ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရတဲ့ အစ်ပ်ဆွစ်ချ်တောင်း အသင်းရဲ့ တိုက်စစ်မှူး လီယမ် ဒီလက်ပ် ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က အသည်းအသန် လိုက်နေကြတာ ဖြစ်ပါတယ်။
အခု နောက်ဆုံး ESPN ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဒီလက်ပ်ကို ခေါ်ယူဖို့ အစ်ပ်ဆွစ်ချ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ ဆုံးဖြတ်ချက်က အဓိက ကျနေဆဲ ဖြစ်ပြီး စောင့်ဆိုင်းရဖို့တော့ ရှိနေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီလက်ပ်ရဲ့ အပြောင်းအရွှေ့ အတွက် အစ်ပ်ဆွစ်ချ်တောင်း အသင်းထံ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှုကို ပေးပို့ထားပြီး ကလပ် အသင်းချင်း သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဒီလက်ပ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်တာကြောင့် အခု နောက်ဆုံး ကစားသမားရဲ့ ဆုံးဖြတ်ချက် ကိုပဲ စောင့်ဆိုင်းနေရတော့တာ ဖြစ်ပါတယ်။ အစောပိုင်း သတင်းတွေ အရ ဆိုရင် ဒီလက်ပ်ရဲ့ အပြောင်းအရွှေ့မှာ ချဲလ်ဆီးက ယူနိုက်တက်ထက် အနည်းငယ် အသာရနေတယ်လို့ သိရပေမယ့် အခု လက်ရှိ မှာတော့ ယူနိုက်တက်က ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး မကြာခင်မှာ တရားဝင် ကြေညာဖွယ် ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက် အနေနဲ့ ဒီနွေရာသီမှာ ကစားသမား တော်တော်များများ အင်အားဖြည့်တင်းဖို့ ကြိုးစားနေပေမယ့် တစ်ဖက် မှာလည်း အသင်းက ဥရောပ ၀င်ခွင့် မရရှိခဲ့တာကြောင့် ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် ပေါင် ၈၅ သန်း လောက် အထိ ဆုံးရှုံးခဲ့ရသလို အသင်း ကလည်း အကြွေး တစ်ဘီလီယံလောက် ရှိနေကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ် ကြယ်ပွင့် ဘရိုင်ယန် အမ်ဘူမိုကို စိတ်ဝင်စားနေပြီး ပေါင်သန်း ၅၀ ဝန်းကျင်လောက် ကုန်ကျနိုင်ဖွယ် ရှိနေတာကြောင့် ယူနိုက်တက်က ဒီလက်ပ်ကို ပိုပြီး အာရုံစိုက် ကြိုးပမ်းခဲ့ဖွယ် ရှိပါတယ်။ ယူနိုက်တက်ဟာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင် ဂါနာချို၊ ဆန်ချို၊ အန်တိုနီ၊ ဟွိုက်ဂျ်လန်း၊ ဇီယက်ခ်ဇီး၊ အိုနာနာ၊ ရက်ရှ်ဖို့ဒ် တို့လို ကစားသမားတွေကို ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုရင် ယူနိုက်တက်ဟာ အသင်းမှာ ရှိတဲ့ ကစားသမား အားလုံး နီးပါးကို အရောင်းစာရင်း တင်ထားတယ် ဆိုပြီး သတင်းတွေ ထွက်နေခဲ့ပါတယ်။ အဓိက ကတော့ ယူနိုက်တက်က အခုရာသီမှာ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တာကြောင့် အမော်ရင်က တိုက်စစ်ပိုင်း နေရာစုံကို ပြောင်းလဲသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီလက်ပ်ဟာ အစ်ပ်ဆွစ်ချ်တောင်းနဲ့ ပွဲဦးထွက် ရာသီမှာတင် ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ ဂိုး ရရှိခဲ့တဲ့ ဒီလက်ပ်ကို ချဲလ်ဆီး အပါအဝင် ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အနေနဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာ ခပ်မြန်မြန် လှုပ်ရှားဖို့ ပြင်ဆင်ပြီး ဒီလက်ပ်ရဲ့ အပြောင်းအရွှေ့ ကိုလည်း အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.