နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နာပိုလီမှာပဲ ဆက်နေဖို့ စီစဉ်ထားတဲ့ ဟွိုက်ဂျ်လန်း | စီးရီးအေ

နာပိုလီမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ စီးရီးအေ မှာပဲ အခြေချဖို့ စီစဉ်ထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒိန်းမတ် တိုက်စစ်မှူးဟာ ဒီနွေမှာ ယူနိုက်တက် ကနေ နာပိုလီကို တစ်ရာသီ အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပြီး နည်းပြ အန်တိုနီယို ကွန်တီ လက်အောက်မှာ ပုံစံကောင်း ပြန်ရနေတာကြောင့် အိုးထရက်ဖို့ဒ်ကို မပြန်ချင် ဖြစ်နေတာပါ။

ဟွိုက်ဂျ်လန်းဟာ အစောပိုင်းက ယူနိုက်တက်မှာပဲ ဆက်နေပြီး သူ့ရဲ့ နေရာ အတွက် တိုက်ပွဲဝင်လိုကြောင်း ပြောကြားထားခဲ့တာာပါ။ ဒါပေမယ့်လည်း စီးရီးအေ ထိပ်သီး ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိချိန်မှာတော့ ဟွိုက်ဂျ်လန်းက စိတ်ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ သူက အေစီမီလန်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် နောက်ဆုံး မှာတော့ နာပိုလီရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ရာသီကုန်မှာ ယူရို ၄၄ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟွိုက်ဂျ်လန်းရဲ့ နာပိုလီက စီးရီးအေ မှာ ၄ ပွဲကစား ၄ ပွဲ အနိုင်ရကာ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း

ဟွိုက်ဂျ်လန်းဟာ မန်ချက်စတာယူနိုက်တက်မှာ နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၉၅ ပွဲ ကစားခဲ့ပြီး ၂၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟွိုက်ဂျ်လန်းက အင်္ဂလန်လိဂ်တွေမှာ ကြုံတွေ့ရလေ့ ရှိတဲ့ ကွင်းတွင်း၊ ကွင်းပြင် ဖိအားတွေရဲ့ ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီး နာပိုလီ မှာတော့ စိတ်သစ် လူသစ်နဲ့ ကစားသမားဘဝကို ပြန်လည် စတင်နိုင်ပြီလို့ မှတ်ယူထားတာပါ။ ဟွိုက်ဂျ်လန်းဟာ လောလောဆယ်မှာ နာပိုလီ အတွက် ၃ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ဒိန်းမတ်သားက ဖီအိုရင်တီးနားနဲ့ ကစားခဲ့တဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့ပေမယ့် မန်စီးတီး (ချန်ပီယံလိဂ်)၊ ပီဆာ (စီးရီးအေ) ပွဲစဉ်တွေ မှာတော့ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။

La Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ ဟွိုက်ဂျ်လန်းက “ကျွန်တော် ဒိန်းမတ် ကနေ ထွက်ခွာလာပြီးနောက် ဩစတြီးယား မှာလည်း ကစားခဲ့ဖူးပါတယ်။ အသက် ၂၂ နှစ်နဲ့ ဆိုရင် ကျွန်တော် အတွေ့အကြုံတွေ အများကြီး ရရှိထားပြီးပါပြီ။ ဒါပေမယ့် အခု ကျွန်တော် နာပိုလီမှာ ရှိနေပြီး ဒီမှာပဲ ဆက်နေဖို့ စီစဉ်ထားပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဟွိုက်ဂျ်လန်းက လက်ရှိမှာ ဒဏ်ရာရနေတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုမယ်လူ လူကာကူနဲ့ အတူ တွဲဖက်ကစားခွင့်ရဖို့နဲ့ ဘယ်လ်ဂျီယံသား ဆီကနေ သင်ယူဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။ “လူကာကူ နေရာကို အစားထိုးဖို့က ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ နာပိုလီမှာ လော်ရန်ဇို လူကာနဲ့ ဂျူဆက်ပီ အမ်ဘရိုစီနို တို့လို တခြားသော တိုက်စစ်မှူးကောင်းတွေလည်း ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ အားလုံး လူကာကူ ပြန်လာမှာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့ အားလုံး သူ့ဆီကနေ သင်ယူစရာတွေ အများကြီး ရှိနေပါတယ်။” လို့ ဟွိုက်ဂျ်လန်းက ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟွိုက်ဂျ်လန်းရဲ့ နာပိုလီက စီးရီးအေ မှာ ၄ ပွဲကစား ၄ ပွဲ အနိုင်ရကာ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ အန်တိုနီယို ကွန်တီရဲ့ အသင်းက ချန်ပီယံလိဂ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် တန်းတက် ကလပ် ပီဆာ ကိုတော့ ၃-၂ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ နာပိုလီဟာ ဒီကနေ့ညမှာ အရေးပါတဲ့ စီးရီးအေ ပွဲစဉ် အဖြစ် မက်ဆီမီလီယာနို အယ်လီဂရီရဲ့ အေစီမီလန်နဲ့ ထိပ်တိုက် တွေ့ဆုံ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်