နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ကို လက်စားချေဖို့ မန်စီးတီးကို အကူညီပေးမယ် ဆိုတဲ့ ရေယန် ချာကီ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီးရဲ့ ကွင်းလယ် ကစားသမားသစ် ရေယန် ချာကီ ကတော့ မကြာသေးခင်ကပဲ စီတီဇင်တို့ အတွက် အားရစရာကောင်းတဲ့ စကားတွေ ပြောဆိုလာခဲ့ပါတယ်။ ရေယန် ချာကီဟာ ပြီးခဲ့တဲ့ တစ်ပတ် ကမှ လိုင်ယွန် ကနေ ပရီးမီးယားလိဂ် ကလပ်ဆီ ယူရို ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

မန်စီးတီးဟာ ကီဗင် ဒီဘရွန်းနား ထွက်ခွာသွားခြင်းနဲ့ အတူ တခြားသော ကွင်းလယ် ကစားသမားတွေ ကလည်း အကျပိုင်းကို ရောက်လာတာကြောင့် တီဂျန်နီ ရီအင်ဒါ၊ ရေယန် ချာကီ တို့နဲ့ ခပ်မြန်မြန် ပြန်လည် အစားထိုးထားခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တီဂျန်နီ ရီအင်ဒါ ကလည်း သူ့ အနေနဲ့ ဒီဘရွန်းနားရဲ့ နေရာကို အစားထိုးဖို့ မဟုတ်ပဲ သူ့ရဲ့ ကိုယ်ပိုင် အောင်မြင်မှုတွေကို ထုဆစ်ဖို့ မန်စီးတီးမှာ ရောက်ရှိနေတာ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုခဲ့သလို ချာကီ ကလည်း မန်စီးတီးမှာ သူ့ရဲ့ ရည်မှန်းချက်တွေကို အခုလိုပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချာကီက “ကျွန်တော်က လိုင်ယွန်သား တစ်ယောက် ဖြစ်တဲ့ အတွက် မန်ချက်စတာယူနိုက်တက်က လိုင်ယွန်ကို အနိုင်ရသွားတာကို မကြိုက်ခဲ့ပါဘူး။ အခုတော့ သူတို့ကို ချေမှုန်းပစ်ဖို အဲဒီပွဲကို ကျွန်တော် စောင့်နေပါပြီ။ ကျွန်တော်က မန်ချက်စတာစီးတီး ကိုပဲ လာချင်ခဲ့တာပါ။ ကျွန်တော် ပက်ပ်နဲ့ စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော့်ကို လိုချင်တယ် ဆိုတာ အရမ်းပဲ ရှင်းလင်းပါတယ်။ ဒီအသင်းရဲ့ ကစားကွက် ကလပ် အသင်းနဲ့ မြို့က အရမ်းပဲ ကောင်းပါတယ်။ ကျွန်တော်က အောင်မြင်မှုတွေ လိုချင်တယ်။ မန်စီးတီး ကလည်း အရာအားလုံးကို အနိုင်ယူချင်တဲ့ အသင်းပါ။ ဒါက ကျွန်တော့် အတွက် အကောင်းဆုံးပဲ။ ဒီမှာ ရိုဒရီ ဘယ်လွန်ဒေါ ရသွားတာကို ကြည့်လိုက်ပါ။ မန်စီးတီးနဲ့ ဆိုရင် ဒီဆုကို ရနိုင်တယ် ဆိုတာ ရှင်းနေတာပါပဲ။ ကျွန်တော် ဒီကို လာတာ အဲ့ဒီအတွက်ပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

လိုင်ယွန် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ရေယန် ချာကီဟာ လူငယ်ကစားသမား ဘဝ ကတည်းက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဧပြီလက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယူနိုက်တက် ၅-၄ လိုင်ယွန် ယူရိုပါလိဂ် ပွဲစဉ်က သူ့အပေါ် မကျေနပ်ချက် ဖြစ်သွားစေခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ချာကီက သူကို့ ကီဗင် ဒီဘရွန်းနားနဲ့ နှိုင်းယှဉ်နေတာ ကိုတော့ သဘောမကျတဲ့ ပုံစံမျိုး ပြောဆိုသွားခဲ့ပါတယ်။ သူဟာ ဒီဘရွန်းနား မဟုတ်ကြောင်း ဒီဘရွန်းနားက ကလပ်ရဲ့ ဂန္ထဝင် ဖြစ်ကြောင်း၊ သူဟာ ကလပ်ကို ကူညီဖို့ ရောက်ရှိနေတာ ဖြစ်ကြောင်း၊ ကလပ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေကြောင်း၊ သူ့အနေနဲ့ ကြိုးစားပြီးတော့ သူ့အလှည့်ကို စောင့်မှာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ချာကီက သူဟာ နည်းပြ ပပ် ဂွါဒီယိုလာကြောင့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်း အခုလိုပဲ ပြောဆိုသွားခဲ့ပါသေးတယ်။ “ပပ်က ကျွန်တော့်ကို သူဟာ နံပါတ် ၁၀ ကစားသမားတွေကို သဘောကျတယ် ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က အခု ကွင်းထဲ နေရာအစုံမှာ ကစားနိုင်ပါတယ်။ မင်း ဘောလုံးရထားတဲ့ အချိန်မှာ မင်း လွပ်လွတ်လပ်လပ် ကစားနိုင်တယ်လို့ ပြောခဲ့တယ်။ ဒါက ကျွန်တော့် အတွက် အရမ်းကောင်းတဲ့ အချက်ပဲ၊ ဘာလိုလဲ ဆိုတော့ ဒါက အသင်းကို ကူညီနိုင်မယ့် ကျွန်တော့်ရဲ့ အဓိက အရည်အသွေး ဖြစ်လို့ပါပဲ။” လို့ ချာကီက ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်