နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီအိုရင်တီးနား တိုက်စစ်မှူး မွိုက်စ် ကင်းန်ကို မျက်စိကျနေတဲ့ ယူနိုက်တက်၊ ဒါးဗစ် ရာယာကို ပစ်မှတ်ထားနေတဲ့ မက်ဒရစ် မြို့ခံနှစ်သင်း | ပရီးမီးယားလိဂ်

ဒီနေ့ အတွက် နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့တွေနဲ့ သတင်းတွေကို စုစည်းဖော်ပြပေးသွားပါမယ်။

Sportmediaset ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ဖီအိုရင်တီးနားရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး မွိုက်စ် ကင်းန်ကို ပစ်မှတ်နေတယ်လို့ ဖော်ပြပါတယ်။ ရူဘင် အမော်ရင်ရဲ့ အသင်း ကတော့ မွိုက်စ် ကင်းန်ရဲ့ ဇူလိုင်လ ပထမနှစ်ပတ် အတွင်းသာ အသက်ဝင်မယ့် ယူရို ၅၂ သန်း (ပေါင် ၄၃.၇ သန်း) တန် အပြောင်းအရွှေ့ကို စတင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ အခွင့်အရေးတွေ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဖော်ပြခဲ့ပါတယ်။ အစောပိုင်းမှာ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဆွီဒင် တိုက်စစ်မှူးကို စိတ်ဝင်စားကြောင်း အကြိမ်ကြိမ် ပြသခဲ့ပေမယ့်လည်း ဝုဗ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက်မှာတော့ ယူနိုက်တက်နဲ့ ယိုကီးရက်စ်ရဲ့ ကောလာဟလတွေ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

မားသီးယက်စ် ကူညာ ကတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မယ့် တစ်ဦးတည်းသော ကစားသမား မဟုတ်နိုင်ကြောင်း သိရပါတယ်။ FootballTransfers ရဲ့ အဆိုအရ ယူနိုက်တက်ဟာ ညာနောက်ခံလူ နဲလ်ဆင် ဆီမီဒိုကို ခေါ်ယူချင်နေပြီး ပေါ်တူဂီသား ကလည်း ဝုဗ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။

အာဆင်နယ် ဂိုးသမား ဒါးဗစ် ရာယာ ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာကြောင်း The Sun က ဖော်ပြပါတယ်။ ဂန်းနားတွေဟာ စပိန် ဂိုးသမား နေရာမှာ အစားထိုးဖို့ လိုအပ်ပါက အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ပြန်လည် ခေါ်ယူဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။ မာတီနက်ဇ် ကလည်း ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကနေ စွန့်ခွာဖို့ များနေသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မာတီနက်ဇ် ကလည်း ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကနေ စွန့်ခွာဖို့ များနေသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ရာယာကို လက်လွှတ်ခဲ့ရရင် မာတီနက်ဇ်ကို ပြန်လည် ခေါ်ယူသွားမယ့် အာဆင်နယ်

CaughtOffside ရဲ့ ဖော်ပြချက် အရ လစ်ဗာပူးလ်က နောက်ခံလူ ဂျာရဲလ် ကွမ်ဆာရ်ကို ပေါင် သန်း ၃၀ နဲ့ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေတဲ့ အသင်းတွေ ကတော့ လေဗာကူဆင်၊ ဒေါ့မန်နဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ဖြစ်ပြီး ဘုန်းမောက်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်နဲ့ နယူးကာဆယ် တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးဟာ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ တွေ့ဆုံ ဆွေးနွေးရန် အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ စပါး အနေနဲ့ ဒီကစားသမားကို ခေါ်ယူချင်ရင်တော့ ယူရို ၄၅ သန်း (ပေါင် ၃၇.၈ သန်း) ပေးချေရဖို့တော့ ရှိနေပါတယ်။

အာဆင်နယ် ကတော့ ဝုဗ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ် ဝှိုက်ရဲ့ အပြောင်းအရွှေ့ထဲကို ဝင်ရောက်လာတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။ ဝုဗ်ဟာ ဒီအင်္ဂလန် ကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ရရှိရင် လက်လွှတ်သွားမှာ ဖြစ်ပြီး မန်စီးတီးကို ရောက်ရှိဖို့ နီးစပ်နေသူလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ကတော့ ကလပ် ဘရုဂျက် ကွင်းလယ် ကစားသမား ရာဖေးလ် အိုနီဒီကာကို အဓိက အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ကြောင်း The Athletic က ဖော်ပြခဲ့သည်။ အသက် ၂၄ နှစ် အရွယ် ကစားသမားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် တော်တော်များများက ကြိုးပမ်းနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်