ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဂျာရော့ဒ် ဘိုဝင် ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ အသင်းက “အခုအချိန်မှာ ဒုက္ခရောက်နေပြီ” ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ မရခဲ့ပဲ ၅ ပွဲ အထိ ရှုံးကာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ညက ပွဲမှာ လိဒ်စ်ယူနိုက်တက် အတွက် ဂိုးတွေကို ပွဲချိန် ၁၅ မိနစ် အတွင်း ဘရန်ဒန် အာရွန်ဆန်နဲ့ ဂျိုး ရွန်ဒွန် တို့က သွင်းယူပေးခဲ့ပြီး ဝက်စ်ဟမ်း အတွက် ချေပဂိုး ၁ ဂိုး ကိုတော့ ဘိုဝင်ရဲ့ ဖန်တီးပေးမှု ကနေ မာတီးယပ်စ် ဖာနန်ဒက်စ်က ပြန်လည် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း အတွက် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ပထမဦးဆုံး ၉ ပွဲ ကနေ ရမှတ် ၄ မှတ်သာ ရရှိထားမှုဟာ ၃၂ နှစ်တာ ကာလ အတွင်း အဆိုးရွားဆုံး ရာသီအစ ရလဒ်လည်း ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ဟမ်းမားတွေက နည်းပြသစ် နူနို အက်စ်ပီရီတို ဆန်တို လက်ထက်မှာ ၃ ပွဲ ဆက်တိုက် အရေးနိမ့်ခဲ့ပြီး နိုင်ပွဲလည်း မရသေးပါဘူး။ ဝက်စ်ဟမ်း အနေနဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁ ပွဲ နိုင်၊ ၁ ပွဲ သရေကျပြီး ၇ ပွဲ အထိ အရေးနိမ့်ထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား မှာလည်း အဆင့် ၁၉ နေရာ အထိ ရောက်ရှိနေတဲ့ ဝက်စ်ဟမ်းက ၁၉၃၂-၃၃၊ ၁၉၇၃-၇၄ ရာသီတွေပြီးနောက် အသင်းရဲ့ အဆိုးရွားဆုံး ရာသီအစ ရလဒ်နဲ့ ရင်ဆိုင်နေရတာပါ။ ဝက်စ်ဟမ်းဟာ ၂၀၁၂-၂၀၁၃ ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာပြီးကတည်းက တန်းမဆင်းရတော့တာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေတွေနဲ့ ပတ်သတ်လို့တော့ ဘိုဝင်က “ကျွန်တော်တို့ ဖြည်းဖြည်းချင်း စတင်ခဲ့ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် လိဂ်မှာ အောက်ဆုံးရဲ့ အပေါ်မှာ ရှိနေတဲ့အခါ အဝတ်လဲခန်းထဲ မှာလည်း အခြေအနေမကောင်းပါဘူး။” လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ဒါကို ပြောင်းလဲစေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ကတော့ ကျွန်တော်တို့ ဆက်လက် လျှောက်လှမ်းပြီး တိုက်ပွဲဝင်ဖို့ပါပဲ။ ကျွန်တော် တို့မှာ အဲဒီလို ပိုပြီး လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ပုန်းအောင်းနေဖို့နဲ့ ကြောက်လန့်နေဖို့က လွယ်ပါတယ်။ တစ်ခါတစ်ရံမှာ ပြောတာက လွယ်ပြီး လုပ်ရတာက ပိုခက်ပါတယ်။ အင်္ကျီ လက်ကို ခေါက်ပြီး တူးဆွရပါမယ်။ ဘယ်သူကမှ ဒါကို ကျွန်တော်တို့ အတွက် လုပ်မပေးပါဘူး။ ကျွန်တော် တို့ဟာ တကယ့်ကို လက်တွေ့ အခြေအနေမှာ ရှိနေပြီး အဲဒီအခြေအနေတွေကို ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေတယ် ဆိုတဲ့ လက်တွေ့ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး အခု ကျွန်တော်တို့ ဒုက္ခရောက်နေပါပြီ။” လို့ ဆိုပါတယ်။
“ကျွန်တော်တို့ အပြင်ထွက်ပြီး ဘယ်သူ့ထက်မဆို ပိုပြီး တိုက်ပွဲဝင်ရပါမယ်။ ပရီးမီးယားလိဂ်က အခက်ခဲဆုံး လိဂ်ပါ။ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ဘဲ ရလဒ်ကောင်းတွေလည်း မရပါဘူး။ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပြောင်းလဲနိုင်တာ ကျွန်တော် တို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့လိုက် ဆွေးနွေးခဲ့ကြပြီး ကစားသမားတွေလည်း ပါရပါမယ်။ အချင်းချင်း ဆွေးနွေးကြဖို့ လိုပြီး အတွင်းထဲ ကနေ လာရပါမယ်။ ကျွန်တော်တို့ ပိုပြီး ပြသနိုင်ပါတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ၉ ပွဲမှာ ၁ ပွဲသာ နိုင်ပြီး အောက်ဆုံးရဲ့ အပေါ်မှာ ရှိနေပါတယ်။ အိမ်ကွင်းမှာ ကျွန်တော်တို့ သိပ်မကောင်းခဲ့ပေမယ့် အခုအချိန်က အင်္ကျီ လက်ခေါက်ထားရမယ့် အချိန်ပါ။ (အသေအချာ ကြိုးစားရမယ့် အချိန် ရောက်နေပြီကို ဆိုလို)” လို့ ဘိုဝင်က ရှင်းရှင်းလင်းလင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


