မန်ချက်စတာစီးတီး – လိဒ်စ်ယူနိုက်တက်
စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာတော့ မန်ချက်စတာစီးတီးက လိဒ်စ်ယူနိုက်တက်ကို အက်တီဟတ်မှာ ဧည့်ခံ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။ လက်တလောမှာ ရှုံးပွဲဆက်နေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး အားလုံး မျှော်လင့်ထားသလို မန်စီးတီးတို့ လွယ်ကူတဲ့ နိုင်ပွဲ ရှာဖွေသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ကို ရှုံးပြီး ချန်ပီယံလိဂ် မှာလည်း လေဗာကူဆင်ကို အိမ်ကွင်းမှာ ၀-၂ နဲ့ ထပ်ရှုံးခဲ့ပါတယ်။ ဒီရှုံးပွဲတွေ အတွက် နည်းပြ ပပ် ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းနဲ့ လူထုတ်ပုံ အမှားအယွင်းတွေ ခေါင်းမာမှုတွေက တာဝန်ရှိခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ အာဆင်နယ်နဲ့ ၇ မှတ် ပြတ်သွားပြီး အခုတော့ အမှီပြန်လိုက်ဖို့ ကြိုးစားရတော့မှာပါ။ ဒီအချိန်မှာ လိဒ်စ်လို ရုန်းကန်နေရတဲ့ အသင်းနဲ့ တွေ့တာ မန်စီးတီး အတွက် မဟာ အခွင့်အရေးလို့တောင် ပြောလို့ ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီတစ်ပတ်မှာ ဇယားထိပ်က အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ထိပ်တိုက် တွေ့ဆုံနေလို့ ဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားပြီး နည်းပြ ဒန်နီရယ် ဖာကီရဲ့ နည်းပြ ထိုင်ခုံလည်း လှုပ်နေပါပြီ။ လက်ရှိမှာ လိဒ်စ်က ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်ရှိနေပေမယ့် အဆင့် ၁၅ နေရာက ဖူလ်ဟမ်နဲ့ ၃ မှတ်ပဲ ကွာဟနေလို့ အရမ်းကြီး အခြေအနေမဆိုးခင်မှာ ရလဒ်ကောင်းတွေ ပြန်လည် ရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း လိဒ်စ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၅ ပွဲ အထိ ရှုံးနိမ့်ထားလို့ အားရစရာ မရှိပါဘူး။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ မန်ချက်စတာစီးတီး ဘက်က ကိုဗာချစ်နဲ့ ရိုဒရီတို့ လွဲချော်ကြမှာပါ။

လိဒ်စ်ယူနိုက်တက် ဘက်မှာတော့ စတက်ချ်နဲ့ ဆဘက်ရှန် ဘွန်နူဝီ တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဘာနာဒို၊ ဂွန်ဇာလက်ဇ်၊ ချာကီ၊ ဖိုဒန်၊ ဒိုကု၊ ဟာလန်း
လိဒ်စ်ယူနိုက်တက် – ပါရီ၊ ဘိုဂဲလ်၊ ရွန်ဒွန်၊ စထျောက်ခ်၊ ဂတ်မန်ဆန်၊ ဂရူအက်ဗ်၊ အမ်ပါဒူ၊ တာနာကာ၊ ဂျိမ်းစ်၊ အန်မီချာ၊ ဂျီနွန်တို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပြိုင်ပွဲစုံ ၇ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၅ ကြိမ်နိုင်၊ သရေ ၁ ကြိမ်ကျပြီး လိဒ်စ်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ မန်စီးတီးက လိဒ်စ်ကို နောက်ဆုံး ၄ ကြိမ်ဆက် အနိုင်ရထားပါတယ်။ အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ကြိမ် မှာတော့ မန်စီးတီးက ၃ ကြိမ်နိုင်ကာ လိဒ်စ်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ အဲဒီ အထဲမှာ မန်စီးတီးက ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲတောင် ပါပါသေးတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၂၂ ဆ ရမှာ ဖြစ်ပြီး လိဒ်စ်ယူနိုက်တက် နိုင်ရင်တော့ ၉.၀၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၅.၆၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ မန်စီးတီး ဘက် ၂ လုံး သွင်းရင်တောင် ပြန်ခွာကြေးမျိုး အထိ ဖွင့်ပေးထားပြီး ဂိုးပေါင်းကြေး ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ပြီးခဲ့တဲ့ ရှုံးနိမ့်မှုတွေက ပပ် ဂွါဒီယိုလာရဲ့ အသင်းကို ပေါက်ကွဲအား ပြင်းပြင်းနဲ့ မြင်တွေ့ရဖို့ အကြောင်းဖန်လာစေနိုင်ပါတယ်။ ဂိုးမပေးရတဲ့ ပွဲမရှိတဲ့ လိဒ်စ် အတွက်တော့ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဦးဆောင်သူ အာဆင်နယ်ကို အမှီလိုက်ဖို့ ကြိုးစားနေတဲ့ စီတီဇင်တို့ အတွက် အနည်းဆုံး နှစ်ဂိုးအသာလောက်နဲ့ အနိုင်ရဖို့ သေချာနေတဲ့ ပွဲစဉ်လို့ပဲ သတ်မှတ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၃-၀ လိဒ်စ်ယူနိုက်တက်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


