ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ အန်ဂျီ ပိုစတီကိုဂလူးကို ရာထူး ကနေ ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေနေပြီ ဖြစ်ပါတယ်။ စပါးရဲ့ အသင်း နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ခြေရှိသူများ စာရင်း မှာတော့ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်က အပြတ်အသတ် ရေပန်းစားနေခဲ့သလို အခု နောက်ဆုံး မှာတော့ နည်းပြဟောင်း မော်ရူစီယို ပိုချက်တီနို ကလည်း မြောက်လန်ဒန်ကို ပြန်လာနိုင်ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၅၉ နှစ် အရွယ် ဩစတြေးလျ လူမျိုး နည်းပြကြီး အန်ဂျီ ပိုစတီကိုဂလူး ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး ၁၇ နှစ် အတွင်း အသင်း အတွက် ပထမဦးဆုံး အကြိမ် ဆုဖလား တစ်လုံး ပြန်လည် ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါး ကတော့ ဖလား ရပြီး နှစ်ပတ်ကျော် အကြာမှာပဲ ပိုစတီကိုဂလူးကို ရာထူးက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ပိုစတီကိုဂလူး ကတော့ သူ့ရဲ့ စကား အတိုင်း ဒုတိယမြောက် ရာသီမှာ ဆုဖလား ရယူလေ့ ရှိတဲ့ မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပေမယ့်လည်း အသင်းနဲ့ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။ စပါးဟာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ တော်တော်လေး အခြေအနေ ဆိုးရွားခဲ့တာကြောင့် ဒီအခြေအနေက ပိုစတီကိုဂလူး ရာထူး ကနေ ထုတ်ပယ်ခံရခြင်း အတွက် အဓိကကျခဲ့ပါတယ်။ စပါးဟာ ၃၈ ပွဲမှာ ၂၂ ပွဲ အထိ ရှုံးခဲ့ပြီး အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အဆိုးရွားဆုံး အဖြစ် အဆင့် ၁၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ စပါး နည်းပြသစ် အဖြစ် ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်က ၃း၁၀ နဲ့ အပြတ်အသတ် ဦးဆောင်နေသလို ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားက ၄း၁၊ ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာက ၉း၁၊ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီက ၁၂း၁ ၊ အစ်ဆွစ်ချ် နည်းပြ မက် ကန်နာ၊ ဘုန်းမောက် နည်းပြ အိုင်ရာ အိုလာနဲ့ မစ်ဒယ်ဘရော့ ကနေ ထုတ်ပယ်ခံထားရတဲ့ မိုက်ကယ် ကာရစ် တို့က ၁၆း၁ စီ နဲ့ အသီးသီး ရှိနေပါတယ်။
အခုတော့ နည်းပြသစ် စာရင်းမှာ အံ့အားသင့်စရာ ကောင်းတဲ့ နာမည်တစ်ခု ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ နည်းပြဟောင်း မော်ရူစီယို ပိုချက်တီနို ဖြစ်ပါတယ်။ BBCရဲ့ ဖော်ပြချက်အရ ဆိုရင် ပိုချက်တီနိုဟာ အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးကို ပြန်လာနိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။ ပိုချက်တီနိုဟာ စပါးကို ၅ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ၂ဝ၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပိုဆောင်ပေးနိုင်ခဲ့သူ ဖြစ်သလို ၂ဝ၁၇ ခုနှစ်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားသားက စပါးကို ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၄ သင်း စာရင်း ဝင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ စပါး ကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး တို့ကို ထိပ်တန်း ကလပ်တွေကို ကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ လက်ရှိ မှာတော့ သူက အမေရိကန် လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် တာဝန်ကို ယူထားပြီး ၂၀၂၆ ကမ္ဘာ့ဖလား အတွက် ပြင်ဆင်လျက် ရှိပါတယ်။
လက်ရှိမှာ စပါး ပရိသတ်တွေ အကြား ပိုချက်တီနိုဟာ မြောက်လန်ဒန်ကို ပြန်လာဖို့ ရေပန်းစားနေတဲ့ ရွေးချယ်မှု တစ်ခု ဖြစ်နေပေမယ့် သူ့ကို အမေရိကန် အသင်း ကနေ ခေါ်ယူဖို့ ကတော့ ငွေကြေးပိုင်းအရ အခက်အခဲတွေ ရှိနေပါတယ်။ ဘီဘီစီရဲ့ ဖော်ပြချက်အရ ပိုချက်တီနိုရဲ့ လက်ရှိ စာချုပ်ကို ဖျက်သိမ်းဖို့ အတွက် စပါးအနေနဲ့ ပေးချေရမယ့် လျော်ကြေးငွေဟာ ဘောလုံးသမိုင်း တစ်လျှောက် နည်းပြတွေ အတွက် အကုန်အကျ အများဆုံး လျော်ကြေးတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ သိရပါတယ်။ ဒီအခြေအနေကြောင့်တော့ စပါးဟာ ပိုချက်တီနိုကို ပြန်လည် ခေါ်ယူဖို့ ကျိန်းသေပေါက် လက်လျှော့သွားနိုင်ပါတယ်။ တစ်ဖက် မှာလည်း စပါး အနေနဲ့ သောမတ်စ် ဖရန့်ခ်ကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ ဘရန့်ဖိုဒ်ကို ပေါင် ၁ဝ သန်း တန်ကြေး ရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေးချေရဖို့ ရှိပြီး စပါး ဘက်က စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗား ကတော့ ဖူလ်ဟမ် မှာပဲ ဆက်နေမယ်လို့ ကတိပြုထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.