ချဲလ်ဆီး ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ တန်းတက် ဆန်းဒါးလန်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ် မတိုင်ခင်မှာတော့ အသင်းရဲ့ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားဖို့ ချဲလ်ဆီး အသင်းသားတွေကို နည်းပြ မာရက်စကာ တိုက်တွန်းလိုက်ပါတယ်။
ချဲလ်ဆီးက ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရထားပြီး ၃ ပွဲဆက် အနိုင်ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ရာသီအစပိုင်းကို နှေးကွေးစွာ စတင်ခဲ့ရတဲ့ မာရက်စကာရဲ့ အသင်းက ပြိုင်ပွဲစုံမှာ ၄ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ခြေစွမ်းလည်း ပြနေပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ၄ ပွဲမှာ ဘင်ဖီကာ၊ လစ်ဗာပူးလ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ အေဂျက်စ် တို့ကို အနိုင်ရထားတာ ဖြစ်ပါတယ်။ လန်ဒန်သားတွေဟာ နောက်ဆုံး ၄ ပွဲမှာ ၁၁ ဂိုး သွင်းယူထားပြီး ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ ကြိုးစားနေချိန်မှာ သွင်းဂိုးတွေ ထပ်မံရရှိဖို့လည်း စိတ်အားထက်သန်နေပါတယ်။
ဒါကြောင့် နည်းပြ အန်ဇို မာရက်စ်ကာ အသင်းသားတွေကို လက်ရှိ ရရှိနေတဲ့ ပုံစံကောင်း တစ်ခု ဆက်ထိန်းထားဖို့ အခုလိုပဲ ပြောကြားလာခဲ့တာပါ။ “ကျွန်တော်တို့ အမြဲတမ်း အတူတူပဲ ပြောပါတယ်၊ ဒါပေမယ့် နောက်ဆုံး မှာတော့ ဒါဟာ အမှန်တရားပါပဲ။ ကျွန်တော် တို့က အမြဲတမ်း တစ်ပွဲချင်းစီ ကိုပဲ ယှဉ်ပြိုင် ကစားပါတယ်။ ဆန်းဒါးလန်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲက ခက်ခဲမယ် ဆိုတာ သိပေမယ့် ကျွန်တော်တို့ ဆက်လက် ကြိုးစားသွားဖို့ လိုအပ်ပါတယ်။ သူတို့က အရမ်းကောင်းနေပေမယ့် ပထမနေ့ ကတည်းက ရှိခဲ့တဲ့ ရည်ရွယ်ချက် အတိုင်း ပွဲကို အနိုင်ရအောင် ကြိုးစားပြီး ပွဲကို ပြင်ဆင်သွားမှာပါ။ ပြီးရင်တော့ စောင့်ကြည့်ရမှာပေါ့။” လို့ မာရက်စ်ကာက ပြောကြားသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဆန်းဒါးလန်း ကတော့ အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ်ကို ပြန်လည် ရောက်ရှိလာချိန်မှာ အားရစရာ စွမ်းဆောင်ရည်တွေကို ပြသနေပါတယ်။ အလင်းရောင်ကွင်းမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ကြောင်နက်တွေဟာ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၈ ပွဲမှာ ၄ ပွဲ နိုင်ခဲ့ပေမယ့် အဝေးကွင်း မှာတော့ ၂ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ ရီဂျစ် လီဘရစ်ရဲ့ အသင်းက လက်ရှိမှာ ရမှတ် ၁၄ မှတ် ရရှိထားပြီး ပေးဂိုး ၆ ဂိုးသာ ရှိထားသလို အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
ဆန်းဒါးလန်း နည်းပြ လီဘရစ်က “ချဲလ်ဆီးက အရမ်း အားကောင်းပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၄ သင်းထဲမှာ ပါဝင်ပါတယ်။ သူတို့က ပွဲ ၆၀ ကစားနိုင်ပြီး အရည်အချင်း ပြည့်ဝတဲ့ ကစားသမားတွေ၊ ငယ်ရွယ်ပြီး တက်ကြွတဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ စံပြတစ်ခုပါ။ သူတို့မှာ နည်းပြကောင်း ရှိပြီး ပွဲကို အနိုင်ရနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။” လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
ဒီနှစ်သင်းရဲ့ နောက်ဆုံး ၁၅ ကြိမ် တွေ့ဆုံမှုကို ပြန်ကြည့်ရင်တော့ ချဲလ်ဆီးက ၁၀ ကြိမ် အထိ အနိုင်ရခဲ့ပြီး ဆန်းဒါးလန်းက ၄ ကြိမ် အနိုင်ရပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မေလ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြန်လည် တွေ့ဆုံနေခဲ့တာ ဖြစ်ပြီးတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ချဲလ်ဆီးက ၄ ကြိမ် နိုင်ပြီး ဆန်းဒါးလန်းက ၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်က နောက်ဆုံး ၅ ကြိမ် မှာလည်း ချဲလ်ဆီးက ဆန်းဒါးလန်းကို ၄ ကြိမ် အထိ အနိုင်ရကာ ၁ ကြိမ်သာ ရှုံးနိမ့်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


