နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၆ မှာ ဘရူနို ဖာနန်ဒက်စ်ကို ရောင်းထုတ်ဖွယ် ရှိနေတဲ့ ယူနိုက်တက်၊ ဒမ်းဖရီးစ်ကို ဆက်လက် ကြိုးပမ်းတော့မှာ မဟုတ်တဲ့ ဗီလာ | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၂ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို ၂၀၂၆ ခုနှစ်မှာ ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။ ဒါကြောင့် ဒီရက်ပိုင်း အတွင်းမှာ ဆော်ဒီအာရေဗျ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေတွေ ပြုလုပ်ခဲ့ကြောင်း United In Focus က ဖော်ပြပါတယ်။

ဘေယန်မြူးနစ် ကတော့ နော့တင်ဟမ်ဖောရက်စ် ဗဟိုခံစစ်ကစားသမား မူရီလိုကို ချဲလ်ဆီးနဲ့ အပြိုင် ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းထောက် ခရစ်ရှန် ဖော့ခ်က ဖော်ပြပါတယ်။

တူရကီ ထိပ်သီး ဂါလာတာဆာရေး ကတော့ လစ်ဗာပူးလ် တောင်ပံ ကစားသမား မိုဟာမက် ဆာလာ အန်ဖီးလ် ကနေ ထွက်ခွာချိန်မှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဆာလာဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်မှာ ဆက်နေဖို့ စဉ်းစားထားပြီးတော့ အောင်မြင်မှု များစွာ ရယူချင်ကြောင်း ပြောကြားထားခဲ့ပါတယ်။

ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ် နှစ်သင်းစလုံး ကတော့ ခရစ္စတယ်ပဲလေ့စ် ဗဟိုနောက်ခံလူ မာ့ခ် ဂူဟီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ဂူဟီကို ဘာစီလိုနာ သို့မဟုတ် ရီးရဲလ်မက်ဒရစ် ကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း SPORT က ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါး နည်းပြ သောမတ်စ် ဖရန့်ခ်က ရာသီအကုန် ဘရန့်ဖို့ဒ် တောင်ပံ ကစားသမား ကီဗင် ရှာဒတ်နှင့် ပြန်လည် လက်တွဲဖို့ စိတ်အားထက်သန်နေကြောင်း ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဖော်ပြပါတယ်။

နယ်သာလန်သားဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လိုနေပြီး ချဲလ်ဆီး၊ ယူနိုက်တက် ဒါမှမဟုတ် တော့တင်ဟမ်ဟော့စပါးတို့ ဆီက ချဉ်းကပ်မှုတွေကို စောင့်မျှော်နေပါတယ်။
ဒမ်းဖရီးစ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ လက်တွန့်နေ

လိုင်ယွန် တောင်ပံကစားသမား မာလစ်ခ် ဖိုဖာနာ ကိုတော့ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် နှစ်သင်းစလုံးက စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ လာမယ့် ၂၀၂၆ ခုနှစ်မှာ ခေါ်ယူချင်တဲ့ အသင်း‌တွေ အများအပြား ရှိနေပါတယ်။

မန်ချက်စတာစီးတီးဟာ ကွင်းလယ် ကစားသမား ရိုဒရီ အတွက် လာမယ့် နွေရာသီမှာ ယူရို ၆၅ သန်း (ပေါင် ၅၆.၆ သန်း)နဲ့ ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ စပိန် လက်ရွေးစင်ကို ရီးရဲလ်မက်ဒရစ် ဘက်က စိတ်ဝင်စားမှု ရှိသေးရဲ့လား ဆိုတာ ကတော့ မသေချာတော့ပါဘူး။

အက်စတွန်ဗီလာ ကတော့ အင်တာမီလန် နောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်ရဲ့ မြင့်မားတဲ့ လုပ်ခ လစာ တောင်းဆိုမှုတွေကြောင့် ညှိနှိုင်းမှု ကနေ နှုတ်ထွက်လိုက်ပါတယ်။ နယ်သာလန်သားဟာ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့လိုနေပြီး ချဲလ်ဆီး၊ ယူနိုက်တက် ဒါမှမဟုတ် တော့တင်ဟမ်ဟော့စပါးတို့ ဆီက ချဉ်းကပ်မှုတွေကို စောင့်မျှော်နေပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား လူးကပ်စ် ပါကေးတားနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ရရှိတဲ့ သတင်းတွေအရ ဆိုရင် ကစားသမား အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘရာဇီးလ်ကို ပြန်သွားနိုင်ချေ ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက် အမျိုးသမီး အသင်း နည်းပြ မက်ဆကင်နာက မိမိဟာ အသင်း ပယ်နယ်တီ ကန်ချိန် မကြည့်တတ်တဲ့ မန်နေဂျာမျိုး မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆကင်နာရဲ့ မှတ်ချက်စကားဟာ ဖိအားအောက် ရောက်နေတဲ့ အမျိုးသား အသင်း နည်းပြ ရူဘင် အမော်ရင်ကို ဝေဖန်ခဲ့တာ ဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ကောက်ချက်ချခဲ့ပါတယ်။ အမော်ရင်ဟာ လိဂ်တူးကလပ် ဂရင်းမ်စဘီကို ပယ်နယ်တီ အဆုံးအဖြတ် ၁၁-၁၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ်မှာ အသင်းသားတွေရဲ့ ပယ်နယ်တီ ကန်သွင်းမှုကို မကြည့်ဘဲ နေခဲ့တာ ဖြစ်ပါတယ်။ ဘန်လေရဲ့ အင်္ဂလန် ဝါရင့်နောက်ခံလူ ကိုင်လ် ဝေါ်လ်ကာ ကတော့ မန်စီးတီး ကနေ ထွက်ခွာခဲ့တဲ့ အပေါ် နောင်တရမိကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ကလပ် အသင်းခေါင်းဆောင် တစ်ဦး အနေနဲ့ အသင်းဖော်တွေ ရုန်းကန်နေရတဲ့ အပေါ်မှာလည်း နားလည်ခဲ့သင့်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ အသက် ၃၅ နှစ် အရွယ် ဝေါ်လ်ကာဟာ မန်စီးတီးမှာ ပုံမှန်နေရာ မရတာကြောင့် စီးရီးအေ ကလပ် အေစီမီလန် အသင်းထံ ပြီးခဲ့တဲ့ ဇန်နဝါရီလက အငှားနဲ့ သွားရောက် ကစားခဲ့ပါတယ်။ ၎င်းဟာ ၆ လ အငှားနဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားခဲ့ပြီး အပြီးသတ် ခေါ်ယူခွင့် အချက် ပါဝင်ပေမဲ့ အေစီမီလန် ဘက်က စာချုပ်မချုပ်ဆိုခဲ့ပါဘူး။ ဒါကြောင့် ဝေါလ်ကာက ပြီးခဲ့တဲ့ နွေရာသီကာလ မှာတော့ တန်းတက် ဘန်လေထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဝေါ်လ်ကာဟာ အငှားထွက် ကစားချိန်မှာ ဇနီးဖြစ်သူ အန်နီ ကေလ်နာနဲ့ ကွာရှင်းပြတ်စဲလုနီးပါး အခြေအနေလည်း ရောက်ခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်