အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၂၂ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ဇန်နဝါရီမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် အဒမ် ဝှာတန်၊ အဲလီယော့တ် အန်ဒါဆန်နဲ့ ကားလို့စ် ဘယ်လီဘာ့ တို့ကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
အာဆင်နယ် ကတော့ ဂျူဗင်တပ်စ် ကြယ်ပွင့် ကီနန် ယီလ်ဒစ်ဇ် အတွက် သူ့ရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ ဒီကစားသမားကို အာဆင်နယ်က ယူရို သန်း ၁၀၀ သန်း (ပေါင် ၈၇.၈ သန်း၊ ဒေါ်လာ ၁၁၅ သန်း) နဲ့ ခေါ်ယူဖို့ ဆွေးနွေးလျက် ရှိကြောင်း Football Transfers က ဖော်ပြပါတယ်။
နီကိုးလက်စ် ဂျက်ဆန် ကတော့ ပရီးမီးယားလိဂ် ချဲလ်ဆီးကို ပြန်လာဖို့ စိတ်ဝင်စားခြင်း မရှိပဲ ဘေယန်မြူးနစ် မှာပဲ ဆက်ရှိနေချင်ကြောင်း သိရပါတယ်။ ဘေယန်မြူးနစ် ကတော့ ကစားသမား အတွက် အပြီးသတ် ဝယ်ယူခွင့်ကိုတော့ အသက်သွင်းနိုင်ဖွယ် မရှိကြောင်း သိရပါတယ်။
နာပိုလီမှာ ကစားသမားဘဝ ပြန်လည် တောက်ပလာတဲ့ စကော့တ် မက်တော်မီနေး ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ စကော့တလန်သား ကိုတော့ အသင်ဟောင်း ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက ခေါ်ယူချင်နေပါတယ်။
အန်တိုနီယို ဆီမီညို အတွက် လစ်ဗာပူးလ်ရဲ့ စိတ်ဝင်စားမှု မြင့်တက်လာနေချိန်မှာ ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာ အိုလာက သူ့ အသင်း တောင်ပံကစားသမားရဲ့ အနာဂတ် အတွက် စိုးရိမ်ပူပန်ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီး ကတော့ အသက် ၁၉ နှစ်အရွယ် ဖီယင်နော့ဒ်ရဲ့ ကြယ်ပွင့် ကစားသမား ဂီဗိုင်ရို ရိဒ်ကို ဘေယန်မြူးနစ်နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ နှစ်သင်းစလုံး ကတော့ ဒတ်ချ် ကစားသမားကို ရေရှည် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူခဲ့ပေမယ့်လည်း အာဆင်နယ် ကတော့ ဒေါ့မန် တိုက်စစ်မှူး ဆာဟူး ဂူရက်ဆီကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း Fichajesက ဖော်ပြပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ စပါးရဲ့ ဦးစားပေး အစီအစဉ် ကတော့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါမနစ် ဆိုလန်ကီ အနေနဲ့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာရင်တော့ အစီအစဉ်က တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကတော့ မန်ချက်စတာယူနိုက်တက် အပါအဝင် တခြားသော ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဂျင်းန် ဖိလစ်ပ် မက်တေးတား အတွက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း The Mirror က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဘရိုင်ယန် အမ်ဘူမို၊ အာမက်ဒ် ဒီယာလိုနဲ့ မက်ဇရာဝီ တို့ကို အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဆီ နောက်ကျ စေလွှတ်ဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ၂၀၂၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ အမ်ဘူမိုက ကင်မရွန်း၊ ဒီယာလိုက အိုင်ဗရီကို့စ်နဲ့ မက်ဇရာဝီက မော်ရိုကို အသင်း ကိုယ်စားပြုတွေ အဖြစ် သွားရောက် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ စည်းမျဉ်းအရ ကစားသမားတွေကို အုပ်စု အဖွင့်ပွဲ မတိုင်ခင် နှစ်ပတ်မှာ စေလွှတ်ပေးရမှာပါ။ ဒါကြောင့် ဒီဇင်ဘာ ၈ ရက်နေ့မှာ ကစားမယ့် ဝုဗ်နဲ့ ပွဲစဉ်ကာလမှာ စေလွှတ်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


