ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲအစည်း (PFA)က ကျင်းပတဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွက် ဆုပေးပွဲ အခမ်းအနား ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီဆုပေးပွဲ မှာတော့ လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေဖို့ ဦးဆောင်ခဲ့တဲ့ မိုဟာမက် ဆာလာက တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဆာလာ အနေနဲ့ ဒီဆုကို တတိယ အကြိမ်မြောက် ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဦးဆုံးသော ကစားသမား အဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အီဂျစ် အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ်မှာ ၂၉ ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ မှာတော့ ဆာလာက ၅၂ ပွဲ အထိ ကစားပေးခဲ့ပြီး ၃၄ ဂိုး သွင်းကာ၊ ၂၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ဆာလာ အတွက် လစ်ဗာပူးလ်ကို ရောက်ရှိပြီးနောက် ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီနောက်ပိုင်း ဂိုးပါဝင် ပတ်သတ်မှု အများဆုံး ရာသီလည်း ဖြစ်ခဲ့တာပါ။ ဆာလာဟာ ဒီနှစ် ဆုကိုတော့ ယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ်၊ နယူးကာဆယ်က အိဆက်ခ်၊ လစ်ဗာပူးလ် အသင်းဖော် မက် အယ်လစ္စတာ၊ ချဲလ်ဆီးက ကိုးလ် ပါးလ်မားနဲ့ အာဆင်နယ်က ဒီကလန် ရိုက်စ် တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆာလာရဲ့ လစ်ဗာပူးလ် ကလည်း လက်ကျန် ၄ ပွဲ အလိုမှာ ပရီးမီးယားလိဂ် ဖလားကို စံချိန်တင် အဖြစ် အကြိမ် ၂၀ မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မိုဟာမက် ဆာလာဟာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ နဲ့ ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီတွေ မှာလည်း ဒီဆုကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆာလာဟာ ပြီးခဲ့တဲ့ လတွေတုန်းကလည်း ဘောလုံး ကလောင်ရှင်များ အဖွဲချုပ်က မဲပေး ရွေးချယ်တဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေ ကိုလည်း ရရှိခဲ့ပါသေးတယ်။

အက်စတွန်ဗီလာရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မော်ဂန် ရော်ဂျာစ်က တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရော်ဂျာစ် ကတော့ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာ အတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားကာ ၁၄ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးခဲ့ပြီး စွမ်းဆောင်ရည်ပိုင်း သိသိသာသာ တိုးတက်လာခဲ့သလို အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက်လည်း ပထမဆုံး အကြိမ် အဖြစ် ကစားခွင့်ရရှိခဲ့ပါတယ်။
တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ကိုတော့ အာဆင်နယ် အတွက် အမျိုးသမီး ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ မာရီယိုနာ ကဲလ်ဒန်တေးက ရရှိခဲ့ပါတယ်။ စပိန် ကွင်းလယ် ကစားသမား ကဲလ်ဒန်တေးဟာ အင်္ဂလန်မှာ ပွဲဦးထွက်ရာသီ အဖြစ် ကစားခဲ့ရပေမယ့် ချန်ပီယံလိဂ် သွင်းဂိုး ၈ ဂိုး အပါအဝင် ပြိုင်ပွဲစုံမှာတော့ ၁၉ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အိုလီဗီယာ စမစ် ကတော့ လစ်ဗာပူးလ်မှာ ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တာကြောင့် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။
အဲဒီနောက် PFA က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်း ကိုလည်း သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအသင်း မှာတော့ လစ်ဗာပူးလ်က ဗာဂျယ် ဗန်ဒိုက်ခ်၊ ရိုင်ယန် ဂရာဗန်ဘက်ချနဲ့ အလက်ဆစ် မက် အယ်လစ္စတာ၊ မိုဟာမက် ဆာလာ၊ ဇွန်လ ကမှ ဘုန်းမောက် ကနေ အန်ဖီးလ်ကို ပြောင်းရွှေခဲ့တဲ့ မီလော့စ် ကာကက်ဇ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ် ကစားသမား ၃ ဦး ဖြစ်တဲ့ ဝီလီယမ် ဆလီဘာ၊ ဂါဘရီရယ် မက်ဂါဟေးစ်နဲ့ ဒီကလန် ရိုက်စ်၊ နော့တင်ဟမ်ဖောရက်စ်က မာ့စ် ဆဲလ်စ်နဲ့ ခရစ်ဝုဒ်၊ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္ဒား အိဆက်ခ် တို့လည်း အသီးသီး ပါဝင်ခဲ့ကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.