မန်ချက်စတာစီးတီး – လစ်ဗာပူးလ်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ စူပါဆန်းဒေးရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက် တွေ့ဆုံမှု အဖြစ် မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ အကြိတ်အနယ် ကစားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မန်စီးတီးကို အသာရခဲ့တဲ့ လစ်ဗာပူးလ်တို့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာရော ဘယ်လောက် အတိုင်းအတာအထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပြန်ရထားပါတယ်။ ဆွမ်ဆီးကို ခရာဘောင်ဖလား၊ ဘုန်းမောက်ကို ပရီးမီးယားလိဂ်နဲ့ ဒေါ့မန်ကို ချန်ပီယံလိဂ်မှာ ဂိုးပြတ်တွေ အနိုင်ထားတဲ့ မန်စီးတီးက ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်နေတာ တွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ ခြေစွမ်း ယိမ်းယိုင်နေချိန် အာဆင်နယ်ကို အကောင်းဆုံး ဖိအားပေးနေတဲ့ အသင်းက ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးက အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့ ၆ မှတ် ပြတ်နေပြီးတော့ လစ်ဗာပူးလ် ကတော့ ၇ မှတ် ပြတ်နေပါတယ်။ ဒီပွဲ ရလဒ်ဟာ မန်စီးတီး အတွက်ရော၊ လစ်ဗာပူးလ် အတွက်ပါ တော်တော်လေး အရေးကြီးနေတယ်လို့ပဲ ဆိုရမှာပါ။
လစ်ဗာပူးလ် ကတော့ ရလဒ်တွေ ဆိုးရွားခဲ့ပြီးနောက် နောက်ဆုံး ၂ ပွဲမှာ ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် နိုင်ပွဲတွေ ရယူထားနိုင်ပါတယ်။ လစ်ဗာပူးလ်က ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် ရှုံးခဲ့ပြီးတော့ အက်စတွန်ဗီလာရဲ့ ပွဲမှာတော့ ၂-၀ ရလဒ်နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ အာနေး ဆလောတ့်ရဲ့ အသင်းက ဒီရာသီမှာ ခြေစွမ်းပိုင်း တော်တော်လေး မတည်မငြိမ် ဖြစ်နေပြီး မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားသည့် တိုင်အောင် ခြေစွမ်းက မှန်းဆရခက်နေဆဲ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မန်စီးတီး ဘက်က ရိုဒရီနဲ့ ကိုဗာချစ်တို့ လွဲချော်မှာ ဖြစ်ပြီး လစ်ဗာပူးလ် ဘက်မှာတော့ အလီဆွန်၊ လီယွန်နီ၊ ဖရင်မ်ပေါင်၊ ဘက်ဂျ်စီတစ် တို့ လွဲချော်ကြမှာပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ် ဘက်မှာ အိဆက်ခ်လည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ချာကီ၊ ဆေးလ်ဗား၊ ဖိုဒန်၊ ဒိုကု၊ ဟာလန်း
လစ်ဗာပူးလ် – မာမာဒက်ရှ်ဗီလီ၊ ဘရက်ဒ်လီ၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ချ်၊ မက်အယ်လစ္စတာ၊ ဆာလာ၊ ဆိုဘို့ဇ်လိုင်း၊ ဝစ်ဇ်၊ အစ်ကီတီကီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပြိုင်ပွဲစုံ တွေ့ဆုံမှု ၄၁ ကြိမ်မှာ မန်စီးတီးက ၁၀ ကြိမ် နိုင်ပြီး လစ်ဗာပူးလ်က ၁၇ ကြိမ်နိုင်ကာ ၁၄ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် တွေ့ဆုံမှု နောက်ဆုံး အကြိမ် ၃၀ မှာတော့ မန်စီးတီးက ၉ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၁၁ ကြိမ်နိုင်ပြီး သိပ်ပြီး ကွာဟမှု မရှိထားပါဘူး။ မန်စီးတီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာတော့ ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် သရေကျထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၉၄ ဆ ရမှာ ဖြစ်ပြီး လစ်ဗာပူးလ် နိုင်ရင်တော့ ၃.၂၆ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၅၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ မန်စီးတီး ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ အမှားတွေ များနေတဲ့ လစ်ဗာပူးလ် ခံစစ်နဲ့ ဂိုးမြူးနေတဲ့ မန်စီးတီး တိုက်စစ် တွေ့ပါပြီ။ ဒါပေမယ့် မန်စီးတီးက ဟာလန်း ဂိုးမသွင်းရင် ဂိုးရဖို့ ရုန်းကန်ရတတ်ပါတယ်။ လစ်ဗာပူးလ် ခံစစ်က နော်ဝေသားကို ဘယ်လို ထိန်းချုပ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ မန်စီးတီးနဲ့ ဂိုးပေါ် ကသာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၂-၁ လစ်ဗာပူးလ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


