နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရလဒ်ထက် ခြေစွမ်းပိုင်းမှာ ပြောစရာတွေ အများကြီး ရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် ပွဲစဉ် | ပရီးမီးယားလိဂ်

စူပါဆန်းဒေး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု မှာတော့ အာဆင်နယ်က မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ရီကာဒို ကာလာဖီအိုရီရဲ့ တစ်လုံးသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲက အရမ်း စိတ်လှုပ်ရှားစရာ မကောင်းခဲ့ပေမယ့် နှစ်ဖက် အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ ပြောစရာတွေတော့ အများကြီး ရှိနေခဲ့ပါတယ်။

အရင်ဆုံး အိမ်ရှင် မန်ချက်စတာယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ ပြောရရင် မနှစ်ကထက် အများကြီး တိုးတက်လာတာ တွေ့ရပါတယ်။ အမော်ရင် အနေနဲ့ အသင်းကို အသေအချာ ပြန်လည် တည်ဆောက်နေတယ် ဆိုတာ ထင်သာ မြင်သာ ရှိခဲ့ပါတယ်။ မျှော်လင့်ထားသလိုပဲ အမော်ရင် အနေနဲ့ ဆက်စ်ကိုကို ပထမလူစာရင်းမှာ ပွဲမထုတ်သေးပေမယ့် မောင့်၊ ကူညာ၊ အမ်ဘူမို တို့ရဲ့ တိုက်စစ် အစုအဖွဲ့က တော်တော်လေး ရုန်းပြသွားပါတယ်။

အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် တစ်ယောက် အမှားတွေ လုပ်ခဲ့တာ ရှိပေမယ့် ကက်စ်မဲရိုးရဲ့ ပုံစံကောင်း တစ်ခုကို မြင်တွေ့ခဲ့ရသလို ယိုရို၊ ဒီလစ်ဂျ်၊ ဒါးလော့တ် တို့ရဲ့ ခံစစ် ကလည်း ဒီနေ့ပွဲမှာ တည်ငြိမ်ခဲ့တာ တွေ့ရပါတယ်။ ပေးလိုက်ရတဲ့ ဂိုးကတော့ ဘေယင်ဒါရဲ့ အမှား အနည်းငယ်ပါတယ် ဆိုပေမယ့် ပြိုင်ဘက် ကစားသမားတွေရဲ့ Set Piece ဗျူဟာအသစ်နဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။

ဒီတော့ ယူနိုက်တက် အနေနဲ့ လိုချင်တဲ့ ရလဒ် မရခဲ့ဘူး ဆိုပေမယ့် ခြေစွမ်းအရတော့ မနှစ်ကထက် အများကြီး ပိုတိုးတက်လာတာက အားရစရာပါ။ တစ်ဖက်က ပြိုင်ဘက် ကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်မယ့် အသင်း သုံးသင်းထဲက တစ်သင်း ဖြစ်နေတာကြောင့် ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ စိတ်ပျက်စရာလိုမယ် မထင်ပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရမှာက လာမယ့် ပွဲစဉ် ၂ ပွဲ ဖြစ်ပါတယ်။ ဖူလ်ဟမ်၊ ဘန်လေ တို့နဲ့ တွေ့ဆုံရမှာ ဖြစ်ပြီး ဒီပွဲတွေမှာ Solid ၆ မှတ် ရယူနိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ ၂ ပွဲ ပြီးရင် ယူနိုက်တက်က မြို့ခံ ပြိုင်ဘက် မန်စီးတီး၊ ချဲလ်ဆီး တို့နဲ့ ခက်ခဲ ကြပ်တည်းတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်တိုက် ကစားရတော့မှာ ဖြစ်လို့ပါ။

အာဆင်နယ်နဲ့ ပတ်သတ် ပြီးတော့က ပြောစရာတွေ အများကြီး ရှိနေပါတယ်။ အရင်ဆုံး ပရိသတ် တစ်ဦး အနေနဲ့ ဝင်ခံစားမယ် ဆိုရင် ဒီပွဲမှာ မီခဲလ် အာတေးတားရဲ့ အသင်း ခြေစွမ်းက တော်တော်လေးကို စုတ်ပြတ်သတ်နေခဲ့တာပါ။ အိုးထရက်ဖို့ဒ် ရောက်တိုင်း ရှိန်နေတတ်တဲ့ အာဆင်နယ် ကစားသမားတွေ ဒီပွဲမှာလည်း အလွဲလွဲအချော်ချော် ဖြစ်ခဲ့ပြီး အစောပိုင်းမှာ ဆိုရင် ခံစစ်ပိုင်းက တော်တော်လေးကို Shaky ဖြစ်နေခဲ့တာ တွေ့ရပါတယ်။ ဂါဘရီရယ် အနေနဲ့ ပွဲဝေးခဲ့တာကြောင့် ဆလီဘာကပဲ ဦးဆောင်ခဲ့ရပြီး ရာယာနဲ့ တွဲဖက် ကစားချိန်မှာ အမှားတချို့ လုပ်မိခဲ့တာ တွေ့ရပါတယ်။

ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် ရလဒ်ကောင်းခဲ့တဲ့ အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲကြပ်တွေ ဆက်တိုက် ကစားကြရမယ့် ယူနိုက်တက်နဲ့ အာဆင်နယ်

