နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ် ဝင်ခွင့်မရလို့ အဓိက ကစားသမားတွေကို ဆုံးရှုံးရဖွယ် ရှိနေတဲ့ ယူနိုက်တက်၊ ဂရီးလစ်ရှ် အတွက် ပေါင် သန်း ၄၀ ဝန်းကျင် အလိုရှိနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ အလှုပ်အခတ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ ကစားသမားတိုင်း အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း The Mirror က ဖော်ပြခဲ့ပါတယ်။ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ခြင်းက အသင်းရဲ့ ဘဏ္ဍာရေးကို အတိုင်းအတာ တစ်ခု အထိ ထိခိုက်ဖို့ ရှိတာကြောင့် ယူနိုက်တက်ဟာ ကစားသမား တချို့ကို လက်လွှတ်သွားရဖို့ ရှိနေသလို ထိပ်တန်း ကစားသမား တချို့လည်း အသင်းကို စွန့်ခွာသွားနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အဓိက အရေးပါတဲ့ ကစားသမား ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ကိုယ်တိုင် ကတောင် အသင်း ကနေ ထွက်ခွာဖို့ လိုအပ်ရင် ထွက်ခွာသွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားထားခဲ့ပါသေးတယ်။

ဒါ့အပြင် TEAMtalkရဲ့ ဖော်ပြချက် အရ ဆိုရင် မန်ချက်စတာယူနိုက်တက်ဟာ လူငယ်တောင်ပံကစားသမား အာမက်ဒ် ဒီယာလိုနဲ့လည်း လမ်းခွဲရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမား ကိုတော့ အေစီမီလန်က စိတ်ဝင်စားနေပြီး နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ကလပ်တွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ 

စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ရဲ့ ဦးလေး ဖြစ်သူ ကတော့ သူ့ရဲ့ တူဖြစ်သူဟာ အာဆင်နယ်ရဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ဖို့ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ Record နဲ့ အင်တာမဗျူးမှာ ခရစ္စ ယိုကီးရက်စ်က “မနေ့က ညစာစားပွဲမှာ သူဒီမှာ ဆက်နေဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ် ကတော့ ဒေါ့မန် တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ်ကို စိတ်ဝင်စားနေတယ်လို့ နာမည်ကြီး သတင်းထောက် ဆိုင်မွန် ဖီးလစ်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဒီကစားသမားဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးရဲ့ အဓိက ပစ်မှတ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ကလပ်တွေ အနေနဲ့ ပေါင် သန်း ၄၀ (ဒေါ်လာ ၅၃.၇ သန်း) ပေးချေရဖို့ ရှိနေတယ်လို့ Chronicle Live က ဖော်ပြပါတယ်။
အသင်း ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ဂရီးလစ်ရှ်

အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့ကတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း El Chiringuito က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အာဂျင်တီးနား တိုက်စစ်မှူးရဲ့ ကိုယ်စားလှယ်တွေ ကလည်း သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်နေပြီး မှန်ကန်တဲ့ စျေးနှုန်းနဲ့ ဆိုရင် ခေါ်ယူနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ကလပ်တွေ အနေနဲ့ ပေါင် သန်း ၄၀ (ဒေါ်လာ ၅၃.၇ သန်း) ပေးချေရဖို့ ရှိနေတယ်လို့ Chronicle Live က ဖော်ပြပါတယ်။ ဂရီးလစ်ရှ်ကို နယူးကာဆယ်က ခေါ်ယူဖို့ စိတ်အားထက်သန်ပေမယ့်လည်း အသက် ၂၉ နှစ် အရွယ် ကစားသမားရဲ့ လုပ်ခလစာ ကိုတော့ အဓိက ညှိနှိုင်းရဖို့ ရှိနေပါတယ်။

မိုနာကို တောင်ပံကစားသမား မက်ဂ်နက်စ် အက်ခီလူချီကို မန်စီးတီး၊ ယူနိုက်တက် တို့က ချိတ်ဆက်ခဲ့ဖူးပြီး လစ်ဗာပူးလ် အတွက်လည်း ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း L’Équipe က ဖော်ပြပါတယ်။ မိုနာကို အနေနဲ့ ဒီကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၆၀ (ပေါင် ၅၀.၄ သန်း) အထိ လျှော့ချဖို့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ဒီနွေရာသီမှာ ကစားသမား ၃ ဦး အတွက် ယူရိုသန်း ၂၀၀ (ပေါင် ၁၆၈.၁ သန်း၊ ဒေါ်လာ ၂၂၅.၇ သန်း) နီးပါး သုံးစွဲရန် အဆင်သင့် ဖြစ်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ယူရိုပါလိဂ် ချန်ပီယံတွေရဲ့ ပစ်မှတ်တွေ ထဲမှာတော့ ရီးရဲလ်ဘက်တစ် ကွင်းလယ်လူ ဂျွန်နီ ကာဆာဒို၊ လိုက်ပ်ဇစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဇာဗီ ဆိုင်မွန်နဲ့ ဘင်ဂျာမင် ဆက်စ်ကိုတို့ ပါဝင်နေပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်တဲ့ အင်ဒီပန်ဒီယန်တေး နောက်ခံလူ ကီဗင် လိုမိုနာကို ကတော့ ဒီနွေရာသီမှာ ဥရောပကို ပြောင်းရွှေ့ ကစားချင်နေပါတယ်။ Uriel Iugt ရဲ့ ဖော်ပြချက် အရ အသက် ၂၃ နှစ် အရွယ် ဒီကစားသမားဟာ အင်္ဂလန် ဒါမှမဟုတ် အီတလီကို ပြောင်းရွှေ့လိုနေပြီး အရှေ့အလယ်ပိုင်း ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ပယ်ချထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်