မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေ ကတော့ အသင်းက ရလဒ်တွေ ဆိုးရွားနေပေမယ့် နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကိုတော့ လက်ကျန် ရာသီ တစ်ခုလုံး အချိန်ပေးသွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ဒါ့အပြင် ယူနိုက်တက်က အမော်ရင် လက်ထက်မှာ ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားထားပြီး ၁၉ ပွဲနိုင်၊ ၉ ပွဲသရေ၊ ၂၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ ယူနိုက်တက်ဟာ ပေါ်တူဂီသား နည်းပြ လက်အောက်မှာ ပရီးမီးယားလိဂ်မှာ တစ်ပွဲ တစ်မှတ်နှုန်းလောက်သာ (၃၃ ပွဲ၊ ၃၄ မှတ်) ရရှိထားတဲ့ အထိ အခြေအနေက တော်တော်လေးကို ဆိုးရွားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အမော်ရင် လက်ထက်မှာ ၂ ပွဲဆက် အနိုင်ရဖူးခြင်း မရှိသေးပါဘူး။ ဒါကြောင့်လည်း အမော်ရင်က လက်တလော ပရီးမီးယားလိဂ်မှာ ရာထူး ကနေ နောက်ထပ် ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်လာကြောင်း သိရပါတယ်။
ဒါ့အပြင် အသင်းနဲ့ ကိုက်ညီခြင်း မရှိတဲ့ ကစားပုံကို ခေါင်းမာစွာနဲ့ ဆက်လက် သုံးစွဲနေဆဲ ဖြစ်တာကြောင့် ဝေဖန် ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ယူနိုက်တက် ပရိသတ် အများစု ကလည်း နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ လိုလားနေကြကြောင်း သိရပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်း နည်းပြ ဂရေဟမ် ပေါ်တာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရူဘင် အမော်ရင်က ပရီးမီးယားလိဂ် ကနေ နောက်ထပ် ထုတ်ပယ်ခံရမယ့် နည်းပြ အဖြစ် ရေပန်းအစားဆုံး ဖြစ်နေတာပါ။
တစ်ဖက်မှာလည်း ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေက နည်းပြ အမော်ရင်ကို ထောက်ခံနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဗြိတိန်က လာတဲ့ သတင်းတွေအရ ဆိုရင် ယူနိုက်တက်ရဲ့ အားကစားရေးရာ အပိုင်းကို အပြည့်အဝ ထိန်းချုပ်ခွင့်ရထားတဲ့ ရက်ကလစ်ဖ်က အမော်ရင်ကို လက်ကျန်ရာသီ တစ်ခုလုံး အချိန်ပေးသွားဖို့ ရှိနေတယ်လို့တောင် သိရပါတယ်။

တချို့ သတင်းတွေမှာလည်း ယူနိုက်တက်ဟာ အမော်ရင် နေရာမှာ အစားထိုးဖို့ နည်းပြ ရှာဖွေနေပြီ ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဂါရက်သ် ဆောက်ဂိတ်၊ ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာ၊ ဘရိုက်တန် နည်းပြ ဖေဘီယန် ဟက်ဇီလာ၊ ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာအိုလာ တို့ကို လျာထားစာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။
ကံယာကံရှင် ဖြစ်တဲ့ အမော်ရင် ကတော့ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ သူ့ရဲ့ နည်းပြ ရာထူး အတွက် ပူပန်ခြင်း မရှိကြောင်း ပြောကြားထားပါတယ်။ အမော်ရင်က “ကျွန်တော့် အလုပ် အတွက် ဘယ်တော့မှ စိတ်မပူပါဘူး။ ကျွန်တော်က ဒီလိုလူ မဟုတ်ပါဘူး။” လို့ ပခုံးတွန့်ကာ Match of the Day ကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက် “ဒါဟာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ကျွန်တော် ဒီမှာ ရှိနေတဲ့ မိနစ်တိုင်း အတွက် အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပါမယ်။” လို့ ပြောကြားထားပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် တစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၇ အဖြစ် ဆန်းဒါးလန်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ လစ်ဗာပူးလ်၊ ဘရိုက်တန်၊ နော့တင်ဟမ်ဖောရက်စ်၊ စပါး တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.