နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နူနို အက်စ်ပီရီတို ဆန်တိုကို အချိန်ပေးသွားမယ့် ဝက်စ်ဟမ်း | ပရီးမီးယားလိဂ်

လက်ရှိမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့ ဝက်စ်ဟမ်း အသင်း ကတော့ နည်းပြဖြစ်သူ နူနို အက်စ်ပီရီတို ဆန်တိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဝက်စ်ဟမ်း တာဝန်ရှိသူတွေဟာ လက်ရှိ သူတို့ အသင်းက ပရီးမီးယားလိဂ် ဇယား အောက်မှာ ကြမ်းတိုက်နေရပေမယ့် နူနို ဆန်တိုကို အချိန်ပေးဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းက ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတော့ ဒီရာသီ အဆိုးရွားဆုံး ရှုံးပွဲတွေထဲမှာလည်း တစ်ပွဲ အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ဝက်စ်ဟမ်းက အခုဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေသလို တန်းဆင်းဇုန် ပြင်ပက ဖူလ်ဟမ်နဲ့လည်း ၄ မှတ်သာ ကွာဟနေပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းက ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ ၁ ပွဲ၊ သရေ ၁ ပွဲသာ အမြင့်ဆုံး စွမ်းဆောင်ထားနိုင်ပြီး ၇ ပွဲ အထိ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းဟာ ရဂိုး ၇ ဂိုး ပေးဂိုး ၂၀ အထိ ရှိထားတာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ခံစစ် အဆိုးရွားဆုံး အသင်းလည်း ဖြစ်နေခဲ့ပါတယ်။ နည်းပြ ဖြစ်သူ နူနို ဆန်တို ကတော့ ဝက်စ်ဟမ်းကို ၄ ပွဲ ကိုင်တွယ်ထားပြီးချိန်မှာ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားတာကြောင့် လန်ဒန် ကလပ်မှာ အနာဂတ် မသေချာတော့ကြောင်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ နူနို ဆန်တိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဂရေဟမ် ပေါ်တာ နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရသူပါ။ ဒါပေမယ့်လည်း အသင်းက ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ပြီးချိန်မှာ နူနို ဆန်တို တစ်ယောက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ၁ လ အကြာမှာပဲ နည်းပြ ထိုင်ခုံလှုပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းက ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ ၁ ပွဲ၊ သရေ ၁ ပွဲသာ အမြင့်ဆုံး စွမ်းဆောင်ထားနိုင်ပြီး ၇ ပွဲ အထိ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
နူနို ဆန်တို ကို အချိန်ပေးမယ့် အပြင် ကစားသမားသစ်တွေလည်း ခေါ်ယူပေးသွားမယ့် ဝက်စ်ဟမ်း

ဝက်စ်ဟမ်း ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ ၄ မှတ်သာ ရရှိထားတဲ့ အတွက် အသင်းရဲ့ အင်္ဂလန် ထိပ်တန်းလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီအစ မှတ်တမ်းကို ပြန်လည် ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရာသီအစ ပွဲစဉ် ၉ အပြီးမှာ ဝက်စ်ဟမ်းတို့ ၄ မှတ်သာ ရရှိခဲ့တဲ့ နောက်ဆုံး အကြိမ်ဟာ လွန်ခဲ့တဲ့ ၅၂ နှစ်တုန်းက ၁၉၇၃-၁၉၇၄ ဘောလုံး ရာသီမှာ ဖြစ်ပြီး အဲဒီတုန်း ကလည်း ကံကောင်းလို့သာ တန်းမဆင်းခဲ့ရတာပါ။

လက်တလောမှာ ဝက်စ်ဟမ်း အနေနဲ့ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပေမယ့်လည်း အသင်း တာဝန်ရှိသူတွေ ကတော့ နူနိုဆန်တိုကို အချိန်ပေးသွားမှာ ဖြစ်ကြောင်း ဗြိတိန် သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။ ဝက်စ်ဟမ်း ဘုတ်အဖွဲ့ဝင်တွေဟာ နူနို အက်စ်ပီရီတို ဆန်တို အပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက်လည်း တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူ အားဖြည့်ပေးသွားမှာ ဖြစ်သလို ခံစစ်ပိုင်း ကိုလည်း အားရစရာ အားဖြည့်မှုတွေ ပြုလုပ်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။ သတင်းတွေအရ ဆိုရင် ဝက်စ်ဟမ်းက မန်ချက်စတာယူနိုက်တက်က ဂျော်ရွှာ ဇစ်ခ်ဇီးနဲ့ ကိုဘီ မိန်းနူး တို့က မျက်စိကျနေပြီး အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေ ကတော့ ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ထက် တခြားသော ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကိုပဲ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်