တော့တင်ဟမ်ဟော့စပါး ကတော့ အခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ စပါး နည်းပြ သောမက်စ် ဖရန့်ခ်က ခံနိုင်ရည်ရှိမှုနဲ့ စည်းကမ်းရှိမှုတွေက ခရစ္စတယ် ပဲလေ့စ်ကို အဝေးကွင်းမှာ အနိုင်ရဖို့ အတွက် အဓိက သော့ချက်တွေ ဖြစ်ခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။
ဒါ့အပြင် သောမက်စ် ဖရန့်ခ်က သူ့ရဲ့ ကစားသမားတွေက သူ့အတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပဲ ပိုကောင်းတဲ့ အသင်း တစ်သင်း ဖြစ်လာဖို့ ကြိုးစားနေကြတာလို့ ဆိုပါတယ်။ ဒီပွဲ မတိုင်ခင် ၂ ပွဲဆက် ရှုံးထားတဲ့ စပါးက သူတို့လိုပဲ ၂ ပွဲဆက် ရှုံးထားတဲ့ ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။ ပဲလေ့စ်က ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ကန်ချက်တွေမှာ အသာရခဲ့ပေမယ့် အဆုံးသတ် အပိုင်းမှာတော့ စပါးက ပိုကောင်းခဲ့ပြီး ဂိုးပေါက်တည့်မှု မှာလည်း ပဲလေ့စ်ထက် သာလွန်ခဲ့ပါတယ်။
စပါး အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပထမပိုင်း မပြီးခင်မှာ အာချီ ဂရေးက သွင်းယူပေးခဲ့တာပါ။ ဂရေးက သူ့ရဲ့ ပထမဦးဆုံး စီနီယာ ကစားသမား ဘဝ သွင်းဂိုးကို ရရှိခဲ့သလို ဒီဂိုးကပဲ စပါး အတွက် အဖိုးတန် ၃ မှတ် ရဖို့ လုံလောက်ခဲ့ပါတယ်။ ဒါ့အပြငီ ဒိနိုင်ပွဲက ဖရန့်ခ် အပေါ် ကျရောက်နေတဲ့ ဖိအားတချို့ကို လျော့ပါးစေခဲ့ပါတယ်။ စပါးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီးတော့ Top 5 နဲ့တော့ ၄ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။

သောမက်စ် ဖရန့်ခ်က သူတို့ အတွက် အရေးတကြီး လိုအပ်နေတဲ့ နိုင်ပွဲကို ပြန်လည် ရယူနိုင်ခဲ့ပြီးနောက် BBC Sports နဲ့ အင်တာဗျူးမှာ သူ့ကစားသမားတွေကို အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ်။ “ကျွန်တော့် အတွက် မဟုတ်ဘူးလို့ ထင်ပါတယ်။ သူတို့က ကောင်းမွန်တဲ့ အသင်း တစ်သင်း ဖြစ်ချင်လို့ တိုက်ပွဲဝင်နေကြတာပါ။ သူတို့က အချင်းချင်း၊ ကလပ်၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေ အတွက် အရေးကြီးဆုံး အဖြစ် တိုက်ပွဲဝင်နေကြတာပါ။ ဒီနေ့ အသင်းရဲ့ အမူအကျင့်နဲ့ စိတ်ဓာတ်ကို ကျွန်တော် သဘောကျတယ်။ တိုးတက်အောင် လုပ်ရမယ့်အရာတွေ အများကြီး ရှိနေပေမယ့် ပရီးမီးယားလိဂ်မှာ အထူးသဖြင့် အဝေးကွင်းမှာဆိုရင် အဲဒီလိုမျိုး ရှိဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
စပါး ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် အဝေးကွင်းမှာ ၉ ပွဲ ကစားပြီး ၁၇ မှတ်နဲ့ အမှတ် အများဆုံး ရထားပါတယ်။ ဒါ့အပြင် ဖရန့်ခ် ကလည်း မိနစ် ၉၀ လုံး သူ့အသင်းရဲ့ စနစ်တကျ ကစားပုံကို ကျေနပ် အားရနေပါတယ်။ “အသင်းရဲ့ စည်းကမ်း၊ ခရစ္စတယ်ပဲလေ့စ်ရဲ့ ခြိမ်းခြောက်မှုတွေကို ကျွန်တော် တို့ရဲ့ အပြောင်းအလဲ အနည်းငယ်နဲ့ ထိန်းချုပ်နိုင်ခဲ့တဲ့ ပုံစံကို ကျွန်တော် သဘောကျပါတယ်။ သူတို့ လိုချင်ကို ခွင့်မပြုပေးခဲ့တဲ့ စည်းကမ်းက ကောင်းပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ခံစစ် ကစားခဲ့ပြီး open play မှာ အခွင့်အရေး တစ်ကြိမ်လောက်ပဲ ပေးခဲ့ပြီး ကျန်တာက set piece တွေပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲမှာ ရစ်ချာလီဆင်ရဲ့ သွင်းဂိုး ၂ ဂိုး ကတော့ ခွင့်ပြုခြင်း မခံရတာကြောင့် စပါးတို့ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ စပါးဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ပွဲစဉ် အဖြစ် အဝေးကွင်းမှာ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းဟောင်း ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


