နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆန်ချိုကို ပေါင် ၁၇ သန်းကျော်နဲ့ လက်လွှတ်တော့မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို အတွက် ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ဟာ ဆန်ချိုကို ပေါင် ၁၇ သန်း ဝန်းကျင်နဲ့ လက်လွှတ်ရတော့မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

တကယ်တော့ မန်ချက်စတာယူနိုက်တက်ဟာ ဆန်ချိုကို ဒေါ့မန် ကနေ ခေါ်ယူခဲ့စဉ်က ပေါင် ၇၃ သန်းကျော် ပေးချေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၄ နှစ် အကြာ မှာတော့ ယူနိုက်တက်က အင်္ဂလန်သား အတွက် ပေါင် ၁၇ သန်း ဝန်းကျင်သာ ပြန်လည် ရရှိတော့မှာ ဖြစ်လို့ တော်တော်လေး နစ်နာသွားဖို့ ရှိနေပါတယ်။ လက်ရှိ ငွေဈေးနှုန်းနဲ့ ဆန်ချိုကို အငှားချရာမှာ ပြန်လည် ရရှိတဲ့ ငွေကြေးတွေ အပေါ် ပြန်လည် တွက်ချက်ရင်တောင် ယူနိုက်တက် အတွက် နစ်နာတဲ့ ပမာဏ ဖြစ်နေဆဲပါ။

ယူနိုက်တက်ဟာ ဆန်ချိုကို ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးထံ အငှားချခဲ့ပြီးတော့ ရာသီကုန်ချိန် မှာတော့ အပြီးသတ် ရောင်းချဖို့ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက ပေါင် ၅ သန်း လျော်ကြေး ပေးပြီး ပြန်လည် စေလွှတ်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ဆန်ချို အတွက် အသင်းသစ် ရှာဖွေပေးနေရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ ပြီးရင်တော့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ အလက်ဟန်ဒရို ဂါနာချိုနဲ့ တိုင်ရဲလ် မလာစီယာ တို့ကို ဆက်လက် ရှင်းထုတ်သွားရဦးမှာ ဖြစ်ပါတယ်။
ဆန်ချို ပြီးနောက် အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားတွေကို ရှင်းထုတ်ရဦးမယ့် ယူနိုက်တက်

လက်ရှိမှာ ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ် တို့က ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေး ကိစ္စ အတွက် သဘောတူညီမှု ရရှိပြီး ဖြစ်ပေမယ့် ကစားသမားနဲ့ သဘောတူညီမှု ရဖို့တော့ လိုအပ်နေပါသေးတယ်။ တကယ်တော့ ယူနိုက်တက်ဟာ ဆန်ချို အတွက် လက်ရှိ ဂျူဗင်တပ်စ် ဘက်က ကမ်းလှမ်းခဲ့တဲ့ ပမာဏထက် ၂ ဆ ကျော် ပိုပြီး လိုချင်ခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ယူနိုက်တက်ဟာ ဆန်ချို အတွက် မြင့်မားတဲ့ လုပ်ခလစာ ပေးချေနေရမှုကို ဖြေရှင်းနိုင်ဖို့ အတွက် ဂျူဗင်တပ်စ်ရဲ့ နည်းပါးတဲ့ ပြောင်းရွှေ့ကြေးကို လက်ခံခဲ့တာ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်နေကြပါတယ်။ ဒါပေမယ့် လက်တလော ယူနိုက်တက်က ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် ဆန်ချိုသာ ခေါင်းမညှိတ်ဘူး ဆိုရင်တော့ အပြောင်းအရွှေ့က တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါသေးတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ ပြီးရင်တော့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ အလက်ဟန်ဒရို ဂါနာချိုနဲ့ တိုင်ရဲလ် မလာစီယာ တို့ကို ဆက်လက် ရှင်းထုတ်သွားရဦးမှာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက်ဟာ ဒီကစားသမားတွေ ဆီကနေ ရတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ သူတို့ လိုချင်တဲ့ ကစားသမားသစ်တွေကို ခေါ်ယူရာမှာ ပြန်လည် အသုံးချသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

လောလောဆယ် မှာတော့ ယူနိုက်တက်က ဝုဗ်က ဘရာဇီးလ် တိုက်စစ်မှူး မားသီးယက်စ် ကူညာ ကိုသာ ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူထားရပါသေးတယ်။ ရူဘင် အမော်ရင်ရဲ့ အသင်းဟာ ဘရန့်ဖို့ဒ်က ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပေမယ့်လည်း အခုချိန်ထိတော့ အဆင်မပြေသေးတာကြောင့် ဆက်လက် ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ အစောပိုင်း သတင်းတွေအ အရ ဆိုရင်တော့ ယူနိုက်တက်ဟာ အမ်ဘူမိုကို ခေါ်ယူနိုင်ခဲ့ရင်တောင် နောက်ထပ် ကစားသမား ၄ ဦး ထပ်မံ ခေါ်ယူဖို့ ရှိနေသေးကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်