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ စီးရီးအေ ထိပ်သီး ကလပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကို စိတ်ပျက်စရာ ရာသီ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဆီမြွန်နီ အင်ဇာဂီရဲ့ အသင်းက စီးရီးအေ၊ ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာ ဖလား ပြိုင်ပွဲ အားလုံးမှ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာပါ။
အထူးသဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၅-၀ ရလဒ်နဲ့ အရှက်ရစရာ ရှုံးနိမ့်အပြီး အခုလိုပဲ သူတိုရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို ကြိုးစားလာတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဟွိုက်ဂျ်လန်း ကလည်း စီးရီးအေမှာ တောက်ပခဲ့သမျှ ပရီးမီးယားလိဂ် မှာတော့ ခြေစွမ်းက ဆုံးဆုံးမြုပ်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ခြေစွမ်း မတည်ငြိမ်ပေမယ့် စီးရီးအေ အတွေ့အကြုံ ရှိတဲ့ ဒိန်းမတ်သားကို အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟွိုက်ဂျ်လန်း ကတော့ ၂၀၂၃ ခုနှစ်မှာ အတ္တလန္တာ ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒိန်းမတ် လက်ရွေးစင်က မျှော်လင့်ထားသလောက် ခြေစွမ်း မပြနိုင်ခဲ့ပဲ အချက်အလက်တွေအရ ပြန်ကြည့်မယ် ဆိုရင် ၂ဝ၂၄-၂၅ ဘောလုံးရာသီမှာ ၃၂ ပွဲ ကစားပြီး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဟွိုက်ဂျ်လန်းက ယူရိုပါလိဂ် မှာတော့ သွင်းဂိုး ၆ ဂိုး အထိ ရရှိခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့တာကြောင့် ဟွိုက်ဂျ်လန်းလို ခြေစွမ်းမပြနိုင်တဲ့ ကစားသမားမျိုးကို ရောင်းချဖို့ ဖြစ်လာခဲ့ပါတယ်။
ဟွိုက်ဂျ်လန်းက ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အတ္တလန္တာနဲ့ အတူ ခြေစွမ်းပြခဲ့ပြီး ၃၄ ပွဲမှာ ၁၀ ဂိုး သွင်းခဲ့တာကြောင့် ယူနိုက်တက် ဈေးကြီးပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် အတွက် ပွဲဦးထွက် ရာသီမှာ ဟွိုက်ဂျ်လန်းဟာ ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၁၆ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဟွိုက်ဂျ်လန်းက နောက်ပိုင်း ရာသီမှသာ ခြေစွမ်းရော စိတ်ဓာတ်ပိုင်းပါ ကျဆင်းနေတယ်လို့ ပြောလို့ ရပါတယ်။ လောလောဆယ်တော့ ယူနိုက်တက် မားသီးယက်စ် ကူညာကို ခေါ်ယူနိုင်ခဲ့သလို နောက်ထပ် တိုက်စစ်မှူးသစ် တစ်ဦး ထပ်မံ ခေါ်ယူဦးမှာ ဖြစ်တာကြောင့် ဟွိုက်ဂျန်လန်းရဲ့ ယူနိုက်တက်နဲ့ အနာဂတ်က ပိုပိုပြီး မှေးမှိန်လာခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် အင်တာမီလန် အနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ အတွက် ဘက်ဂျက် ယူရို သန်း ၄၀ ခန့် သုံးစွဲနိုင်မယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.