မာဆေးလ်မှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန် တိုက်စစ် ကြယ်ပွင့် မေဆင် ဂရင်းဝ်ဒ် ကတော့ ဥရောပထိပ်တန်း ကလပ်တွေ အပြင် ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့်လည်း ဂရင်းဝုဒ် ကိုယ်တိုင် ကတော့ သူ့ရဲ့ ကစားသမားဘဝကို ဥရောပ မှာသာ ဆက်လက် ဖြတ်သန်းလိုနေပြီးတော့ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ လုံးဝ အစီအစဉ် မရှိကြောင်း သိရပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ်တွေက ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အသင့် ရှိနေကြောင်း သိရပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ် အနေနဲ့ တချို့သော ထိပ်တန်း ကစားသမားတွေရဲ့ လမ်းစဉ် အတိုင်း လိုက်ဖို့ မစဉ်းစားထားကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်တွေ အနေနဲ့ ယူနိုက်တက် တောင်ပံ ကစားသမားဟောင်းကို ခေါ်ယူဖို့ ယခင်ကလည်း ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးပါတယ်။ ဂရင်းဝုဒ်ကို မြင့်မားတဲ့ လုပ်ခလစာ ပြောင်းရွှေ့ကြေးတွေနဲ့ မက်လုံးပေး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပေမယ့်လည်း အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒီတစ်ကြိမ် မှာလည်း ဆော်ဒီပရိုလိဂ် ကလပ်တွေက အင်္ဂလန်သားကို ခေါ်ယူဖို့ လက်မလျှော့ပဲ ထပ်မံ ကြိုးပမ်းဖို့ ရှိနေတာပါ။ ဂရင်းဝုဒ် အနေနဲ့ အရှေ့အလယ်ပိုင်း ကလပ်တွေဆီ ပြောင်းရွှေ့လိုခြင်း မရှိပေမယ့်လည်း အသင်း ပြောင်းရွှေ့ဖွယ်တော့ ရှိနေကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

ဂရင်းဝုဒ်ကို စောင့်ကြည့်နေတဲ့ ဥရောပ ထိပ်တန်း ကလပ်တွေထဲမှာ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်၊ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်နဲ့ နာပိုလီ တို့ ပါဝင်နေပါတယ်။ ဒီလို စိတ်ဝင်စားခြင်း ခံနေရတာကြောင့်လည်း ဂရင်းဝုဒ်က အသက်အရွယ် ငယ်ရွယ်နေသေးချိန်မှာ ငွေကြေး တစ်ခုတည်းကို မကြည့်ပဲ အောင်မြင်မှုတွေ အတွက် ဥရောပမြေမှာ ဆက်နေချင်ပုံ ရပါတယ်။
ဂရင်းဝုဒ်ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် ကတော့ ကစားသမားရဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ခြေ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ အကြောင်းရင်း ကတော့ ဂရင်းဝုဒ်ကို မာဆေးလ်ဆီ ပေါင် ၂၇ သန်းနဲ့ ရောင်းချခဲ့စဉ်က သဘောတူညီချက်ထဲမှာ “Sell-on Clause” ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်မှာ မာဆေးလ် အနေနဲ့ ဂရင်းဝုဒ်ကို ပြန်လည် ရောင်းချလို့ ရရှိလာမယ့် ပြောင်းရွှေ့ကြေး စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်း ကိုတော့ ယူနိုက်တက်က အသင့် ခံစားခွင့် ရရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လီဂူးဝမ်း ကလပ်နဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ် အစီအစဉ်တွေဟာ ယူနိုက်တက် အတွက် ဘဏ္ဍာရေးအရ အရေးပါနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဆော်ဒီပရိုလိဂ် ကတော့ ခရစ္စတီယာနို ရော်နယ်ဒို၊ ကာရင် ဘန်ဇီမာ၊ လာပေါ့တ်၊ မာနေး၊ ဘရိုဇိုဗစ်၊ ကူလီဘလီ တို့လို နာမည်ကျော် ထိပ်တန်း ကစားသမား အများအပြားကို ငွေကြေး မက်လုံးပေးပြီး ခေါ်ယူထားနိုင်တဲ့ လိဂ် ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ ကိုတော့ ကစားသမား တော်တော်များများက ရှောင်လွှဲဖို့ ခက်ကြပြီး ဂရင်းဝုဒ် ကတော့ ဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက်ကို ရွေးချယ်ဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဂရင်းဝုဒ် ကတော့ လီဂူးဝမ်း ကလပ် မာဆေးလ် အတွက် ပွဲဦးထွက် ရာသီမှာပဲ ၁၈ ဂိုးသွင်းကာ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.