နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေမှာ နာပိုလီပဲ ထပ်ပြီး ဗိုလ်စွဲလိမ့်ဦးမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ဒီကာနီယို

အီတလီ နာမည်ကျော် တိုက်စစ်မှူးဟောင်း ပေါ်လို ဒီကာနီယို ကတော့ စီးရီးအေမှာ နာပိုလီ ထပ်ပြီး ဗိုလ်စွဲလိမ့်ဦးမယ်လို့ ခန့်မှန်း သုံးသပ်လိုက်ပါတယ်။ ဒီကာနီယိုက နာပိုလီရဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ ကစားသမား ခေါ်ယူမှုတွေကို ကြည့်ပြီး စကူဒက်တို ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကာနီယိုက တခြားသော စီးရီးအေ ထိပ်သီး ကလပ်တွေဟာ နာပိုလီ လိုမျိုး ချက်ချင်း အသုံးပြုနိုင်မယ့် ထိပ်တန်း ကစားသမားတွေ ခေါ်ယူနိုင်ခြင်း မရှိခဲ့ပဲ ဒီအချက်က စီးရီးအေ ချန်ပီယံဆု ပြေးလမ်းကြောင်းပေါ်မှာ ကွာဟချက်တွေ ရှိလာနိုင်တယ် ဆိုခဲ့တာ ဖြစ်ပါတယ်။ အီတလီ သတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာ ဒီကာနီယိုက “နာပိုလီက ရေပန်းအစားဆုံး အဖြစ် ဆက်ရှိနေတုန်းပါပဲ။ တခြား အသင်းတွေက အရေးကြီးတဲ့ ခေါ်ယူမှုတွေ လုပ်ခဲ့ကြပေမယ့် ပွဲထွက် ကစားသမား အဆင့်ကို ရှာတွေ့တဲ့ အသင်းက နည်းနည်းလေးပဲ ရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ နာပိုလီက ထိပ်ဆုံး နေရာက ဦးဆောင်နေတာကို ကျွန်တော် မြင်ရပါတယ်။”

“ဘာလို့လဲ ဆိုတော့ ခင်ဗျားတို ချန်ပီယံဖြစ်ပြီးတဲ့ အခါမှာ နည်းစနစ်ပိုင်းဆိုင်ရာ ဝန်ထမ်းတွေ ကလပ်နဲ့ နည်းပြတို့ အကြားက ဆက်ဆံရေးက တစ်သားတည်း ကျသွားပြီး အရမ်းကို အချိတ်အဆက်မိနေမယ် ဆိုရင်တော့ ခင်ဗျားက အမြဲတမ်း ရှေ့က ကြိုပြေးနိုင်ပါလိမ့်မယ်။ နာပိုလီက အဲ့ဒီ တည်ငြိမ်မှုကို ရှာတွေ့ခဲ့ပြီး ပစ်မှတ်ထားတဲ့ ကစားသမားတွေ ကိုပဲ ထပ်ပြီး ပေါင်းထည့်လိုက်ရုံပါပဲ။ နည်းပြ ကွန်တီ ကလည်း သူတောင်းဆိုတဲ့ အရာတွေကို ဒီမှာ ရနိုင်မယ် ဆိုတာ နားလည်ထားလို့ အသင်းမှာ ဆက်ရှိနေခဲ့တာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ စီးရီးအေ ချန်ပီယံ နာပိုလီ ကတော့ ရာသီ အဖွင့် ပွဲစဉ် ၂ ပွဲ စလုံး အနိုင်ရထားပြီး အမှတ်ပေးဇယားကို ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။ နေပဲလ် ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲကို နောက်ကျမှ ဝင်ရောက်လာခဲ့ပေမယ့်လည်း မှန်ကန်တဲ့ ခေါ်ယူမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နာပိုလီက အရင်ဆုံး ပရီးမီးယားလိဂ် ဝါရင့် ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနားကို ခေါ်ယူခဲ့ပြီး ဘယ်လ်ဂျီယံသား နာပိုလီ အတွက် ၂ ပွဲ ကစား ၁ ဂိုး သွင်းထားပါတယ်။ ဒါ့အပြင် ဒီဘရွန်းနားက ချန်ပီယံလိဂ် အတွေ့အကြုံ ပြည့်ဝပြီး ပွဲကြီး ကစားသမား ဖြစ်တာကြောင့် ဒဏ်ရာသာ မကြာခဏ မရနေခဲ့ရင် တကယ့်ကို အသင်း အတွက် သက်ရောက်မှု ရှိသူ ဖြစ်ပါတယ်။ 

ဒါ့အပြင် နာပိုလီက အဓိက တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ဒဏ်ရာရသွားချိန်မှာလည်း ယူနိုက်တက်က ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို အရ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပေမယ့် စီးရီးအေ ကတော့ သူ့ရဲ့ အောင်မြေ ဖြစ်တာကြောင့် သူ့ရဲ့ အရသ်လို ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒိန်းမတ် တိုက်စစ်မှူးက အတ္တလန္တာမှာ ပြိုင်ပွဲစုံ ၃၄ ပွဲ ကသားပြီး ၁၀ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။

နာပိုလီ ကတော့ နိုင်ငံတကာ ရက်သတ္တပတ် အပြီးမှာ စီးရီးအေ ပွဲစဉ် အဖြစ် ဖီအိုရင်တီးနားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ချန်ပီယံလိဂ် ရာသီသစ် အဖွင့် ပွဲစဉ် အဖြစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဒီဘရွန်းနားရဲ့ မန်ချက်စတာစီးတီးနဲ့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘရွန်းနား တစ်ယောက် အသင်းပြောင်းပြီး သိပ်မကြာခင်မှာပဲ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်