ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလာ ကတော့ ဒီတစ်ပတ် အတွင်းမှာ တိုက်စစ်မှူး တစ်ဦး အမြန်ဆုံး ခေါ်ယူနိုင်ဖို့ မျှော်လင့်လျက် ရှိကြောင်း သိရပါတယ်။ ဒီလို တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူပေးဖို့လည်း နည်းပြ ဖြစ်သူ ဆိုင်မွန် အင်ဇာဂီက အသင်းထံ တောင်းဆိုထားပြီးတော့ အဲလ်ဟီလာ တာဝန်ရှိသူတွေ အနေနဲ့လည်း ပစ်မှတ်ထားနေတဲ့ ကစားသမား တော်တော်များများကို ချဉ်းကပ်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
လက်ရှိ အဲလ်ဟီလာမှာ အလက်ဇန္တား မီထရိုဗစ်၊ မားကို့စ် လီယိုနာဒို၊ မဲလ်ကွန် တို့လို တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေကာ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်နဲ့ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် တို့ကို ပစ်မှတ်ထားလျက် ရှိပါတယ်။
အစောပိုင်း သတင်းတွေမှာ ဖော်ပြချက် အရ ဆိုရင် အိုဆင်မ်ဟန်ကို ဆော်ဒီပရိုလိဂ် ကလပ်က တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၄၀၊ ၃ နှစ် စာချုပ်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် နောက်ထပ် တစ်နှစ် စာချုပ် သက်တမ်း တိုးခွင့်လည်း ပါရှိပြီးတော့ စာချုပ် သက်တမ်း ပြည့်ရင် နိုင်ဂျီးရီယားသား ဟာ ယူရို သန်း ၁၆၀ အထိ ရရှိဖို့လည်း ရှိနေတာပါ။ ဒါ့အပြင် အိုဆင်မ်ဟန်ဟာ အဲလ်ဟီလာ ကိုသာ ပြောင်းရွှေ့ခဲ့ရင်တော့ ကမ္ဘာ့ လုပ်ခလစာ အကောင်းဆုံး ဘောလုံးသမား စာရင်းလည်း ဝင်သွားမှာ ဖြစ်ပါတယ်။ စီးရီးအေ ချန်ပီယံတွေ ကတော့ သူတို့ ကစားသမားရဲ့ အပြောင်းအရွှေ့ကို ပြည်တွင်း ကလပ်တွေဆို တစ်ဈေး၊ ပြည်ပ ကလပ်တွေကို တစ်ဈေး သတ်မှတ်ပေးထားပါတယ်။ သတင်းတွေအရ ဆိုရင် ပြည်ပ ကလပ်တွေ အတွက် သတ်မှတ်ထားတဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို ၇၅ သန်း ဖြစ်ပြီးတော့ ဒီပမာဏကို အပြည့်အဝ ပေးချေတဲ့ ဘယ်အသင်းကို မဆို နာပိုလီက ရောင်းချဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

ဆီမြွန်နီ အင်ဇာဂီ ကတော့ အဲလ်ဟီလာကို ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့် အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် လာမယ့်ရာသီမှာ ဆုဖလားတွေကို ပိုမို စိန်ခေါ်နိုင်ဖို့ အတွက် အားရစရာ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ အမြန်ဆုံး ပြုလုပ်လိုနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ်ဟာ အိုဆင်မန်နဲ့ ဗလာဟိုဗစ် တို့ နှစ်ဦးစလုံးနဲ့ ဆွေးနွေးနေပေမယ့် ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ အလားအလာ ပိုကောင်းနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။
ဒူဆန် ဗလာဟိုဗစ် ကလည်း ဒီနွေရာသီမှာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး တူရင် ကလပ် ဘက်ကလည်း ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဆားဘီးယား တိုက်စစ်မှူး ကိုတော့ ဥရောပထိပ်တန်း ကလပ် တော်တော်များများက စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေပေမယ့် အမှန်တကယ် ကမ်းလှမ်းထားတဲ့ အသင်းတွေ ကတော့ တော်တော်လေး နည်းပါးနေဆဲ ဖြစ်ပါတယ်။ ဗလာဟိုဗစ် ကတော့ ဂျူဗင်တပ်စ် အတွက် ၄ ရာသီ အတွင်း ၁၄၅ ပွဲ ကစားကာ ၅၈ ဂိုးသွင်းပြီး ၁၄ ဂိုး ဖန်တီးပေးထားပါတယ်။ သူ့ရဲ့ လက်ရှိ ဈေးကွက် တန်ကြေး ကတော့ ပေါင် ၃၄ သန်း ဝန်းကျင် ရှိနေပြီး စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ကလည်း နီးကပ်နေပြီ ဖြစ်တာကြောင့် ဂျူဗင်တပ်စ်ဟာ ဒီထက်နည်းတဲ့ ပမာဏနဲ့ လက်လွှတ်သွားရဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.