ကွင်းလယ် မှာတော့ မာတင် ဇူဘီမန်ဒီ တစ်ယောက်ပဲ ပုံမှန် ခြေစွမ်းပြသနိုင်ခဲ့သလို ပွဲတိုင်းလိုလို တက်တက်ကြွကြွနဲ့ ခြေစွမ်းပြလေ့ ရှိတဲ့ ဒီကလန် ရိုက်စ် ဆိုရင် ပုံမှန် ခြေစွမ်းအောက်ကို ရောက်ရှိနေခဲ့ပါတယ်။ အိုဒီဂတ် ကတော့ ကျွန်တော် မြင်ရသလောက် အရင်လို မဟုတ်တော့တာ ပွဲတော်တော် စိပ်လာပါတယ်။ Off the Ball မှာ ကောင်းပေမယ့် On the Ball တွေ မှာတော့ အိုဒီဂတ်ရဲ့ ကစားပုံက စိတ်ပျက်စရာပါ။ ဆာကာ ကလည်း ပြိုင်ဘက် နောက်တန်းရဲ့ လူနှစ်ထပ် ကာထားတဲ့ အခြေအနေကြောင့် လှုပ်မရခဲ့သလို မာတင်နယ်လီ ကလည်း သူ့ရဲ့ ထုံးစံ အတိုင်း အခိုက်အတန့် တချို့မှာ အမှားတွေ လုပ်နေဆဲပါပဲ။

နောက်ထပ် ပြောစရာ ရှိတာက တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ပါ။ ဖာဒီနန် ပြောသလို ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ အနည်းဆုံး ၅ ပွဲလောက်တော့ အချိန်ယူရဦးမှာ မှန်ပေမယ့် ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ကြောက်ခမန်းလိလိ ဂိုးတွေ သွင်းလာတဲ့ တိုက်စစ်မှူး တစ်ယောက် အနေနဲ့ ဂိုးရှေ့ ရောက်ချိန်မှာ အလွဲလွဲအချော်ချော် ဖြစ်နေတာက မဖြစ်သင့်ပါဘူး။ Stats တွေ အရလည်း မကောင်းခဲ့တဲ့ ယိုကီးရက်စ် အတွက် အာတေးတား အနေနဲ့ အဖြေရှာနိုင်ဖို့ လိုအပ်ပါပြီ။ အဓိက ကတော့ ဂိုးသွင်း အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူးဆီကို ဘောလုံး ရောက်အောင် ပို့နိုင်မှ အဲဒီ တိုက်စစ်မှူးက ဂိုးရအောင် ယူပေးနိုင်မှာပါ။ အခုကြည့်ရတာ အာတေးတား အနေနဲ့ ကိုင်ဟာဗက်ဇ်ကို စသုံးတုန်းကနဲ့ ဆင်တူနေပါတယ်။

အဆိုးထဲက အကောင်းဆိုရင်တော့ အာဆင်နယ်ဟာ အရင် ရာသီတွေကထက် ရင့်ကျက်လာပြီးတော့ နိုင်ပွဲ တစ်ပွဲကို ဘယ်လို ယူရမလဲ ဆိုတာ ပိုပိုပြီး နားလည်လာတာ တွေ့ရပါတယ်။ နောက်တစ်ချက်က အာဆင်နယ်ဟာ ယူနိုက်တက်ကို အနိုင်ရခဲ့တာကြောင့် Big Six ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းတဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဂန်းနား တို့ဟာ ပရီးမီးယားလိဂ်မှာ Big Six ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး ၂၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ Fluid ဖြစ်ဖြစ် ကစား၊ ဖျော်ဖြေမှု ရသပေး၊ ဂိုးတွေလည်း အများကြီး သွင်းပြီး နိုင်ပွဲ ရတာမျိုး လိုချင်ကြတာ မှန်ပေမယ့် ဘယ်လို နည်းနဲ့ ကစားကစား အမှတ်ပြည့်ရပြီး ချန်ပီယံဆု ဆီကို သွားနိုင်ဖို့က ပိုပြီး အရေးကြီးတာ မဟုတ်လား။ ပရီးမီးယားလိဂ် ဆိုတာ ၃၈ ပွဲ ကစားရတာ ဖြစ်လို့ ရေရှည်သွားရတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒီတော့ မော်ရင်ဟိုတို့ ဖာဂူဆန် တို့ရဲ့ ပြောစကားတွေက အလကားမှ မဟုတ်ဘူး ဆိုတာ အာဆင်နယ် ပရိသတ်တွေ နားလည်ဖို့ လိုအပ်ပါတယ်။ အာဆင်နယ် အနေနဲ့ လိဒ်စ်နဲ့ ပြီးရင် တောက်လျောက် ပွဲကြပ်တွေ ကစားရဦးမှာပါ။ တစ်ဖက်က တွေးကြည့်ရင်တော့ ဦးဆောင်ဂိုး ရပြီးတဲ့နောက် ကစားအားချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ လာမယ့် ပွဲတွေ အတွက် ကစားအား ချွေတာလိုက်သလား ဆိုတာ ကတော့ မီခဲလ် အာတေးတားတို့ အုပ်စုပဲ သိပါလိမ့်မယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်