ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ အတွက် စုံစမ်းမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သား ကတော့ စပါးထက် မြင့်မားတဲ့ အသင်း တစ်သင်းဆီကိုသာ ပြောင်းရွှေ့ချင်တာကြောင့် မြောက်လန်ဒန် ကလပ်ရဲ့ ချဉ်းကပ်မှုကို ပြတ်သားစွာပဲ တုံပြန်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
အသက် ၂၄ နှစ် အရွယ် ကစားသမား ကတော့ ဒီနွေရာသီမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ များနေခဲ့ပြီးတော့ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်လည်း ဖြစ်နေသူပါ။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် စပါး ဘက်က အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ကြိုးပမ်းခဲ့ပေမယ့်လည်း ရိုဒရီဂို ကတော့ ဆန်တီယာဂို ဘာနေဗျူးကွင်းကို စွန့်ခွာခဲ့ရမယ် ဆိုရင် တော့တင်ဟမ်ဟော့စပါးထက် ပိုပြီး ကြီးမားတဲ့ ကလပ် တစ်ခု ကိုသာ ပြောင်းရွှေ့ချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။
ဗြိတိန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် စပါးဟာ ဒီနွေရာသီမှာ ရိုဒရီဂိုကို အပြီးသတ် စာချုပ်နဲ့ ခေါ်ယူဖို့ ရည်ရွယ်ထားပြီး ရီးရဲလ်မက်ဒရစ် ဘက်ကို တရားဝင် စုံစမ်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ် လက်ရွေးစင်က နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ စပါးထံ လုံးဝ ပြောင်းရွှေ့လိုခြင်း မရှိကြောင်း FootMercato က အတည်ပြု ဖော်ပြခဲ့ပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ စပါး ဘက်က ရိုဒရီဂိုကို လက်မလျှော့ချင်သေးတာကြောင့် ဆက်လက် ကြိုးပမ်းဦးမှာ ဖြစ်ပေမယ့် လက်ရှိ အချိန်မှာတော့ နှစ်ဖက် အသင်းကြား ဆွေးနွေးမှုတွေတော့ ရှိမနေတော့ကြောင်း သိရပါတယ်။

လက်ရှိ ရိုဒရီဂိုရဲ့ အခြေအနေက ရီးရဲလ်မက်ဒရစ်မှာ လုံးဝ မသေချာတော့သလို ပြီးခဲ့တဲ့ ပွဲတွေမှာ ဘရာဇီးလ်သားကို သိသိသာသာ ချန်လှပ်ခဲ့တဲ့ နည်းပြ ဇာဘီ အလွန်ဆိုရဲ့ သဘောထား ကလည်း သိသာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ် မှာပဲ ဆက်နေချင်နေဆဲ ဖြစ်ပြီး မတတ်သာတဲ့ အဆုံးမှာ ထွက်ခွာခဲ့ရရင်တောင် စပါးထက် ပိုကြီးမားတဲ့ ထိပ်တန်း အဆင့် အသင်း တစ်သင်း ကိုသာ ပြောင်းရွှေ့ဖို့ အာရုံစိုက်နေကြောင်း သိရပါတယ်။
ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၈ ခုနှစ် နွေရာသီ အထိ သက်တမ်း ရှိတဲ့ ရေရှည် စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ သူဟာ လာလီဂါ ကလပ် အတွက် ပွဲပေါင်း ၂၇၀ အထိ ပါဝင်ကစားပေးထားပြီးတော့ သွင်းဂိုး ၆၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၁ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ တစ်ခု ရှိတာက ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားရဲ့ အရည်အသွေးနဲ့ အသက်အရွယ်အရ လက်ရှိ ဈေးကွက် တန်ကြေးထက် လျော့နည်းတဲ့ ပမာဏနဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။ ဒါကြောင့် သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို သုံးစွဲရဖို့လည်း ရှိနေပါတယ်။
တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ် စပါး အနေနဲ့ ရိုဒရီဂိုရဲ့ လက်ရှိ သဘောထားကြောင့် တခြားသော ကစားသမားတွေကို ပစ်မှတ်ထားဖွယ်တော့ ရှိနေပါတယ်။ လစ်ဗာပူးလ်နဲ့ အာဆင်နယ် ကလည်း ဘရာဇီးလ်သားကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိတော့ တရားဝင် ကမ်းလှမ်းမှုတွေ မပြုလုပ်ရသေးကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီဂို အတွက် ယူရို သန်း ၁၀၀ အထိ တောင်းဆိုဖွယ် ရှိနေပြီး စျေးနှုန်းကို လျှော့ချပေးဖို့ သဘောတူဖွယ် ရှိပါတယ်။ အကယ်၍ ရိုဒရီဂိုသာ အမှန်တကယ် အသင်း ကနေ ထွက်ခွာမယ် ဆိုရင်တော့ ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ အပြောင်းအရွှေ့ အထမြောက်ဖွယ်လည်း ရှိနေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.