နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နာပိုလီက စီးရီးအေ ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း ပြောကြားလိုက်တဲ့ အယ်လီဂရီ | စီးရီးအေ

လက်ရှိ ချန်ပီယံ နာပိုလီ အနေနဲ့ ဒီရာသီမှာလည်း စီးရီးအေ ဖလားကို ထပ်မံ ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း အေစီမီလန် နည်းပြ မက်စ် အယ်လီဂရီ ကတော့ ယုံကြည်နေပါတယ်။ အေစီမီလန်ဟာ ဒီကနေ့ညမှာ အန်တိုနီယို ကွန်တီရဲ့ အသင်းကို ဆန်စီရိုမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပြီး ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ နာပိုလီကို ရပ်တန့်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အေစီမီလန်ဟာ စီးရီးအေ ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံး ရမှတ် ၉ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ အေစီမီလန် အနေနဲ့ ဒီရာသီမှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံထားခြင်း မရှိသေးပဲ သူတို့ရဲ့ ခြေစွမ်းကို နာပိုလီနဲ့ စတင် အစမ်းသပ်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အေစီမီလန်ဟာ ပြီးခဲ့တဲ့ ရာသီ နာပိုလီနဲ့ တွေ့ဆုံမှု ၂ ကြိမ်စလုံး ရှုံးနိမ့်ထားတာကြောင့်လည်း ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာပါ။

ဒီပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲ မှာတော့ အယ်လီဂရီက ပြိုင်ဘက် အသင်း အပေါ် အခုလိုပဲ မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။ အယ်လီဂရီက “ပြီးခဲ့တဲ့ရာသီက စကူဒက်တိုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တဲ့ နာပိုလီကို မနက်ဖြန်မှာ ရင်ဆိုင်ရမှာပါ။ သူတို့မှာ အရေးကြီးတဲ့ အပြောင်းအရွှေ့ ကာလ တစ်ခု ရှိခဲ့ပြီး ချန်ပီယံဆု အတွက် သူတို့က ရေပန်းအစားဆုံးလို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ ကွန်တီက ကစားသမားတွေဆီက အကောင်းဆုံးတွေကို ဘယ်လို ရယူရမလဲ ဆိုတာ သိတဲ့သူပါ။ သူတို့ရဲ့ နောက်ဆုံး ၂၆ ပွဲမှာ ၁၈ ပွဲ အနိုင်ရခဲ့ပါတယ်။ မကြာသေးတဲ့နှစ်တွေ အတွင်းမှာ အေစီမီလန်ဟာ နာပိုလီကို အိမ်ကွင်းမှာ အမြဲရှုံးခဲ့ပါတယ်။ အဲဒီကိန်းဂဏန်းတွေကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။ အရေးကြီးတဲ့ စမ်းသပ်မှု တစ်ခုလည်း ဖြစ်လာမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

နာပိုလီဟာ ပြီးခဲ့တဲ့ စီးရီးအေ ပွဲမှာ ပီဆာကို အနိုင်ရရှိထားခဲ့သလို ရှေ့ပွဲတွေမှာလည်း ဆာဆူအိုလို၊ ကက်ဂလီယာရီနဲ့ ဖီအိုရင်တီးနား တို့ကို အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီ

နာပိုလီဟာ ပြီးခဲ့တဲ့ စီးရီးအေ ပွဲမှာ ပီဆာကို အနိုင်ရရှိထားခဲ့သလို ရှေ့ပွဲတွေမှာလည်း ဆာဆူအိုလို၊ ကက်ဂလီယာရီနဲ့ ဖီအိုရင်တီးနား တို့ကို အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒီလို နိုင်ပွဲတွေနဲ့ အတူ စီးရီးအေ ဇယားကို ဦးဆောင်နေပေမယ့်လည်း အန်တိုနီယို ကွန်တီ ကတော့ သူ့ရဲ့ အသင်း အနေနဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ အပေါ် သဘောမကျကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “လူတွေက ကျွန်တော် တို့ကို ရေပန်းစားနေတဲ့ အသင်းလို့ ပြောတဲ့ အခါမှာ အဲ့ဒါက ရူးမိုက်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့က မနှစ်က ဥရောပ ပြိုင်ပွဲတွေမှာ အဆင့် ၁၀ ပြင်ပနဲ့ ရာသီသိမ်းခဲ့ရလို့ပါ။ ကျွန်တော် ကတော့ ဘယ်သူ့ကိုမှ ရေပန်းအစားဆုံးလို့ မသတ်မှတ်ထားပါဘူး။ သူတို့ရဲ့ သမိုင်း၊ အစဉ်အလာ၊ လုပ်ခလစာနဲ့ ငွေကြေးတန်ဖိုးတွေကြောင့် မီလန်၊ အင်တာမီလန်နဲ့ ဂျူဗင်တပ် တို့က ဘောလုံးသမိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဉမှာ အမြဲတမ်း ပါဝင်ခဲ့ကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ သူတို့က သန်မာတဲ့ အသင်းတွေပါ။ ဘယ်သူ အသင်းက ရေပန်းစားတယ်။ မစားဘူးလို့ မရှိပါဘူး။ အဲတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော် မဖြေချင်ပါဘူး။ ကျွန်တော် တို့က အာရုံစိုက်နေဖို့ပဲ လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်