နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲဗာတန်က သက်တမ်းမတိုးတဲ့ တိုက်စစ်မှူးကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အဲဗာတန် တိုက်စစ်မှူးဟောင်း ဒေါမနစ် ကဲလ်ဗက်-လီဝင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အံအားသင့်ဖွယ် ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းရဖို့ ရှိနေပေမယ့် အဲဗာတန် ကတောင် သက်တမ်းမတိုးချင်တဲ့ ကစားသမားကို စိတ်ဝင်စားနေတာကြောင့် သရဲနီ ပရိသတ် တော်တော်များများ ကလည်း စိတ်ပျက်နေကြပါတယ်။

ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ ပြဿနာ နည်းပြီး အကျိုးအမြတ် များနိုင်တဲ့ ခေါ်ယူမှုတွေကို ပိုမို စိတ်ဝင်စားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ကဲလ်ဗက် လီဝင်းကို သူတို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ အကိုက်ညီဆုံး ဖြစ်မယ်လို့ ရှုမြင်ထားပြီး မထင်မှတ်ပဲ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အင်္ဂလန်သားကို ခေါ်ယူဖို့ ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူး ကဲလ်ဗက်-လီဝင်းဟာ ၂၀၁၉ ကနေ ၂ဝ၂၁ ခုနှစ်တွေ အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ အလားအလာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ကဲလ်ဗက် လီဝင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ၄၁ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူခဲ့သလို နောက်ရာသီမှာလည်း ၂၉ ပွဲ ကစားကာ ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၄ ရာသီ ဆက်တိုက် ဒဏ်ရာနဲ့ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် မကြာခဏ ဆိုသလို အနားယူနေခဲ့ရပြီး ကစားတဲ့ ပွဲအရည်အတွက်လည်း နည်းပါးပြီး သွင်းဂိုးတွေလည်း သိသိသာသာ ကျဆင်းသွားခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ ရာသီက ဆိုရင် အဲဗာတန် အတွက် ၂၆ ပွဲသာ ကစားပေးနိုင်ပြီး ၃ ဂိုး သွင်းကာ ၁ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူး ကဲလ်ဗက်-လီဝင်းဟာ ၂၀၁၉ ကနေ ၂ဝ၂၁ ခုနှစ်တွေ အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ အလားအလာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။
နောက်ပိုင်း ရာသီတွေမှာ ခြေစွမ်း သိသိသာသာ ကျဆင်းသွားတဲ့ ကဲလ်ဗက် လီဝင်း

 ဒါပေမယ့်လည်း ယူနိုက်တက် အသိုင်းအဝိုင်း မှာတော့ ကဲလ်ဗက် လီဝင်းဟာ အရင်လို ခြေစွမ်းကောင်းတွေ မရှိတော့ပေမယ့် သူ့ရဲ့ ကစားဟန်က နည်းပြ အမော်ရင်ကို ဆွဲဆောင်နိုင်စွမ်း ရှိနေဆဲ ဖြစ်ကြောင်း သတင်းတွေ ထွက်နေပါတယ်။ ယူနိုက်တက်ဟာ ကဲလ်ဗက် လီဝင်းရဲ့ မြင့်မားတဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ် တောင့်တင်းမှုက ပြိုင်ဘက် နောက်တန်းကို ကောင်းကောင်း ဖိအားပေးနိုင်မယ်လို့ ယူဆသလို အမြင့်ဘော အားသာမှုနဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ကလည်း သူတို့ လိုချင်တဲ့ ကစားသမား ပုံစံ ဖြစ်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ကလပ်ဟာ တိုက်စစ်ပိုင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ဟွိုက်ဂျ်လန်း၊ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ ဆန်ချိုနဲ့ အန်တိုနီ တို့ကို အရောင်းစာရင်း တင်ထားပါတယ်။ အကယ်၍ ယူနိုက်တက် အနေနဲ့ ဒီကစားသမားတွေကို ရှင်းထုတ်နိုင်မယ် ဆိုရင်တော့ နောက်ထပ် ကစားသမားတွေ ခေါ်ယူနိုင်မှာ ဖြစ်သလို ကဲလ်ဗက်-လီဝင်း ဟာလည်း အခွင့်အရေးတွေ ရလာနိုင်ပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ယူနိုက်တက်ဟာ ကဲလ်ဗက် လီဝင်း အတွက် ပြောင်းရွှေ့ကြေး မသုံးရပေမယ့်လည်း ကစားသမား ဘက်က တောင်းဆိုထားတဲ့ မြင့်မားတဲ့ လုပ်ခလစာငွေ ကိုတော့ ပေးချေလိုခြင်း မရှိကြောင်း သိရပါတယ်။ ကဲလ်ဗက် လီဝင်းဟာ အဲဗာတန်မှာ ရရှိခဲ့တဲ့ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်းထက် သိသိသာသာ ပိုများတဲ့ လစာကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ကလည်း စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ထိုက်သင့်တဲ့ ဆုကြေးငွေတွေနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေပေမယ့် တိုက်စစ်မှူး ဘက်ကသာ အလျှော့မပေးရင်တော့ တခြားသော ပစ်မှတ်တွေကိုပဲ ဆက်လက် ကြိုးစားသွားမယ်လို့ သိရပါတယ်။

ဒီတော့ ယူနိုက်တက် ပရိသတ်တွေ သဘောမကျတဲ့ အင်္ဂလန် တိုက်စစ်မှူး တစ်ယောက် အိုးထရက်ဖို့ဒ်ကို အမှန်တကယ် ရောက်ရှိလာမလား ဆိုတာ မကြာခင်မှာ သိရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်