နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီနဲ့ ကောလာဟလတွေ ထွက်ပေါ်လာတဲ့ ယူနိုက်တက်၊ ကာဆာဒိုကို စိတ်ဝင်စားနေတဲ့ လန်ဒန် မြို့ခံ နှစ်သင်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ အတွက် ယူရိုသန်း ၂၀၀ (ပေါင် ၁၇၁ သန်း)နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီသတင်း ကိုတော့ Fichajes က ဖော်ပြလာတာ ဖြစ်ပြီး ဖြစ်နိုင်ချေတော့ နည်းပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ လုပ်ခလစာ အများဆုံး လိုချင်နေတဲ့ ဗင်နီးစီးယပ်စ် အတွက် ဆော်ဒီပရိုလိဂ်ရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုကို လက်ခံချင်နေပြီလို့ သိရပါတယ်။

နည်းပြ ရူဘင် အမော်ရင်ရဲ့ သဘောကျခြင်း မခံရတော့တဲ့ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကိုတော့ ယူနိုက်တက်က ရောင်းထုတ်တော့မယ်လည်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီကစားသမားကို ရောင်းထုတ်ပြီးတော့ တခြားသော ကစားသမားသစ်တွေ ပြန်လည် ဝယ်ယူဖို့ ရန်ပုံငွေ အဖြစ် အသုံးပြုချင်နေတာလည်း ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ဒီရာသီမှာ သွင်းဂိုး ၁ ဂိုး ရဖို့တောင် တော်တော်လေး ရုန်းကန်နေရပြီးတော့ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မမှန်သူလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဒီကစားသမားကို ရောင်းထုတ်ပြီးတော့ တခြားသော ကစားသမားသစ်တွေ ပြန်လည် ဝယ်ယူဖို့ ရန်ပုံငွေ အဖြစ် အသုံးပြုချင်နေတာလည်း ဖြစ်ပါတယ်။
ဟွိုက်ဂျ်လန်း နေရာမှာ ထိပ်တန်း တိုက်စစ်မှူ တစ်ဦး ခေါ်ယူ အားဖြည့်ချင်နေတဲ့ ယူနိုက်တက်

အဲဗာတန် တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗက် လီဝင်း ကိုတော့ နယူးကာဆယ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စားနေပါတယ်။ သူ့ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ ယူနိုက်တက် ကလည်း ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ အစောပိုင်း ရက်ကလည်း အဲဗာတန်မှာ တိမ်မြုပ်နေတဲ့ အင်္ဂလန်သားကို တော့တင်ဟမ်ဟော့စပါးက ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အာဆင်နယ် ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို တစ်ရာသီ ပေါင် ၁၀ သန်း တန်ကြေး ရှိတဲ့ ၅ နှစ် စာချုပ်နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ တစ်ဖက်မှာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း ဆွီဒင် ဂိုးသွင်းစက်ကို လိုချင်နေပေမယ့် အာဆင်နယ်နဲ့ အပြိုင် ခေါ်ယူဖို့ ပြင်ဆင်ထားရခြင်း မရှိသေးကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ယူရို သန်း ၅၀ (ပေါင် ၄၂.၇ သန်း) တန်ကြေး ရှိတဲ့ ဖီယင်နော့ဒ် နောက်ခံလူ ဒေးဗစ် ဟန့်ချ်ကိုကို ထပ်မံ ဆက်သွယ်မှု ပြုလုပ်ထားကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီးတော့ လာမယ့် နွေရာသီမှာ သူတို့ရဲ့ ထုံးစံ အတိုင်း ငွေသုံးကြမ်းဦးမယ့် အခြေအနေမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ကာဆာဒို ကိုတော့ လန်ဒန်မြို့ခံ ပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ ကတ်လာလန် ကလပ်မှာ အဆင်မပြေ ဖြစ်နေပြီးတော့ အခု နွေရာသီမှာ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ ကစားဖို့ ရည်ရွယ်ထားသူလည်း ဖြစ်ပါတယ်။

ရီးရဲလ်ဘက်တစ် ကွင်းလယ်လူ ဂျွန်နီ ကာဆာဒို ကတော့ ဒီနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့လိုခြင်း မရှိကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ ယူရို ၂၅ သန်း (ပေါင် ၂၁.၄ သန်း)နဲ့ စပါးက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဖရိုင်းဘက် ကွင်းလယ်လူ မာလင် ရိုဟယ်လ် ကတော့ အခု နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ်၊ လစ်ဗာပူးလ်နဲ့ နယူးကာဆယ် တို့ရဲ့ ပစ်မှတ် ကစားသမား အဖြစ် ပေါ်ထွက်လျက် ရှိကြောင်း BILD က ဖော်ပြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်