ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် ကတော့ နည်းပြချုပ် လောရင့် ဘလန့်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဇာဗီ ဟာနန်ဒက်ဇ်ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုနေကြောင်း သိရပါတယ်။ လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့ ကာတာ ကလပ် အဲလ်ဆတ်ဒ် နည်းပြဟောင်း ဇာဗီ ကတော့ လက်ရှိမှာ အနားယူနေပြီး ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ နည်းပြ ရာထူးကို လက်ခံသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် လက်ရှိ ချန်ပီယံ ဖြစ်တဲ့ အဲလ်အစ်တီဟတ် ကတော့ အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် ၄ မှာ အဓိက ပြိုင်ဘက် အဲလ်နာဆာကို အိမ်ကွင်းမှာ ၀-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြင်သစ် လူမျိုး နည်းပြ လောရင့် ဘလန့်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ လောရင့် ဘလန့် ကတော့ အဲလ် အစ်တီဟတ်ကို ၄၆ ပွဲ ကိုင်တွယ်ပြီး ၃၅ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၆ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘလန့်က အဲလ်အစ်တီဟတ် အတွက် ဆော်ဒီပရိုလိဂ်နဲ့ ဆော်ဒီဘုရင့်ဖလား တို့ကို ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဖြစ်ပေမယ့် မထင်မှတ်ပဲ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲလ်အစ်တီဟတ်ဟာ ရာသီအစ ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်မှာ အဲလ်နာဆာကို ရှုံးနိမ့်ခဲ့သလို AFC ချန်ပီယံလိဂ် လိဂ် အဆင့် အဖွင့်ပွဲမှာလည်း ယူအေအီး ကလပ် အဲလ်ဝါဒါကို ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် အခုလို တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်းအတက်အကျ မမှန်တဲ့ အခြေအနေကို သဘောမကျတဲ့ အဲလ် အစ်တီဟတ် တာဝန်ရှိသူတွေက ဘလန့်ကို ထုတ်ပယ်ပြီး ထိပ်တန်း နည်းပြသစ် တစ်ဦးနဲ့ အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အဲလ်အစ်တီဟတ်ဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇာဗီကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားသလို၊ အီတလီ လက်ရွေးစင် နည်းပြဟောင်း စပယ်လက်တီနဲ့ အေစီမီလန် နည်းပြဟောင်း ကွန်စီကာအို တို့ကိုလည်း ချိန်ရွယ်နေကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှစ် နွေရာသီမှာ ဘာစီလိုနာနဲ့ လမ်းခွဲခဲ့ပြီး ကတည်းက အသင်း လက်မဲ့ ဖြစ်နေတဲ့ ဇာဗီကို မန်ချက်စတာယူနိုက်တက် ကလည်း ရူဘင် အမော်ရင်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ ဇာဗီ အနေနဲ့ လက်ရှိမှာ ပရီးမီးယားလိဂ် အကြောင်း လေ့လာနေပြီး ယူနိုက်တက် ကသာ ကမ်းလှမ်းခဲ့မယ် ဆိုရင်တော့ ချက်ချင်းပဲ လက်ခံနိုင်ဖွယ် ရှိနေတယ် လို့လည်း သုံးသပ်ဖော်ပြခဲ့ပါတယ်။ ဇာဗီဟာ တစ်ချိန်က နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို မခန့်အပ်မီနဲ့ ရူဘင် အမော်ရင်ကို မခန့်အပ်ခင်တုန်းကလည်း ယူနိုက်တက်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဇာဗီဟာ ဘာစီလိုနာနဲ့ အတူ ကစားသမား ဘဝမှာ အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိခဲ့သလို နည်းပြဘဝ မှာလည်း လာလီဂါ၊ စူပါဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ဇာဗီက အဲလ်ဆက်ဒ်မှာလည်း ဆုဖလား ၅ လုံး ရယူနိုင်ခဲ့ပြီးတော့ အရှေ့အလယ်အပိုင်း ကလပ်တွေမှာ အတွေ့အကြုံ ရှိသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.