ဇူလိုင်လ ၇ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့ကတော့ အတ္တလန္တာ ဗဟိုနောက်ခံလူ ဂျော်ဂျီယို စကယ်လ်ဗီနီကို စိတ်ဝင်စားနေပါတယ်။ ဒီကစားသမား ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်း တန်ကြေး ရှိနေကြောင်း CaughtOffside က ဖော်ပြပါတယ်။

ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကတော့ ပေါင် သန်း ၈၀ တန်ကြေး သတ်မှတ်ထားတဲ့ တီနို လစ်ဗရာမန်တိုကို ခေါ်ယူချင်နေပါတယ်။ ဒီကစားသမားကို မန်စီးတီးက အသည်းအသန် လိုက်နေပေမယ့် နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ် ကတော့ ညာနောက်ခံလူ နေရာ အတွက် ဆက်ထားဖို့ စိတ်အားထက်သန်နေကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်နှင့် စပို့တင်လစ္စဘွန်း တို့ဟာ ဗစ်တာ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် နောက်ဆုံးမှာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ CNN ပေါ်တူဂီရဲ့ ဖော်ပြချက်အရ ဆိုရင် ကစားသမားဟာ လန်ဒန်ကို လာဖို့ အတွက် အထုပ်အပိုးတွေ ပြင်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်နဲ့ စပို့တင်း တို့ အကြား ယူရို သန်း ၈၀ ကို ဘယ်လိုပုံစံနဲ့ ပေးချေမလဲ ဆိုတာ ဆွေးနွေးနေရပြီး ပေါ်တူဂီ ကလပ် ဘက်တော့ ယူရို သန်း ၇၀ + အပိုဆုကြေး ၁၀ သန်း ပေးချေဖို့ တောင်းဆိုထားပါတယ်။
တစ်ဖက် မှာလည်း ဂန်းနားတွေဟာ အက်တလက်တီကိုမက်ဒရစ်က အလေးအနက် စိတ်ဝင်စားခဲ့တဲ့ ချဲလ်ဆီး တိုက်စစ် ကစားသမား နိုနီ မာဒူခေးကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေကြောင်း Fichajes က ဖော်ပြပါတယ်။
မန်စီးတီး ကတော့ အင်တာမီလန် တောင်ပံကစားသမား ဒန်ဇဲလ် ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ အာရုံစိုက်လာနိုင်ကြောင်း သိရပါတယ်။ ဒီကစားသမားကို ဘာစီလိုနာက စိတ်ဝင်စားနေပေမယ့်လည်း နယ်သာလန်သားက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း Mundo Deportivo ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
CaughtOffside ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ ဖီယင်နော့ဒ် ကွင်းလယ်လူ အော်ကွန် ကော့ချ်ကူနဲ့ အာနေး ဆလော့တ်ကို ပြန်လည် ပေါင်းစည်းပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ပေါင် ၃၄.၅ သန်း တန်ကြေး ရှိတဲ့ ဒီကွင်းလယ် ကစားသမား ကိုတော့ မန်ချက်စတာယူနိုက်တက်၊ စပါးနဲ့ အင်တာမီလန် တို့က စိတ်ဝင်စားနေကြပါတယ်။
ယူနိုက်တက်ဟာ ကလပ်ကမ္ဘာ့ဖလားမှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘိုတာဖိုဂို ဂိုးသမား ဂျွန်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဘရာဇီးလ် ဂိုးသမားရဲ့ ကနဦး တန်ကြေးမှာ အမေရိကန် ဒေါ်လာ ၈ သန်းသာ ရှိတယ်လို့ ယူဆရပေမယ့် အဲဒီထက်လည်း ပိုမို များပြားနိုင်ကြောင်း Canal do TF က ဖော်ပြခဲ့ပါတယ်။
ချန်ပီယံရှစ် တန်းတက် ကလပ် ရက်စ်ဟမ်း ကတော့ နော့တင်ဟမ်ဖောရက်စ်က အသက် ၂၆ နှစ် အရွယ် ကွင်းလယ်လူ လီဝစ် အို ဘရိုင်ယန်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။ ဒါပေမယ့်လည်း ရက်စ်ဟမ်း ပိုင်ရှင်တွေ ဖြစ်တဲ့ ရိုင်ယန် ရေးနိုးလ်နဲ့ ရော့ဘ် မက်အဲလ်ဟန်နေး တို့ကတော့ ကစားသမား လက်ခံမယ့် လုပ်ခ လစာကို ဖြေရှင်းဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.