နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပေါင် ၂.၃၇ ဘီလီယံ အထိ ရှိလာတဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်

လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကစားသမား ခေါ်ယူမှု အသုံးစရိတ်ဟာ ပေါင် ၂.၃၇ ဘီလီယံ အထိ ရှိလာပြီး စံချိန်သစ် တင်သွားခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်က အေစီမီလန် တိုက်စစ်မှူး နိုအာ အိုကာဖောကို ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းနဲ့ ခေါ်ယူပြီးနောက်မှာ စံချိန်သစ် တင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလဟာ ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလက စံချိန်တင် ငွေသုံးစွဲမှု ပေါင် ၂.၃၆ ဘီလီယံကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် ၂၉၁.၉ သန်း သုံးစွဲထားပြီး နောက်ထပ် သုံးစွဲမှုတွေလည်း ထပ်လုပ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ လစ်ဗာပူးလ်က နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ထပ်မံ ခေါ်ယူဦးမယ် ဆိုရင်တော့ ဒီအပြောင်းအရွှေ့ကာလ တစ်ခု အတွင်းမှာတင်ပဲ ငွေအများဆုံး သုံးစွဲတဲ့ အသင်း အဖြစ် စံချိန်တင် မှာလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ကစားသမား ပြန်လည် ရောင်းချရမှု ကနေတော့ ပေါင် ၁၈၈.၅ သန်း ပြန်လည် ရရှိထားပါတယ်။ 

အပြောင်းအရွှေ့ကာလ တစ်ခု အတွင်းမှာ ငွေအများဆုံး သုံးစွဲထားတဲ့ ပရီးမီးယားလိဂ် ကလပ် အဖြစ် စံချိန်တင်ထားတာက ချဲလ်ဆီး ဖြစ်ပါတယ်။ ချဲလ်ဆီးက ပြီးခဲ့တဲ့နှစ်၊ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပေါင် ၄၀၄.၄ သန်း သုံးစွဲပြီး စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက ဒီနှစ်မှာလည်း လစ်ဗာပူးလ် ပြီးရင် ဒုတိယမြောက် ငွေအများဆုံး သုံးစွဲထားတဲ့ ကလပ် ဖြစ်နေပြီး ပေါင် ၂၄၀.၁ သန်း သုံးစွဲထားပါတယ်။ ချဲလ်ဆီးက တစ်ဖက်မှာလည်း ကစားသမား ပြန်လည် ရောင်းချရမှု ကနေ ပေါင် ၂၀၅.၇ သန်း ရရှိထားပါတယ်။ ဒါကြောင့် တော့ဒ်ဘိုလေတို့ အုပ်စုက သူတို့ ခေါ်ယူချင်နေတဲ့ ဇာဗီ ဆိုင်မွန်စ်၊ အလက်ဟန်ဒရို ဂါနာချို တို့လို ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပြီး နီကိုးလက်စ် ဂျက်ဆန် အပါအဝင် ကစားသမား ၈ ဦးကို ရှင်းထုတ်နိုင်ရင်တော့ ဝင်ငွေ ထွက်ငွေကို မျှတအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

တတိယမြောက် ငွေသုံး အများဆုံး ပရီးမီးယားလိဂ် ကလပ် ကတော့ မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။
တတိယမြောက် ငွေသုံး အများဆုံး ကလပ် အဖြစ် မှတ်တမ်းဝင်ထားတဲ့ ယူနိုက်တက်

တတိယမြောက် ငွေသုံး အများဆုံး ပရီးမီးယားလိဂ် ကလပ် ကတော့ မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။ ယူနိုက်တက်က လီယွန်၊ ကူညာ၊ အမ်ဘူမိုနဲ့ ဘင်ဂျာမင် ဆက်စ်ကို တို့ ၄ ဦး အတွက် ဒီနွေရာသီမှာ ပေါင် ၁၉၇.၂ သန်း သုံးစွဲထားပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ကစားသမား ရောင်းချရမှု ကနေတော့ ဝင်ငွေ ပြန်လည် ရရှိထားခြင်း မရှိပါဘူး။ အာဆင်နယ် ကတော့ ဒီနွေရာသီမှာ ကစားသမား ၆ ဦး အတွက် ပေါင် ၁၉၂.၆ သန်း သုံးစွဲထားပြီး ၇ ဦးမြောက် ခေါ်ယူမှု ဖြစ်တဲ့ အီးဇီး ရောက်ရှိလာရင်တော့ အသုံးစရိတ် ပေါင် သန်း ၂၅၀ ဝန်းကျင် အထိ ရှိလာမှာ ဖြစ်ပြီး အပေါ်က အသင်းတွေကို ကျော်ဖြတ်သွားမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ကစားသမား ရောင်းချရမှု ကနေတော့ ပေါင် ၆.၉ သန်းသာ ပြန်လည် ရရှိထားပါတယ်။ ဒါ့အပြင် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားဟာ အပြောင်းအရွှေ့ အတွက် ၁ ဘီလီယံ သုံးစွဲထားတဲ့ နည်းပြ အဖြစ်လည်း ထိပ်ဆုံးက ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ငွေသုံးကြမ်းထားတဲ့ ဒီနွေမှာတော့ ပေါင် ၁၅၃.၄ သန်း သုံးစွဲထားပြီး ရောင်းချရမှု ကနေတော့ ပေါင် ၅၃.၇ သန်း ပြန်လည် ရရှိထားပါတယ်။ နော့တင်ဟမ်ဖောရက်စ် ကတော့ ပေါင် ၁၄၇.၇ သန်း သုံးစွဲထားပေမယ့် ပေါင် ၁၀၂.၁ သန်း ပြန်လည် ရရှိထားပြီး တန်းတက် ကလပ် ဆန်းဒါးလန်း ကတော့ ပေါင် ၁၄၁.၉ သန်း အထိ သုံးစွဲထားတာ တွေ့ရပါတယ်။ ဒီအသင်းတွေ ပြီးရင်တော့ တော့တင်ဟမ်၊ ဘန်လေ၊ ဘုန်းမောက်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်၊ လိဒ်စ်၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ ဝုဗ်၊ ဗီလာ၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ် တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ထူးခြားတာက ဒီအသင်းတွေထဲမှာ ဘုန်းမောက်၊ ဘရိုက်တန်၊ ဝုဗ်နဲ့ အက်စတွန်ဗီလာ တို့ကတော့ အသုံးစရိတ်ထက် ရရှိငွေ ပိုများနေတာ တွေ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်