နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာတင်နယ်လီ ထွက်ခွာခဲ့ရင် ရာဖေးလ် လီယောင်နဲ့ အစားထိုးချင်နေတဲ့ အာဆင်နယ်၊ ရီအင်ဒါကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်တဲ့ မန်စီးတီး | စီးရီးအေ

ဒီတစ်ကြိမ် မှာတော့ စီးရီးအေနဲ့ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့နဲ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂါဘရီရယ် မာတင်နယ်လီ အနေနဲ့ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာခဲ့မယ် ဆိုရင်တော့ အာဆင်နယ်က စီးရီးအေ ကလပ် အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ Football Insider ရဲ့ ဖော်ပြချက် အရ ပရီးမီးယားလိဂ် ကလပ်ဟာ တိုက်စစ်ပိုင်း အတွက် အဆင့် မြှင့်တင်မှုတွေ ပြလုပ်ဖို့ ရှိနေတာကြောင့် ဘရာဇီးလ်သားကို ရောင်းချဖို့ ရှိနေတာ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ မန်ချက်စတာစီးတီးက စိတ်ဝင်စားနေတဲ့ ညာနောက်ခံလူ နီကိုလို ဆာဗိုနာကို စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း Tuttomercatoweb က ဖော်ပြခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ဒီကစားသမားဟာ ၂၀၃၀ ခုနှစ် အထိ တူရင် ကလပ်နဲ့ စာချုပ်သပ်တမ်းတိုးသွားဖွယ် ရှိနေပါတယ်။

အေစီမီလန် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်နေတဲ့ ကွင်းလယ်လူ တီဂျန်နီ ရီအင်ဒါ ကို ရောင်းချမယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ (ပေါင် ၅၈.၉ သန်း) တောင်းဆိုသွားဖို့ ရှိနေပါတယ်။ ဒီကစားသမား ကိုတော့ မန်ချက်စတာစီးတီး ကလည်း ခေါ်ယူချင်နေပါတယ်။

မန်စီးတီး အနေနဲ့ တီဂျန်နီ ရီအင်ဒါ ကို ပေါင် သန်း ၅၀ ကျော် တန်ကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အေစီမီလန် ဘက်က ပယ်ချခဲ့ကြောင်း Teamtalk က ဖော်ပြခဲ့ပါတယ်။ ရီအင်ဒါ ကိုတော့ မန်စီးတီးက ကီဗင် ဒီဘရွန်းနား နေရာမှာ အစားထိုးချင်နေပြီး ဘယ်ဂျီယံသား ကတော့ အက်စတွန်ဗီလာထံ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သိရပါတယ်။ 

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ မန်ချက်စတာစီးတီးက စိတ်ဝင်စားနေတဲ့ ညာနောက်ခံလူ နီကိုလို ဆာဗိုနာကို စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း Tuttomercatoweb က ဖော်ပြခဲ့ပါတယ်။
ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ တီဂျန်နီ ရီအင်ဒါ

TuttoMercatoWeb ရဲ့ ဖော်ပြချက် အရ ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီမှာ ကသောင်းကနင်း ဖြစ်နေချိန်တဲ့ အေစီမီလန်ရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီးတော့ အကယ်ဒမီထွက် ကစားသမားဟောင်း သီယို ဟာနန်ဒက်ဇ်ကို ပြန်လည် ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ဒီပြင်သစ် ဘယ်နောက်ခံလူ ကိုတော့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း အလိုရှိနေပါတယ်။

ရောဘတ် လီဝမ်ဒေါစကီးရဲ့ အရန် အဖြစ် ကစားနေတဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ် ကတော့ ဒီနွေရာသီမှာ အက်စတွန်ဗီလာရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ဖာမင်း လိုပက်ဇ် ကိုလည်း ပရီးမီးယားလိဂ် ကလပ် တစ်ခုက ပစ်မှတ်ထားနေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီး ကလည်း ဒန်နီ အော်လမိုကို စိတ်မဝင်စားကြောင်း လူသိရှင်ကြား ငြင်းပယ်ခဲ့ပြီးနောက် ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမားကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့တယ်လို့ ယူဆရပါတယ်။ 

ရေးဗား ပလိတ်ရဲ့ ခြေစွမ်းပြ ကစားသမား ဖရန်ကို မတ်စတန်တူအိုနို ကတော့ ဘာစီလိုနာ သို့မဟုတ် ရီးရဲလ်မက်ဒရစ် အသင်းထံ တိုက်ရိုက် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် ကစားသမားဟာ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ တခြား ဘယ်ကလပ်ကို မဆို ငြင်းပယ်သွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဒီနွေရာသီမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ချင်နေတာကြောင့် မေဂျာလိဂ် ဘောလုံး (MLS) နဲ့ ချိတ်ဆက်မှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူးကြီး ကိုတော့ အမည်မဖော်လိုတဲ့ ဘရာဇီးလ် ကလပ် တစ်ခုက ကမ်းလှမ်းခဲ့ကြောင်း MARCA က ဖော်ပြခဲ့ပါတယ်။ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ တောင်အမေရိက ကလပ် ၄ ခု ကတော့ ဘိုတာဖိုဂို၊ ဖလာမင်ဂို၊ ဖလူမီးနီးစ်နဲ့ ပါလ်မီးရက်စ် တို့ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်