နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆလီဘာကိုယူရိုသန်း ၁၀၀နဲ့ ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်၊ ထိပ်တန်းကလပ် ၄ သင်းရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဒမ်ဘီလီ| ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလပ်တွေဖြစ်တဲ့အာဆင်နယ်၊ချဲလ်ဆီး၊လစ်ဗာပူးလ်နဲ့ယူနိုက်တက်တို့ကတော့ပီအက်စ်ဂျီတိုက်စစ်မှူးအူစမန်နီဒမ်ဘီလီကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။ဒီရာသီမှာတော်တော်လေးခြေစွမ်းပြထားနိုင်တဲ့ပြင်သစ်သားကိုတော့ဒီပရီးမီးယားလိဂ်၄သင်းကလာမယ့်အပြောင်းအရွှေ့မှာရည်မှန်းချက်ကြီးကြီးထားပြီးကမ်းလှမ်းမှုတွေပြုလုပ်လာနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ဗဟိုခံစစ်မှူးဝီလီယမ်စ်ဆလီဘာကိုအခုနွေရာသီမှာယူရိုသန်း၁၀၀ (ပေါင်၈၅.၇သန်း) နဲ့ကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေကြောင်းFichajesကဖော်ပြပါတယ်။အာဆင်နယ်ကတော့အသင်းရဲ့အဓိကနောက်ခံလူဖြစ်တဲ့ဆလီဘာကိုအလွယ်တကူလက်လွှတ်မှာမဟုတ်သလိုကစားသမားကိုယ်တိုင်ကလည်းအမ်းမရိတ်စ်မှာပဲပျော်ရွှင်နေကြောင်းပြောကြားထားပါတယ်။

လီဂူးဝမ်းကလပ်ပီအက်စ်ဂျီကတော့လစ်ဗာပူးလ်ညာနောက်ခံလူထရန့်အလက်ဇန္တားအာနိုးလ်ကိုမထင်မှတ်ပဲခေါ်ယူဖို့ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။အာနိုးလ်ကတော့လက်ရှိမှာရီးရဲလ်မက်ဒရစ်ကိုရောက်ရှိဖို့သေချာသလောက်ရှိနေပေမယ့်ပီအက်စ်ဂျီကကြားဖြတ်ကြိုးပမ်းဖို့အတွက်လိုအပ်သမျှလုပ်ဆောင်ရန်ပြင်ဆင်နေတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်းရီးရဲလ်မက်ဒရစ်ကထရန့်အလက်ဇန္တားအာနိုးလ်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိထားပြီလို့ယုံကြည်နေပြီးလာမယ့်ရက်သတ္တပတ်အတွင်းသူတို့ရဲ့ဆုံးဖြတ်ချက်ကိုလူသိရှင်ကြားအတည်ပြုပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဒီရာသီမှာတော်တော်လေးခြေစွမ်းပြထားနိုင်တဲ့ပြင်သစ်သားကိုတော့ဒီပရီးမီးယားလိဂ်၄သင်းကလာမယ့်အပြောင်းအရွှေ့မှာရည်မှန်းချက်ကြီးကြီးထားပြီးကမ်းလှမ်းမှုတွေပြုလုပ်လာနိုင်ပါတယ်။
ဘယ်လွန်ဒေါဆုအတွက်လည်းရေပန်းစားနေတဲ့ အူစမန်နီဒမ်ဘီလီ

သတင်းတွေရဲ့ဖော်ပြချက်အရအာဆင်နယ်၊ချဲလ်ဆီးနဲ့လစ်ဗာပူးတို့အနေနဲ့အခုနွေရာသီမှာဘာစီလိုနာတိုက်စစ်မှူးရာဖင်ညာကိုပေါင်သန်း၈၀နဲ့ခေါ်ယူနိုင်ကြောင်းသိရပါတယ်။ဒီသတင်းကတော့ဖြစ်နိုင်ချေနည်းပြီးဘာစီလိုနာကသူတို့ရဲ့ဘယ်လွန်ဒေါဆုရှင်အလောင်းအလျာကစားသမားကိုအနည်းဆုံးယူရိုသန်း၁၂၀ရရှိမှရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။

Buchi Laba ရဲ့ဖော်ပြချက်အရလစ်ဗာပူးလ်ဟာအခုနွေရာသီမှာနာပိုလီတိုက်စစ်မှူးဗစ်တာအိုဆင်မ်ဟန်ကိုခေါ်ယူဖို့၁၀၀ရာခိုင်နှုန်းပြည့်ကြိုးပမ်းသွားမယ်လို့သိရပါတယ်။အိုဆင်မ်ဟန်ကိုတော့ယူနိုက်တက်၊အာဆင်နယ်နဲ့ချဲလ်ဆီးတို့ကလည်းအလိုရှိနေပါတယ်။

ချဲလ်ဆီးကတော့ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားရိုဒရီဂိုကိုခေါ်ယူဖို့မန်ချက်စတာစီးတီးနှင့်မန်ချက်စတာယူနိုက်တက်တို့နဲ့အပြိုင်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။လန်ဒန်ကလပ်ဟာဒီကစားသမားကိုစတန်းဖို့ဒ်ဘရစ်ချ်ဆီဆွဲဆောင်ဖို့အတွက်ယူရိုသန်း၁၀၀ (ပေါင်၈၅.၇သန်း) နဲ့ကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေကြောင်းသိရပါတယ်။

ချဲလ်ဆီးကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်ကိုတော့ရီးရဲလ်မက်ဒရစ်ကတိုနီခရူးစ်ရဲ့နေရာကိုဆက်ခံဖို့အလားအလာရှိသူအဖြစ်သတ်မှတ်ထားဆဲဖြစ်ပါတယ်။ဒါပေမယ့်လည်းချဲလ်ဆီးကအန်ဇိုဖာနန်ဒက်ဇ်ကိုသူတို့ခေါ်ယူခဲ့စဉ်ကစံချိန်တင်ပြောင်းရွှေ့ကြေးသုံးခဲ့ရတာကြောင့်အလွယ်တကူလက်လွှတ်သွားမှာတော့မဟုတ်ပါဘူး။

ဘာစီလိုနာညာနောက်ခံလူဂျူးလ်စ်ကွန်ဒေးကတော့အခုနွေရာသီမှာလက်ရှိကလပ်ဘာစီလိုနာကနေထွက်ခွာဖို့ဆန္ဒမရှိကြောင်းသိရပါတယ်။ဒီပြင်သစ်သားကိုတော့အာဆင်နယ်ကခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်