ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ဂိုးသမား အန်ဒရေ အိုနာနာ ကတော့ လေ့ကျင့်ရေး အစီအစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကြို အမေရိကန် ခရီးစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုနာနာ အနေနဲ့ ရက်သတ္တပတ် ၆ ပတ် ကနေ ၈ ပတ် အထိ အနားယူရဖို့ ရှိနေပြီး ယူနိုက်တက် ပရိသတ် တချို့ ကတော့ ဒါဟာ သတင်းကောင်း ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဒီလအကုန်လောက်မှာ ပရီးမီးယားလိဂ် နွေရာသီ စီးရီး အစီအစဉ်အောက်မှာ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ဇူလိုင် ၂၇ ရက်နေ့မှာ ဝက်စ်ဟမ်း၊ ၃၁ ရက်နေ့မှာ ဘုန်းမောက်၊ ဩဂုတ် ၄ ရက်နေ့မှာ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ သြဂုတ်လ ၉ ရက်နေ့မှာ ဖီအိုရင်တီးနားနဲ့ နောက်ဆုံး ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲတွေ မတိုင်ခင်မှာလည်း ယူနိုက်တက်က ပရီးမီးယားလိဂ် တန်းတက် ကလပ် လိဒ်စ်ယူနိုက်တက်နဲ့ ခြေစမ်းဖို့ ရှိနေပါသေးတယ်။ ယူနိုက်တက်ဟာ ပရီးမီယားလိဂ် ရာသီ အဖွင့် ပွဲစဉ် အဖြစ် သြဂုတ်လ ၁၇ ရက်နေ့ မှာတော့ အာဆင်နယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေအရ အိုနာနာ ကတော့ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲ အားလုံးနီးပါး လွဲချော်ဖို့ ရှိပြီး ဒီကာလ အတွင်းမှာ ဒဏ်ရာ ကနေ ပြန်လည် သက်သာာလာအောင် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဒီလို ကင်မရွန်း ဂိုးသမား မပါဝင်နိုင်တော့တာကြောင့် ရူဘင် အမော်ရင် အနေနဲ့ အဲလ်တေး ဘာယင်ဒါကို ဦးစားပေး ဂိုးသမား အဖြစ် အသုံးပြုရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီဂိုးသမား နှစ်ဦးစလုံးဟာ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ် မသေချာတော့သူတွေ ဖြစ်ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်ဟာ ချဲလ်ဆီးနဲ့ အပြိုင် ပီအက်စ်ဂျီ ဂိုးသမား ဂျီယန် လူဝီဂျီ ဒွန်နာရမ်းမားကို ခေါ်ယူဖို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂိုးသမားဟာ ပီအက်စ်ဂျီမှာ လက်စွမ်းပြနေပေမယ့်လည်း အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို မရေမရာ ဖြစ်နေသူပါ။ ဒီအချိန်မှာ အိုနာနာ ဒဏ်ရာရသွားလို့ ဂိုးသမား လိုအပ်ချက် ရှိလာတဲ့ ယူနိုက်တက်က ပီထရိုဗစ်ကို ဘုန်းမောက်ဆီ လက်လွှတ်ထားရလို့ ဂိုးသမားသစ် တစ်ဦး ခေါ်ယူချင်နေတဲ့ ချဲလ်ဆီးနဲ့ အပြိုင် ဒွန်နာရမ်းမားကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ကတော့ ဒွန်နာရမ်းမားကို ၂၀၂၁ ခုနှစ်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ဒါကြောင့် စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိလာတဲ့ အီတလီ ဂိုးသမားကို ပီအက်စ်ဂျီက သက်တမ်းတိုးဖို့ ကြိုးစားပေမယ့် အဆင်မပြေတာကြောင့် ပရီးမီးယားလိဂ် ထိပ်သီး တို့က မျက်စိကျလာတာ ဖြစ်ပါတယ်။ ဒွန်နာရမ်းမားဟာ ပီအက်စ်ဂျီမှာ တစ်နှစ် လုပ်လစာ ယူရို ၁၂ သန်း ရရှိနေပြီး အဲဒီ လစာနှုန်းထား အတိုင်း သက်တမ်းတိုးချင်နေတာကြောင့် အဆင်မပြေဖြစ်နေတာ ဖြစ်ကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။ သေချာတာ ကတော့ ဒွန်နာရမ်းမားကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့လည်း ဒီပမာဏကို ပေးချေနိုင်မှသာ ခေါ်ယူနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒွန်နာရမ်းမားကို အီတလီ ကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.