အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ၂၀၂၆ ခုနှစ်မှာ ငွေအများအပြား သုံးစွဲဖို့ အတွက် ကစားသမား ၁၁ ယောက် အထိ ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ ဒီအထဲမှာ ကလပ် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်တောင် ပါဝင်နေကြောင်း The Sun က ဖော်ပြပါတယ်။
တစ်ဖက် မှာလည်း ဖန်တီးမှု စွမ်းရည် ပြည့်ဝတဲ့ ဖာနန်ဒက်စ်ကို ဗင်နီးစီးယပ်စ် ဂျူနီယာ နေရာမှာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်က စဉ်းစားနေပါတယ်။ ယူနိုက်တက်ဟာ ဘရာဇီးလ်သားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံထားတယ်လို့ သိရပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ အလဲထပ် ပုံစံမျိုးနဲ့ ကြိုးစားသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ အာနေး ဆလော့တ်ကို ထုတ်ပယ်ခဲ့မယ် ဆိုရင် သူ့ရဲ့ စာချုပ်ပါ လျော်ကြေး ပေါင် ၁၀ သန်း (ယူရို ၁၃.၂ သန်း) ပေးချေသွားရဖို့ ရှိနေကြောင်း သိရပါတယ်။
ဆလော့တ်ဟာ ဒီနွေရာသီမှာ လူးဝစ္စ ဒီးယက်ဇ်ကို ဘေယန်မြူးနစ်ဆီ ရောင်းချဖို့ လစ်ဗာပူးလ်ရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ဆန့်ကျင်ခဲ့ပေမယ့် အားကစား ဒါရိုက်တာ ရစ်ချက်ဒ် ဟူ့ဂျ်က ပယ်ချခဲ့ကြောင်း သိရပါတယ်။
လစ်ဗာပူးလ်ဟာ လာမယ့် ဇန်နဝါရီမှာ ရာဖေးလ် လီယောင် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။ အေစီမီလန် ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို ၁၂၀ သန်း (ပေါင် ၁၀၅.၂ သန်း၊ ဒေါ်လာ ၁၃၉.၁ သန်း) ရရှိမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် မြို့ခံ ပြိုင်ဘက် အာဆင်နယ် အကယ်ဒမီ ကြယ်ပွင့် မိုင်းလ်စ် လီဝစ်-စကယ်လီကို ခေါ်ယူဖို့ တက်ကြွစွာ ကြိုးပမ်းဖို့ အသင့် ဖြစ်နေကြောင်း ဆိုင်မွန် ဖီးလစ်က ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဝုလ်ဗာဟမ်တန်ဝမ်းဒါးရားစ် ကွင်းလယ်လူ ယာအို ဂိုးမက်စ်ကို ဒီဆောင်းရာသီမှာ သဘောတူညီမှု ရရှိမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
အာဆင်နယ် ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် အရည်အသွေးမြင့် ရန်းစ် လူငယ် ဗဟိုနောက်ခံလူ ဂျရမီ ဂျက်ကက်ကို စိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရပါတယ်။ ဒီကစားသမား အတွက် ကိုတော့ ပြင်သစ် ကလပ်က ယူရို သန်း ၃၀ ကနေ ၄၀ ဝန်းကျင် အလို ရှိနေပါတယ်။
လာမယ့်ရက်သတ္တပတ်တွေ အတွင်း ယူနိုက်တက်ရဲ့ “ ဦးစားပေး” ကတော့ ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးမယ့် ဟယ်ရီ မက်ဂွိုင်းယားကို စာချုပ်သက်တမ်းတိုးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အခြားသော ခံစစ်ကစားသမားတွေ ကိုလည်း ခေါ်ယူသွားဖို့ ရှိနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အီဘရာဟီမာ ကိုနာတေးကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း လစ်ဗာပူးလ် အသင်းထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ စပိန် ကလပ်ဟာ ကိုနာတေးကို ၂၀၂၆ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားခဲ့ပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားခဲ့တာ ဖြစ်ပါတယ်။ ကိုနာတေး ကတော့ လစ်ဗာပူးလ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို စဉ်းစားနေဆဲ ဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ကိုတော့ မချရသေးကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


