နာပိုလီ ကတော့ တနင်္ဂနွေနေ့ညက ဘိုလော့ဂ်နာကို အဝေးကွင်းမှာ ၂-၀ နဲ့ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီ ကတော့ အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ စကားပြောဆိုဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ နာပိုလီဟာ လက်ရှိမှာ ခြေစွမ်းပိုင်း သိသိသာသာ ယိမ်းယိုင်နေပြီး စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စီးရီးအေ လက်ရှိ ချန်ပီယံ တို့ဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယား ထိပ်ဆုံး နေရာ ကနေ ဆင်းပေးခဲ့ရပြီး အဆင့် ၄ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီရှုံးပွဲက နာပိုလီ အတွက် ဒီရာသီ စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံမှာ ၅ ပွဲမြောက် ရှုံးပွဲ ဖြစ်သလို နောက်ဆုံး ၃ ပွဲ ဆက်တိုက်လည်း ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ နာပိုလီက လက်ရှိမှာ မီရတ်၊ စပင်နက်ဇိုလာ၊ ဂီးလ်မော၊ ကီဗင် ဒီဘရွန်းနား၊ လူကာကူ တို့လို ကစားသမားတွေ ဒဏ်ရာရရှိနေခြင်းနဲ့ အတူ အသင်းရဲ့ ရလဒ်ပိုင်း အတွက်ပါ သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီလို အခြေအနေတွေကို နည်းပြ အန်တိုနီယို ကွန်တီက ရာသီမစခင် ကတည်းက ကြိုမြင်ခဲ့ပြီး ထိရောက်တဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ အသင်းကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း နာပိုလီ တာဝန်ရှိသူတွေက ကွန်တီရဲ့ တောင်းဆိုမှုတွေကို အပြည့်အဝ လိုက်လျောခဲ့ခြင်း မရှိပဲ အခုတော့ နေပဲလ် ကလပ်က ရာသီ အလယ် မရောက်ခင်မှာပဲ ရုန်းကန်နေရပြီ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ကွန်တီဟာ လွန်ခဲ့တဲ့ ၃ ပတ်လောက်တုန်းက ပီအက်စ်ဗွီကို ၆-၂ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် အပြီး မှာလည်း နွေရာသီအပြောင်းအရွှေ့ အတွင်း ကစားသမားသစ်တွေ အများကြီး ခေါ်ယူခဲ့မိတာက မှားယွင်းသွားပြီ ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်တုန်း ကလည်း ကွန်တီက နာပိုလီကို စွန့်ခွာမယ်လို့ အခုလိုပဲ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အီတလီလူမျိုး ဂျာနယ်လစ် တစ်ဦး ဖြစ်တဲ့ မက်တေးယို မိုရက် တိုက ကွန်တီဟာ သူ့ရဲ့ ရာထူးနဲ့ ပတ်သက်ပြီး အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက် စကားပြောဆိုသွားမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဘိုလော့ဂ်နာနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ကွန်တီက “၅ ပွဲမြောက် ရှုံးနိမ့်ခဲ့တာဟာ တစ်ခုခု မှားနေပြီ ဆိုတဲ့ သဘောပါပဲ။ တစ်ခုခု ကိုတော့ ပြတ်ပြတ်သားသား လုပ်ဆောင်မှ ရပါတော့မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က လူသေကောင်တွေနဲ့ အတူ အလုပ်မလုပ်ချင်ပါဘူး။ အသင်း ရလဒ် အတွက် တာဝန်အရှိဆုံး ပထမလူက ကျွန်တော်ပါပဲ။ အခုအချိန်မှာ အသင်းက အစိတ်အစိတ်အမွှာမွှာ ဖြစ်နေပြီး ဒီအနေအထားနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေနဲ့ ကျွန်တော် စကားပြောဆိုသွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး ကွန်တီက “လေးလကြာသွားပြီ၊ အပြုသဘောဆောင်တဲ့ စွမ်းအင်ကို မမြင်ရသေးပါဘူး။ Chemistry မိမိနဲ့ အခက်အခဲ အတားအဆီးတွေကို ကျော်လွှားချင်တဲ့ အသင်း တစ်သင်းကို မမြင်ရသေးဘူး။ ကျွန်တော် ကောင်းကောင်း မလုပ်နိုင်ဘူး။ လူတိုင်းက ကိုယ့်ပြဿနာတွေ အကြောင်း စဉ်းစားနေတယ်လို့ပဲ ကျွန်တော် မြင်တယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကို ပြောင်းလဲချင်ရင်တော့ အချိန်ရှိပါသေးတယ်။ ဒီ ၅ ကြိမ်မြောက် ရှုံးပွဲကို ကျွန်တော် မကြိုက်ဘူး။ သူတို့ကို ကာကွယ်ဖို့လည်း မလိုဘူး။ လေးလ အတွင်း ကျွန်တော် ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး ဆိုတာ ရှင်းနေတာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ချင်ပါဘူး။ ပြီးတော့ တာဝန်ယူရတဲ့ ပထမဆုံးသူလည်း ဖြစ်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


