ဩဂုတ်လ ၂၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ဟောင်း ဒူဆန် ဗလာဟိုဗစ်ကို ဒီနွေရာသီမှာ အလက်ဇန္တား ဆောလော့သ်ရဲ့ နေရာ အတွက် အစားထိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဗလာဟိုဗစ် ကိုတော့ စီးရီးအေ ထိပ်သီး အင်တာမီလန်က ဒီရက်ပိုင်း အတွင်း စိတ်ဝင်စားလာကြောင်းလည်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ်က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နယူးကာဆယ် ယူနိုက်တက် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို နောက်ကျမှ ကြားဖြတ် ခေါ်ယူဖွယ် ရှိနေကြောင်း le10sport က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၅၀ (ပေါင် ၁၂၉ သန်း) ထက် ကျော်လွန်ပေးချေဖို့တောင် တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း သိရပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာမှာ နေရာ တစ်နေရာ ရရှိဖို့ အတွက် ကြိုးပမ်းနေပေမယ့်လည်း နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ မန်ချက်စတာယူနိုက်တက် အငှားကစားသမားထံ ကနေ အခုထက် ပိုတဲ့ လုပ်အားနှုန်း လိုချင်နေကြောင်း သိရပါတယ်။
ဝုဗ် ကတော့ ပြီးခဲ့တဲ့ ရာသီက စီးရီးအေရဲ့ အမြန်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဗီရိုနာ နောက်ခံလူ ဂျက်ဆင် ချက်ချူအာကို ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ ကင်မရွန်း လက်ရွေးစင် ချက်ချူအာ ကတော့ ညာနောက်ခံလူ အဖြစ်ရော တောင်ပံ ကစားသမား အဖြစ်ပါ ကစားနိုင်သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက တစ်နာရီကို ၃၆.၃ ကီလိုမီတာနှုန်း အထိ ပြေးလွှားနိုင်ခဲ့တာကြောင့် စီးရီးအေရဲ့ အမြန်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်ဟာ အသက် ၂၃ နှစ် အရွယ် ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂.၅ သန်း ပေးချေခဲ့ရပြီး ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အဲဗာတန်၊ ဘရန့်ဖို့ဒ်နဲ့ လိဒ်စ်ယူနိုက်တက် တို့ကတော့ ဂီတာဖေးက ခရစ္စတန်တပ်စ် အူချီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Carrusel Deportivo က ဖော်ပြပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ လူငယ် နောက်ခံလူ ဂျက်ပ် စပန့်စ်ကို ကာလရှည် စာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် စပန့်ရဲ့ မူလစာချုပ်က ၂၀၂၃ ခုနှစ်မှာ ချုပ်ဆိုထားတာ ဖြစ်ပြီး မြောက်လန်ဒန် ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ အတွက် ကလပ် အသင်းချင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ ဘာရာဒါနဲ့ ချဲလ်ဆီး အကြီးအကဲတွေ အကြားမှာ ဆက်ဆံရေး အလွန်ကောင်းမွန်တာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ဂါနာချို ကလည်း ချဲလ်ဆီး ကိုပဲ ပြောင်းရွှေ့ချင်နေပြီး လွန်ခဲ့တဲ့ ၄၈ နာရီ အတွင်း ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှု ကိုလည်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.