နာမည်ကျော် စပိန် လက်ရွေးစင် ဝါရင့် ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ကတော့ လက်ရှိ စီးရီးအေ ကလပ် ဖီအိုရင်တီးနားမှာ နောက်ထပ် တစ်ရာသီ ဆက်ရှိဖို့ သေချာနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဖီအိုရင်တီးနားဟာ လက်တလော အသင်း အတွက် လက်စွမ်းပြနေတဲ့ သူတို့ ဂိုးသမားရဲ့ စာချုပ်မှာ ပါဝင်တဲ့ ၁ နှစ် သက်တမ်း တိုးခွင့် ရွေးချယ်မှုကို အသက်သွင်းသွားတော့မှာ ဖြစ်ကြောင်း အီတလီက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အခုဆိုရင် ဒါးဗစ် ဒက်ဟဲယားက ဒီရာသီမှာ ဖီအိုရင်တီးနား အတွက် စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ ၃၂ ပွဲ အထိ ပါဝင် ကစားထားပြီးတော့ အသင်းရဲ့ အဓိက ဂိုးသမား တစ်ဦးပါ ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် ဒက်ဟဲယားက ပြိုင်ပွဲစုံမှာ ၁၀ ပွဲ အထိ ဂိုးမပေးရအောင် စွမ်းဆောင်ထားပြီးတော့ ပြီးခဲ့တဲ့ ကွန့်ဖရင့်လိဂ် ပွဲစဉ် မှာလည်း စပိန်သားကြီးက အသင်း အတွက် ထူးရှယ် လက်စွမ်းပြနိုင်ခဲ့ပါသေးတယ်။ ဒါကြောင့် ဖီအိုရင်တီးနား ဘက်က သူတို့ရဲ့ ဂိုးသမားကြီးကို ၁ နှစ် သက်တမ်းတိုးခွင့် ရွေးချယ်မှု အတိုင်း သက်တမ်းတိုးဖို့ ဆုံးဖြတ်ထားသလို မကြာခင်မှာ တရားဝင် ထုတ်ပြန် ကြေညာသွားဖို့ ရှိနေကြောင်း သိရပါတယ်။ အကယ်၍ ဒက်ဟဲယားဟာ အခုလို တည်ငြိမ်တဲ့ လက်စွမ်းကို ဆက်လက် ထိန်းထားနိုင်ဦးမယ် ဆိုရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာပါ စပိန် အသင်းနဲ့ အတူ ပါဝင် ဆင်နွှဲနိုင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။

ဒက်ဟဲယားက လက်ရှိမှာ အသက် အရွယ် အားဖြင့် ၃၄ နှစ် ရှိနေပြီ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် အသင်း လက်မဲ့ အဖြစ်နဲ့ ၁ နှစ် နီးပါး ဖြတ်သန်းခဲ့ရသူပါ။ ဒက်ဟဲယားဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ ဖီအိုရင်တီးနား အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ဟာ ယူနိုက်တက် ဂိုးသမားဟောင်းကို ၁ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့် ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။
ဒက်ဟဲယားဟာ ပွဲထွက်မကစားတာ ကြာပြီ ဖြစ်တာကြောင့် ဖီအိုရင်တီးနား အတွက် အစပိုင်း ပွဲစဉ် တချို့မှာ အမှားအယွင်းတွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒက်ဟဲယားက နောက်ပိုင်း မှာတော့ လက်စွမ်း တည်ငြိမ်လာခဲ့ပြီးတော့ အခု ဆိုရင်တော့ အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ဒက်ဟဲယား အနေနဲ့ လက်တလော လက်စွမ်း ပြန်တက်လာသလောက် တစ်ဖက် မှာလည်း သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် ကတော့ ဂိုးသမား အန်ဒရေ အိုနာနာ ပေးတဲ့ ဒုက္ခတွေနဲ့ လုံးပန်းနေရပါတယ်။ တန်ဟက်ဂ် လက်ထက်မှာ အင်တာမီလန် ကနေ အားကိုးတကြီး ခေါ်ယူခဲ့ရတဲ့ အိုနာနာဟာ မကြာခဏ ဆိုသလို အမှားတွေ ဆက်တိုက် ကျူးလွန်နေတာကြောင့် အသင်းက ဂိုးတွေ တောက်လျောက် ခွင့်ပြုပေးနေရပါတယ်။ ဒါကြောင့် အခုဆိုရင် ကင်မရွန်း လက်ရွေးစင် ဂိုးသမားရဲ့ ယူနိုက်တက်နဲ့ အနာဂတ်က တော်တော်လေး လှုပ်ခတ်နေပြီး အသင်း ကလည်း ဂိုးသမားသစ် တစ်ဦး ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.