နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အီလန်ဂါ အတွက် လက်ရှိအချိန်ထိ သဘောတူညီမှု မရသေးတဲ့ နယူးကာဆယ်နဲ့ ဖောရက်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ နော့တင်ဟမ်ဖောရက်စ်ရဲ့ ဆွီဒင် တိုက်စစ် ကစားသမား အန်တိုနီ အီလန်ဂါကို ပေါင် ၅၅ သန်း ဝန်းကျင်နဲ့ နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ ပေါင် ၄၅ သန်း ဝန်းကျင်နဲ့ ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာကြောင့် ပေါင် ၅၅ သန်း ဝန်းကျင်နဲ့ ထပ်မံ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါင် ၁၅ သန်းနဲ့ ခေါ်ယူထားတဲ့ ကစားသမားကို နော့တင်ဟမ်ဖောရက်စ် ဘက်က ပေါင် သန်း ၆၀ စျေးနှုန်း သတ်မှတ်ထားကာ ရောင်းထုတ်ဖို့လည်း အစီအစဉ် မရှိတာကြောင့် နယူးကာဆယ်တို့ အခက်တွေ့နေရပါတယ်။ သတင်းတွေအရ ဆိုရင်လည်း လက်ရှိအချိန်ထိ အီလန်ဂါ အတွက် ကလပ် နှစ်ခု အကြားမှာ သဘောတူညီမှု မရရှိသေးကြောင်း သိရပါတယ်။

လက်ရှိမှာ အသက် ၂၃ နှစ် ရှိပြီ ဖြစ်တဲ့ အီလန်ဂါက ၂၀၂၃ ခုနှစ် နွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကနေ နော့တင်ဟမ်ဖောရက်စ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဆွီဒင်သားဟာ မန်ချက်စတာယူနိုက်တက်မှာ ၅၅ ပွဲ ကစားပြီး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် နော့တင်ဟမ်ဖောရက်စ် မှာတော့ နှစ်ရာသီ အတွင်း ၈၂ ပွဲ ကစား၊ ၁၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ထားပါတယ်။

အခုလို ခြေစွမ်းပြနေတဲ့ အီလန်ဂါဟာ နော့တင်ဟမ်ဖောရက်စ်ရဲ့  အမာခံ ကစားသမား တစ်ဦး အဖြစ် ရှိနေပြီး ဖောရက်စ်နဲ့လည်း ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပါတယ်။ ဒါကြောင့် ဖောရက်စ်ဟာ အီလန်ဂါကို ဈေးပေါပေါနဲ့ ရောင်းထုတ်လိုခြင်း မရှိပဲ သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးချေမှသာ လက်လွှတ်သွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နူနို အက်စ်ပီရီတို ဆန်တိုရဲ့ အသင်းဟာ ၁၉၉၅-၁၉၉၆ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ယူရိုပါကွန့်ဖရင့်လိဂ် (ဥရောပပြိုင်ပွဲ)ကို ပါဝင် ဆင်နွှဲရဖို့ ရှိတာကြောင့် အသင်း အတွက် အရေးပါတဲ့ ကစားသမားတွေကို ဆက်ထိန်းထားချင်နေတာလည်း ဖြစ်ပါတယ်။

ဒီကစားသမား ကိုတော့ ဒေါ့မန်နဲ့ ပရီးမီးယားလိဂ် ကလပ် တချို့ ကလည်း ခေါ်ယူချင်နေတာကြောင့် ဖောရက်စ် အတွက် အနည်းငယ် ခက်ခဲနိုင်တဲ့ အပြောင်းအရွှေ့လည်း ဖြစ်နေပါတယ်။
အီလန်ဂါကို တတ်နိုင်သမျှ လက်လွှတ်လိုခြင်း မရှိတဲ့ နော့တင်ဟမ်ဖောရက်စ်

နယူးကာဆယ်နဲ့ အက်ဒီဟောင်းဝ် တို့ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းမှာ ပါဝင်ကစားခဲ့တဲ့ အီလန်ဂါကို ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက အီလန်ဂါ အနေနဲ့ ဖောရက်စ်မှာ ဆက်နေခဲ့မယ် ဆိုရင် ကွန့်ဖရင့်လိဂ်သာ ကစားရမှာ ဖြစ်ပေမယ့် နယူးကာဆယ် ကိုသာ ပြောင်းရွှေ့နိုင်ခဲ့မယ် ဆိုရင်တော့ ချန်ပီယံလိဂ် ကစားခွင့်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ အီလန်ဂါကို ဒီနွေရာသီမှာ အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားပြီး တတ်နိုင်သမျှ သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းသွားဖို့တော့ ရှိနေဆဲ ဖြစ်ပါတယ်။ အီလန်ဂါ ကတော့ ယူနိုက်တက် ကနေ နော့တင်ဟမ်ဖောရက်စ်ကို ပြောင်းရွှေ့ချိန်တုန်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြောကြားခဲ့သလို စီးတီးဂရောင်းမှာ ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေ မြင်တွေ့နေရပါတယ်။

ဖောရက်စ် ကတော့ အီလန်ဂါကို ဘယ်လိုနည်းနဲ့မှ လက်မလွှတ်ချင်ပေမယ့် အကယ်၍ ရောင်းထုတ်ခဲ့ရမယ် ဆိုရင်လည်း အသက် ၂၂ နှစ် အရွယ် ပီအက်စ်ဗွီ တောင်ပံ ကစားသမား ဂျော်ဒန် ဘာကာယိုကို ကို ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ ဒေါ့မန်နဲ့ ပရီးမီးယားလိဂ် ကလပ် တချို့ ကလည်း ခေါ်ယူချင်နေတာကြောင့် ဖောရက်စ် အတွက် အနည်းငယ် ခက်ခဲနိုင်တဲ့ အပြောင်းအရွှေ့လည်း ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်