ဇွန်လ ၁၇ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်နေကြောင်း သိရပါတယ်။ CaughtOffside ရဲ့ ဖော်ပြချက်အရတော့ အင်္ဂလန်သားရဲ့ ဦးစားပေး ကလပ်က ဘာစီလိုနာသာ ဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်နှင့် မန်ချက်စတာယူနိုက်တက် တို့ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘရာဟင်မ် ဒီးယက်ဇ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့်လည်း မော်ရိုကို လက်ရွေးစင် ကစားသမား ကတော့ လာလီဂါ ကလပ်နဲ့သာ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကတော့ ညာနောက်ခံလူ မာလို ဂူစတို အတွက် အံ့အားသင့်ဖွယ် စာချုပ် တစ်ရပ်နဲ့ ချဲလ်ဆီးထံ ဆက်သွယ်ခဲ့ကြောင်း ဆိုင်မွန် ဖီးလစ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ရိစ်ဂျိမ်းစ်ရဲ့ ယုံကြည် စိတ်ချရတဲ့ ကာဗာ ကစားသမား အဖြစ် ဂျော့ရှ် အာချင်မ်ပေါင် ပေါ်ထွက်လာမှုကြောင့် ချဲလ်ဆီးဟာ ဂူစတိုကို ရောင်းချဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ ဆောက်သမ်တန် ကွင်းလယ်လူ တိုင်လာ ဒီဘလင်းကို ခေါ်ယူလိုတဲ့ အသင်းတွေ စာရင်းမှာ ပါဝင်လာခဲ့ကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား ကိုတော့ ချဲလ်ဆီး၊ မန်ယူ၊ နယူးကာဆယ် တို့က ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး မန်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း ကမ်းလှမ်းမှုတွေ လုပ်ဖို့ စဉ်းစားနေပါတယ်။
အတ္တလန္တာ တောင်ပံ ကစားသမား ရာအူးလ် ဘယ်လာနိုဗာ ကိုတော့ အက်စတွန်ဗီလာ၊ ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စားနေကြောင်း Eleonora Trotta က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား အတွက် အတ္တလန္တာရဲ့ တောင်းဈေး ယူရို သန်း ၄၀ (ပေါင် ၃၄.၁ သန်း) ကတော့ ပရီးမီးယားလိဂ် ကလပ်တွေ အတွက် အနည်းငယ် များပြားနေကြောင်း သိရပါတယ်။

အဲလ်နာဆာ ဗဟိုနောက်ခံလူ အမ်းမရစ်ခ် လာပေါ့တ် ကတော့ ဥရောပကို ပြန်လာဖို့ ကမ်းလှမ်းမှု များစွာ လက်ခံရရှိထားပါတယ်။ မန်စီးတီး နောက်ခံလူဟောင်းကို ဘီလ်ဘာအို၊ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ မာဆေးလ်နဲ့ အင်တာမီလန် တို့က စိတ်ဝင်စားနေကြာင်း AS က ဖော်ပြပါတယ်။ အမ်းမရစ်ခ် လာပေါ့တ် ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ ကတည်းက အဲလ်နာဆာ ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။
နော့တင်ဟမ်ဖောရက်စ် ကတော့ အေစီမီလန် တောင်ပံ ကစားသမား အလက်ဆစ် ဆယ်လီမေကာစ်ကို ယူရို ၅ သန်း (ပေါင် ၄.၃ သန်း) နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း TEAMtalk က ဖော်ပြပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘယ်လ်ဂျီယံ ညာတောင်ပံ ကစားသမား ကတော့ ပြီးခဲ့တဲ့ရာသီက ရိုးမားမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ၃၁ ပွဲ ကစားရာမှာ ၇ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီးခဲ့ပါတယ်။ဆလိုဗေးနီးယား နောက်ခံလူ ဂျာကာ ဘီဂျိုလ် ကတော့ လိဒ်စ်ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Sky Sports ဆွစ်ဇာလန်က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ပထမတစ်ကြိမ် ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပြီး နယူးကာဆယ် ကလည်း ဒီအပြောင်းအရွှေ့မှာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.