ဇူလိုင်လ ၁၆ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ကတော့ ချဲလ်ဆီး ကွင်းလယ် ကစားသမား ကိုးလ် ပါးလ်မာကို ခေါ်ယူဖို့ အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးကို ချိုးဖျက်ဖို့ အဆင်သင့် ဖြစ်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ပီအက်စ်ဂျီဟာ ပါးလ်မား အတွက် ယူရို သန်း ၂၅၀ (ပေါင် ၂၁၇ သန်း)နဲ့ ကမ်းလှမ်းဖို့ ရှိနေကြောင်းလည်း သတင်းတွေ ထွက်နေတာပါ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်ကတော့ အင်္ဂလန်သား အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဂျေဒန် ဆန်ချို အတွက် သူတို့ရဲ့ တောင်းဆိုကြေး ယူရို ၂၅ သန်း (ပေါင် ၂၁.၇ သန်း) ဟာ များပြားနေတာကြောင့် ဘယ်အသင်း ကမှ လက်ခံမှာ မဟုတ်ကြောင်း Football Italia က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဂျူဗင်တပ်စ်နဲ့ ညှိနှိုင်းရာမှာ သူတို့ရဲ့ တောင်းဆိုမှုတွေကို လျှော့ချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ Football Insider ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဂျူဗင်တပ်စ် ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ကို ခေါ်ယူဖို့ အတွက် အဲဗာတန်ကို အသာရနေကြောင်း ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဘရာဇီးလ် ကွင်းလယ်လူကို ကနဦး အငှားနဲ့ ခေါ်ယူပြီး အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ စဉ်းစားထားကြောင်း သိရပါတယ်။
နောက်ထပ် သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ်ယူနိုက်တက်ကို ကျော်လွန်ပြီး ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ သရဲနီတွေဟာ ညှိနှိုင်းတွေကို အရှိန်မြှင့်တင်ဖို့ အတွက် ကစားသမား+ငွေသား ပေးချေဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
တစ်ဖက် မှာလည်း နယူးကာဆယ်က ဟူဂို အစ်ကီတီကီကို ခေါ်ယူမယ့် အစား ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အန်းဒရစ်ခ်ကို ယူရို သန်း 70 (ပေါင် ၆၀.၈ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း Defensa Central က ဖော်ပြခဲ့ပါတယ်။ TEAMtalk ရဲ့ ဖော်ပြချက်အရ ဒီကစားသမားရဲ့ စျေးနှုန်းဟာ ပေါင်သန်း ၉၀ ဝန်းကျင် ရှိနိုင်တာကြောင့် နယူးကာဆယ် အနေနဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ကို ပြောင်းလဲ ကြိုးပမ်းနိုင်ကြောင်း သိရပါတယ်။

နယူးကာဆယ် အနေနဲ့ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူလိုတဲ့ ဆန္ဒဟာ အလက်ဇန္တား အိဆက်ခ်ရဲ့ မသေချာတော့တဲ့ အနာဂတ် အခြေအနေကြောင့် ဖြစ်ပါတယ်။ ဆွီဒင် တိုက်စစ်မှူး ကိုတော့ လစ်ဗာပူးလ်က ပေါင်သန်း ၁၂၀ နဲ့ ကမ်းလှမ်းဖို့ ရှိနေပြီးတော့ ဒီပမာဏဟာ နယူးကာဆယ် အတွက် လုံလောက်တဲ့ စွဲဆောင်မှု ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။
FootballTransfers ရဲ့ ဖော်ပြချက်အရ ခရစ္စတယ်ပဲလေ့စ် ကတော့ အီဘာရီချီ အီးဇီးရဲ့ အပြောင်းအရွှေ့ အတွက် လမ်းဖွင့်ထားကြောင်း သိရပါတယ်။ ပဲလေ့စ်ဟာ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး အပြင် လီအန်ဒရို ထရော့ဆက်ဒ်ကို အလိုက်ပေး ကမ်းလှမ်းရင် ပိုမို သဘောကျမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
စပါးနဲ့ မော်ဂန် ဂစ်ဘ်-ဝှိုက် ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ နော့တင်ဟမ်ဖောရက်စ်က ပရီးမီးယားလိဂ်ဆီ တိုင်ကြားခဲ့ရာ လက်ရှိမှာတော့ အပြောင်းအရွှေ့ ပျက်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ မန်စီးတီးက ဂစ်ဘတ်ဝှိုက်ကို ခေါ်ယူဖို့ ဂျိမ်းစ် မက်အတီး ကို အလဲအလှယ် လုပ်ဖို့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ စပါး ကတော့ ဂစ်ဘ်ဝှိုက်ကို မြောက်လန်ဒန် ကလပ်ဆီ ခေါ်ယူဖို့ စွဲဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ TBR Football က ဖော်ပြခဲ့ပါတယ်။ ဒီကလပ် ကမ္ဘာ့ဖလား ကြယ်ပွင့် ကိုတော့ ဘရန့်ဖို့ဒ်၊ ဆန်းဒါးလန်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက် တို့က စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.